Skip to main content
Ads Block

လက္နက္ကိုင္အဖြဲ႔ေရာက္ရွိလာမည့္ သတင္းေၾကာင့္ ပဲခူးတိုင္းအေရွ႕ပိုင္းတစ္ျခမ္းလံုးကို ပိတ္ဆို႔ဖမ္းဆီးရာ Without ယာဥ္ (၅) စီးကိုေတြ႔ရွိ

လက္နက္ကိုင္အဖြဲ႔မ်ားေရာက္ရွိလာမည္ဆိုသည့္သတင္းေၾကာင့္ ပူးေပါင္းတပ္ဖြဲ႔၀င္မ်ားက ပဲခူးတိုင္းေဒသႀကီး၊ အေရွ႕ပိုင္းတစ္ျခမ္းလံုးကို ပိတ္ဆို႔ဖမ္းဆီးရာ လိုင္စင္မဲ့ ယာဥ္ (၅) စီးကိုေတြ႔ရွိဖမ္းဆီးရမိေၾကာင္း သတင္းရရွိသည္။
ယမန္ေန႔ (ေဖေဖာ္၀ါရီလ ၇ ရက္) က တရားမ၀င္ျဖတ္သန္းလာေသာယာဥ္ (၅) စီးသည္ ပဲခူးတိုင္းအတြင္းသို႔ ၀င္ေရာက္လာမည္ဟုသတင္းေပးပို႔ခ်က္ေၾကာင့္ ပူးေပါင္းတပ္ဖြဲ႔၀င္မ်ားက ည ၈ နာရီခြဲခန္႔တြင္ဘုရားႀကီးတိုးဂိတ္သို႔သြားေရာက္ပိတ္ဆို႔ၾကရာ ယာဥ္ (၂) စီးကိုဖမ္းဆီးရမိခဲ့ၿပီး အျခားယာဥ္ (၃) စီးကို ေ၀ါၿမိဳ႕နယ္၊ မိုးယြန္းႀကီးအင္းေဘး၊ စိုင္တီအုပ္စုအပိုင္ လယ္တဲအိမ္ႏွစ္လံုးအၾကားကိုင္းေတာထဲ၌ ည ၁၀ နာရီခန္႔တြင္ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
“သတင္းေပးခ်က္ေၾကာင့္သြားေရာက္ဖမ္းဆီးခဲ့တဲ့အခါမွာ ဘုရားႀကီးတိုးဂိတ္မွာယာဥ္ (၂) စီးကို ည ၈ နာရီအခ်ိန္ေလာက္မွာ မိတယ္။ၿပီးေတာ့ ေနာက္ထပ္ယာဥ္ ၃ စီးကဘုရားႀကီးၿမိဳ႕အတြင္းထဲကို ၀င္သြားတဲ့အတြက္ ပိတ္ဆို႔ၿပီးရွာေဖြတဲ့အခါမွာ ေ၀ါၿမိဳ႕နယ္အပိုင္၊ အင္းတိုင္စုေက်းရြာက လယ္ကိုင္းေတာထဲမွာ ေနာက္ထပ္ယာဥ္ (၃) စီးကိုေတြ႔တယ္။ဒါေပမဲ့ လူေတြတစ္ေယာက္မရွိေတာ့ဘူး။အခုအဲဒီလူေတြကို ပဲခူးတုိင္းအေရွ႕ပုိင္းတစ္ျခမ္းလံုးကို ပိတ္ဆို႔ၿပီး ရွာေဖြေနတယ္” ဟု အခင္းျဖစ္ေနရာ၌ရွိေသာ အမည္မေဖာ္လိုသူတစ္ဦးက အကုန္သတင္းဌာနသို႔ ေျပာသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ထြက္ေျပးတရားခံမ်ားကို အျမန္ဆံုးဖမ္းဆီးရမိေရးအတြက္ ေ၀ါၿမိဳ႕နယ္မွဴးအပါအ၀င္ ပူးေပါင္းရဲတပ္ဖြဲ႔၀င္မ်ားက ပဲခူးတိုင္းအေရွ႕ပိုင္းတစ္ျခမ္းလံုးကို ပိတ္ဆို႔ကာစံုစမ္းရွာေဖြလ်က္ရွိေၾကာင္း သတင္းရရွိသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

 

Unicode version

လက်နက်ကိုင်အဖွဲ့ရောက်ရှိလာမည့် သတင်းကြောင့် ပဲခူးတိုင်းအရှေ့ပိုင်းတစ်ခြမ်းလုံးကို ပိတ်ဆို့ဖမ်းဆီးရာ Without ယာဉ် (၅) စီးကိုတွေ့ရှိ

လက်နက်ကိုင်အဖွဲ့များရောက်ရှိလာမည်ဆိုသည့်သတင်းကြောင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ပဲခူးတိုင်းဒေသကြီး၊ အရှေ့ပိုင်းတစ်ခြမ်းလုံးကို ပိတ်ဆို့ဖမ်းဆီးရာ လိုင်စင်မဲ့ ယာဉ် (၅) စီးကိုတွေ့ရှိဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဖေဖော်ဝါရီလ ၇ ရက်) က တရားမဝင်ဖြတ်သန်းလာသောယာဉ် (၅) စီးသည် ပဲခူးတိုင်းအတွင်းသို့ ဝင်ရောက်လာမည်ဟုသတင်းပေးပို့ချက်ကြောင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ည ၈ နာရီခွဲခန့်တွင်ဘုရားကြီးတိုးဂိတ်သို့သွားရောက်ပိတ်ဆို့ကြရာ ယာဉ် (၂) စီးကိုဖမ်းဆီးရမိခဲ့ပြီး အခြားယာဉ် (၃) စီးကို ဝေါမြို့နယ်၊ မိုးယွန်းကြီးအင်းဘေး၊ စိုင်တီအုပ်စုအပိုင် လယ်တဲအိမ်နှစ်လုံးအကြားကိုင်းတောထဲ၌ ည ၁၀ နာရီခန့်တွင်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“သတင်းပေးချက်ကြောင့်သွားရောက်ဖမ်းဆီးခဲ့တဲ့အခါမှာ ဘုရားကြီးတိုးဂိတ်မှာယာဉ် (၂) စီးကို ည ၈ နာရီအချိန်လောက်မှာ မိတယ်။ပြီးတော့ နောက်ထပ်ယာဉ် ၃ စီးကဘုရားကြီးမြို့အတွင်းထဲကို ဝင်သွားတဲ့အတွက် ပိတ်ဆို့ပြီးရှာဖွေတဲ့အခါမှာ ဝေါမြို့နယ်အပိုင်၊ အင်းတိုင်စုကျေးရွာက လယ်ကိုင်းတောထဲမှာ နောက်ထပ်ယာဉ် (၃) စီးကိုတွေ့တယ်။ဒါပေမဲ့ လူတွေတစ်ယောက်မရှိတော့ဘူး။အခုအဲဒီလူတွေကို ပဲခူးတိုင်းအရှေ့ပိုင်းတစ်ခြမ်းလုံးကို ပိတ်ဆို့ပြီး ရှာဖွေနေတယ်” ဟု အခင်းဖြစ်နေရာ၌ရှိသော အမည်မဖော်လိုသူတစ်ဦးက အကုန်သတင်းဌာနသို့ ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထွက်ပြေးတရားခံများကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဝေါမြို့နယ်မှူးအပါအဝင် ပူးပေါင်းရဲတပ်ဖွဲ့ဝင်များက ပဲခူးတိုင်းအရှေ့ပိုင်းတစ်ခြမ်းလုံးကို ပိတ်ဆို့ကာစုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။