Skip to main content
ဗဟိုဘဏ္အေနျဖင့္ ၂၀၁၈ ခုႏွစ္အတြင္း ေဒၚလာေရာင္း၀ယ္ရာမွ အျမတ္ေငြ ဘီလ်ံႏွင့္ခ်ီရရွိခဲ့ဟု ဆို 
Ads Block

ဗဟိုဘဏ္အေနျဖင့္ ၂၀၁၈ ခုႏွစ္အတြင္း ေဒၚလာေရာင္း၀ယ္ရာမွ အျမတ္ေငြ ဘီလ်ံႏွင့္ခ်ီရရွိခဲ့ဟု ဆို 

ႏိုင္ငံေတာ္ဗဟိုဘဏ္မွ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္အတြင္း အေမရိကန္ေဒၚလာအေရာင္းအဝယ္ျပဳလုပ္ျခင္းမွ အျမတ္ေငြ ဘီလ်ံႏွင့္ခ်ီ၍ရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ဒုတိယဥကၠ႒ (၃) ဦးဘိုဘိုငယ္က ေျပာလုိက္သည္။
ရန္ကုန္ၿမိဳ႕ရွိ ဗဟိုဘဏ္တြင္ ဇန္နဝါရီလ (၆) ရက္ကက်င္းပေသာ သတင္းစာ႐ွင္းလင္းပြဲတြင္ ယခုကဲ့သို႔ ေျပာခဲ့ျခင္း ျဖစ္သည္။ 
“ ေဝဖန္မႈေတြျဖစ္ခဲ့တာလည္း ၾကားခဲ့ပါတယ္။ ဒီကိစၥကိုလည္းေျပာခ်င္ပါတယ္။ ဗဟိုဘဏ္က မေန႔ကညေနက အပိတ္ေစ်းနဲ႔ ခ်ိန္ၿပီးဝယ္ရတာျဖစ္တဲ့အတြက္ တစ္ခါတစ္ေလေစ်းနည္းနည္းပိုသြားတာၾကံဳရပါတယ္။ ဒါေပမယ့္ တစ္ႏွစ္လံုးအတိုင္းအတာနဲ႔ဆိုရင္ မရံႈးတဲ့အျပင္ ဘီလီနဲ႔ခ်ီျမတ္ခဲ့တယ္။ ကၽြန္ေတာ္ေမးခ်င္တဲ့အခ်က္က မနက္ (၉) နာရီအေရာင္းအဝယ္လုပ္တဲ့အခ်ိန္မွာ ညေန ၂ နာရီ၊ ၃ နာရီမွာဘယ္ေစ်းျဖစ္မလဲဆိုတာ သိတဲ့သူပါရင္ ေျပာပါ။ အဲဒီေလာက္ေတာ္ေနရင္လည္း ဘာအလုပ္မွလုပ္စရာမလိုေတာ့ဘူး။ ဗဟိုဘဏ္က အေရာင္းအဝယ္ လုပ္ထားတဲ့စာရင္းအတိအက်ကို အမတ္ေတြကို ေပးထားလိုက္ၿပီးပါၿပီ။ အဂတိလိုက္စားမႈ႐ွိတယ္လို႔ ယူဆရင္လည္း အခ်ိန္မေရြးေျပာလို႔ရတယ္။ ဗဟိုဘဏ္မွာအေျဖရွိၿပီးသား။ အားလံုးေျဖရွင္းႏိုင္ပါတယ္” ဟု ဗဟိုဘဏ္ ဒုတိယဥကၠ႒ (၃) ဦးဘိုဘိုငယ္က ေျပာသည္။
ဗဟိုဘဏ္အေနျဖင့္ ေဒၚလာအေရာင္းအဝယ္ျပဳလုပ္ခဲ့ျခင္းမွ အျမတ္ေငြဘီလ်ံႏွင့္ခ်ီရရွိခဲ့ျခင္းသည္ မည္သူကိုေရာင္းသည္၊ မည္သူ႔ထံမွ ဝယ္ယူသည္၊ ပမာဏမည္မွ်ျဖစ္ေၾကာင္း အတိအက်ကိုမူ ထုတ္ျပန္ေျပာၾကားမည္မဟုတ္ေၾကာင္း ၄င္းက ဆက္ေျပာသည္။ 
ၿပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလဆန္းပိုင္းတြင္ ျပင္ပေစ်းကြက္ေပါက္ေစ်း၌ တစ္ေဒၚလာလွ်င္ (၁၅၁၀) က်ပ္ ျဖစ္ေပၚေနသည့္အခ်ိန္၌ ႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ တစ္ေဒၚလာလွ်င္ (၁၅၇၉) က်ပ္ႏႈန္းေပး၍ အေမရိကန္ေဒၚလာ ၃၄ သန္းအထိဝယ္ယူခဲ့ၿပီး ယင္းအေပၚ ေ၀ဖန္မႈမ်ားလည္း ရွိခဲ့သည္။

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

 

Unicode version

ဗဟိုဘဏ်အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ဒေါ်လာရောင်းဝယ်ရာမှ အမြတ်ငွေ ဘီလျံနှင့်ချီရရှိခဲ့ဟု ဆို 

နိုင်ငံတော်ဗဟိုဘဏ်မှ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာအရောင်းအဝယ်ပြုလုပ်ခြင်းမှ အမြတ်ငွေ ဘီလျံနှင့်ချီ၍ရရှိခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၃) ဦးဘိုဘိုငယ်က ပြောလိုက်သည်။
ရန်ကုန်မြို့ရှိ ဗဟိုဘဏ်တွင် ဇန်နဝါရီလ (၆) ရက်ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။ 
“ ဝေဖန်မှုတွေဖြစ်ခဲ့တာလည်း ကြားခဲ့ပါတယ်။ ဒီကိစ္စကိုလည်းပြောချင်ပါတယ်။ ဗဟိုဘဏ်က မနေ့ကညနေက အပိတ်ဈေးနဲ့ ချိန်ပြီးဝယ်ရတာဖြစ်တဲ့အတွက် တစ်ခါတစ်လေဈေးနည်းနည်းပိုသွားတာကြုံရပါတယ်။ ဒါပေမယ့် တစ်နှစ်လုံးအတိုင်းအတာနဲ့ဆိုရင် မရှုံးတဲ့အပြင် ဘီလီနဲ့ချီမြတ်ခဲ့တယ်။ ကျွန်တော်မေးချင်တဲ့အချက်က မနက် (၉) နာရီအရောင်းအဝယ်လုပ်တဲ့အချိန်မှာ ညနေ ၂ နာရီ၊ ၃ နာရီမှာဘယ်ဈေးဖြစ်မလဲဆိုတာ သိတဲ့သူပါရင် ပြောပါ။ အဲဒီလောက်တော်နေရင်လည်း ဘာအလုပ်မှလုပ်စရာမလိုတော့ဘူး။ ဗဟိုဘဏ်က အရောင်းအဝယ် လုပ်ထားတဲ့စာရင်းအတိအကျကို အမတ်တွေကို ပေးထားလိုက်ပြီးပါပြီ။ အဂတိလိုက်စားမှုရှိတယ်လို့ ယူဆရင်လည်း အချိန်မရွေးပြောလို့ရတယ်။ ဗဟိုဘဏ်မှာအဖြေရှိပြီးသား။ အားလုံးဖြေရှင်းနိုင်ပါတယ်” ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၃) ဦးဘိုဘိုငယ်က ပြောသည်။
ဗဟိုဘဏ်အနေဖြင့် ဒေါ်လာအရောင်းအဝယ်ပြုလုပ်ခဲ့ခြင်းမှ အမြတ်ငွေဘီလျံနှင့်ချီရရှိခဲ့ခြင်းသည် မည်သူကိုရောင်းသည်၊ မည်သူ့ထံမှ ဝယ်ယူသည်၊ ပမာဏမည်မျှဖြစ်ကြောင်း အတိအကျကိုမူ ထုတ်ပြန်ပြောကြားမည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။ 
ပြီးခဲ့သော ၂၀၁၈ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် ပြင်ပဈေးကွက်ပေါက်ဈေး၌ တစ်ဒေါ်လာလျှင် (၁၅၁၀) ကျပ် ဖြစ်ပေါ်နေသည့်အချိန်၌ နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် တစ်ဒေါ်လာလျှင် (၁၅၇၉) ကျပ်နှုန်းပေး၍ အမေရိကန်ဒေါ်လာ ၃၄ သန်းအထိဝယ်ယူခဲ့ပြီး ယင်းအပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။