Skip to main content
သီခ်င္းေတြ အမ်ားႀကီးျပန္ဆိုခ်င္ေသးသည့္အတြက္ ယံုၾကည့္ေပးၾကပါဟု ပရိသတ္အား အဆိုေတာ္ အစၥဏီေျပာ
Ads Block

သီခ်င္းေတြ အမ်ားႀကီးျပန္ဆိုခ်င္ေသးသည့္အတြက္ ယံုၾကည့္ေပးၾကပါဟု ပရိသတ္အား အဆိုေတာ္ အစၥဏီေျပာ

မုဒိန္းမႈအပါအ၀င္ ပုဒ္မသံုးခုျဖင့္ တရားစြဲဆို ခံေနရေသာ အဆိုေတာ္ အစၥဏီက ၎ကို ယံုၾကည္ေပးရန္ႏွင့္ သီခ်င္းမ်ားလည္း ျပန္ဆိုခ်င္ေသးေၾကာင္း ေဖေဖၚ၀ါရီ ၇ ရက္  ရုံးထုတ္ စစ္ေဆးမႈအၿပီးတြင္ မီဒီယာမ်ားကို ေျပာသည္။
တာေမြၿမိဳ႕နယ္ တရားရုံးတြင္ (၂၃) ႀကိမ္ေျမာက္ ရုံးထုတ္စစ္ေဆးခဲ့ျခင္းျဖစ္ၿပီး တရားရုံးမွ အထြက္တြင္ အထက္ပါအတိုင္း ေျပာ ၾကားခဲ့ျခင္း ျဖစ္သည္။

 

သီခ်င္းေတြ အမ်ားႀကီးျပန္ဆိုခ်င္ေသးသည့္အတြက္ ယံုၾကည့္ေပးၾကပါဟု ပရိသတ္အား အဆိုေတာ္ အစၥဏီေျပာ


 

“ဒီေန႔လည္း အမႈကို မစစ္ေဆးႏုိင္ဘူးေလ၊ တိုင္းရုံးက အမႈတြဲက ျပန္မက်ေသးတဲ့အတြက္ပါ၊ ပရိတ္သတ္ကို ေျပာခ်င္ပါတယ္၊ ကၽြန္ေတာ့္ကို ယံုၾကည္ေပးပါ၊ အရင္လို သီခ်င္းေတြ အမ်ားႀကီး ျပန္ဆိုခ်င္ပါေသးတယ္”ဟု အစၥဏီက ေျပာသည္။
ယေန႔ ရုံးခ်ိန္းတြင္ ၄င္း၏ ေရွ႕ေန ဦးေက်ာ္ဇင္ဦးက အမႈမွာ ဆယ္လၾကာျမွင့္ေနၿပီေသာ္လည္း နစ္နာမႈအတြက္ မွတ္ခ်က္ေပး ေျပာ ၾကားလိုျခင္း မရွိေၾကာင္း ေျပာသည္။
“ဒါကေတာ့ တရားရုံးေတြရဲ႕ အာမခံ ေပးလို႔မရတဲ့ အေပၚမွာမွ တရားရုံးက လုပ္ရတာ ဆိုေတာ့ ဘာမွ မွတ္ခ်က္ေပး ေျပာ ၾကားလိုျခင္းေတာ့ မရွိပါဘူး၊ ကၽြန္ေတာ္တို႔ကလည္း ဥပေဒပညာရွင္ေတြ ဆိုေတာ့ တရားရုံးကလည္း ဥပေဒနဲ႔အညီ ေဆာင္ ရြက္ေနတာဆိုေတာ့ ဥပေဒနဲ႔အညီ ျဖစ္မယ္လို႔ ယံုၾကည္တဲ့အတြက္ တစ္စံုတစ္ရာေတာ့ မွတ္ခ်က္ေပးဖို႔မရွိပါဘူး”ဟု တရား လႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ဇင္ဦးက ေျပာသည္။

 

သီခ်င္းေတြ အမ်ားႀကီးျပန္ဆိုခ်င္ေသးသည့္အတြက္ ယံုၾကည့္ေပးၾကပါဟု ပရိသတ္အား အဆိုေတာ္ အစၥဏီေျပာ

 

တရားလိုဘက္က တိုင္းတရားလႊတ္ေတာ္ကို တက္ထားသည့္အတိုင္း ဥပေဒႏွင့္အညီ ေလွ်ာက္လြဲ ထုေခ်သြားမည္ျဖစ္ေၾကာင္း လည္း ၎က ေျပာၾကားခဲ့သည္။
အဆိုေတာ္ အစၥဏီ(ခ) ဟန္ထူးေဇာ္သည္ ေမာ္ဒယ္ စူးရွထက္(ခ) ဇာျခည္ေဌးက အဓမၼျပဳက်င့္သည္ဟုဆိုကာ တာေမြၿမိဳ႕နယ္ တရားရုံးတြင္ တရားစြဲဆိုထားျခင္းေၾကာင့္ မုဒိန္းမႈ ဥပေဒပုဒ္မ (၃၇၆) အပါအ၀င္ အျခားပုဒ္မ ႏွစ္ခုျဖင့္ တရားရင္ ဆိုင္ေနရျခင္း ျဖစ္သည္။
- ထက္ေ၀လင္း (အကုန္သိ သတင္းဌာန) 

 

Unicode version

သီချင်းတွေ အများကြီးပြန်ဆိုချင်သေးသည့်အတွက် ယုံကြည့်ပေးကြပါဟု ပရိသတ်အား အဆိုတော် အစ္စဏီပြော

မုဒိန်းမှုအပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံနေရသော အဆိုတော် အစ္စဏီက ၎င်းကို ယုံကြည်ပေးရန်နှင့် သီချင်းများလည်း ပြန်ဆိုချင်သေးကြောင်း ဖေဖေါ်ဝါရီ ၇ ရက်  ရုံးထုတ် စစ်ဆေးမှုအပြီးတွင် မီဒီယာများကို ပြောသည်။
တာမွေမြို့နယ် တရားရုံးတွင် (၂၃) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားရုံးမှ အထွက်တွင် အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့လည်း အမှုကို မစစ်ဆေးနိုင်ဘူးလေ၊ တိုင်းရုံးက အမှုတွဲက ပြန်မကျသေးတဲ့အတွက်ပါ၊ ပရိတ်သတ်ကို ပြောချင်ပါတယ်၊ ကျွန်တော့်ကို ယုံကြည်ပေးပါ၊ အရင်လို သီချင်းတွေ အများကြီး ပြန်ဆိုချင်ပါသေးတယ်”ဟု အစ္စဏီက ပြောသည်။
ယနေ့ ရုံးချိန်းတွင် ၎င်း၏ ရှေ့နေ ဦးကျော်ဇင်ဦးက အမှုမှာ ဆယ်လကြာမြှင့်နေပြီသော်လည်း နစ်နာမှုအတွက် မှတ်ချက်ပေး ပြော ကြားလိုခြင်း မရှိကြောင်း ပြောသည်။
“ဒါကတော့ တရားရုံးတွေရဲ့ အာမခံ ပေးလို့မရတဲ့ အပေါ်မှာမှ တရားရုံးက လုပ်ရတာ ဆိုတော့ ဘာမှ မှတ်ချက်ပေး ပြော ကြားလိုခြင်းတော့ မရှိပါဘူး၊ ကျွန်တော်တို့ကလည်း ဥပဒေပညာရှင်တွေ ဆိုတော့ တရားရုံးကလည်း ဥပဒေနဲ့အညီ ဆောင် ရွက်နေတာဆိုတော့ ဥပဒေနဲ့အညီ ဖြစ်မယ်လို့ ယုံကြည်တဲ့အတွက် တစ်စုံတစ်ရာတော့ မှတ်ချက်ပေးဖို့မရှိပါဘူး”ဟု တရား လွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ပြောသည်။
တရားလိုဘက်က တိုင်းတရားလွှတ်တော်ကို တက်ထားသည့်အတိုင်း ဥပဒေနှင့်အညီ လျှောက်လွဲ ထုချေသွားမည်ဖြစ်ကြောင်း လည်း ၎င်းက ပြောကြားခဲ့သည်။
အဆိုတော် အစ္စဏီ(ခ) ဟန်ထူးဇော်သည် မော်ဒယ် စူးရှထက်(ခ) ဇာခြည်ဌေးက အဓမ္မပြုကျင့်သည်ဟုဆိုကာ တာမွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းကြောင့် မုဒိန်းမှု ဥပဒေပုဒ်မ (၃၇၆) အပါအဝင် အခြားပုဒ်မ နှစ်ခုဖြင့် တရားရင် ဆိုင်နေရခြင်း ဖြစ်သည်။
- ထက်ဝေလင်း (အကုန်သိ သတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။