Skip to main content
ပုဂၢလိကဘဏ္မ်ား၏ ဘဏ္ေခ်းေငြအတိုးႏႈန္းေကာက္ခံမႈ ထပ္မံျပင္ဆင္သတ္မွတ္သြားမည္
Ads Block

ပုဂၢလိကဘဏ္မ်ား၏ ဘဏ္ေခ်းေငြအတိုးႏႈန္းေကာက္ခံမႈ ထပ္မံျပင္ဆင္သတ္မွတ္သြားမည္

ပုဂၢလိကဘဏ္မ်ား၏ဘဏ္ေခ်းေငြ အတိုးႏႈန္းေကာက္ခံမႈႏွင့္ပတ္သက္၍ ျပင္ဆင္သတ္မွတ္သြားဦးမည္ ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ဗဟိုဘဏ္ ဒုတိယဥကၠ႒ (၃) ဦးဘိုဘိုငယ္ေျပာျပခ်က္အရ သိရသည္။ 
ရန္ကုန္ၿမိဳ႕ရွိဗဟိုဘဏ္၌ ဇန္နဝါရီလ ၆ ရက္ကက်င္းပသည့္ သတင္းစာရွင္းလင္းပြဲတြင္ ယခုကဲ့သို႔ ေျပာခဲ့ျခင္း ျဖစ္သည္။ 
“အရင္က ၈ ရာခိုင္ႏႈန္းသည္ အနည္းဆံုးႏႈန္း၊ ၁၃ သည္အမ်ားဆံုးႏႈန္းလို႔ သတ္မွတ္ထားတဲ့အခါ ဘဏ္ေတြက ဒီလိုေခ်းရင္ေတာ့ ငါ့အတြက္ အႏၱရာယ္မ်ားတယ္လုိ႔ခံစားရေသာ္လည္း အတိုးႏႈန္းယူခြင့္မရွိတဲ့အေနအထား ျဖစ္တယ္။ တကယ့္ရိုးသားႀကိဳးစားၿပီး ဘဏ္နဲ႔ႏွစ္ေပါင္းမ်ားစြာအလုပ္လုပ္ေနတဲ့သူဆိုရင္လည္းေလ်ာ့သင့္ရင္ ေလ်ာ့ရမယ္။ ဒီအတြက္ အတိုးႏႈန္းေတြကိုထပ္ၿပီး ျပင္ေပးခဲ့တာပါ။ ေနာက္ထပ္တခ်ိဳ႕ဟာေတြလည္း ထပ္ထြက္လာဖု႔ိရွိပါတယ္” ဟု ဗဟိုဘဏ္ဒုဥကၠ႒ (၃) ဦးဘိုဘိုငယ္က ေျပာသည္။ 
ဘဏ္အတိုးႏႈန္းမ်ားကို ျပင္ဆင္သတ္မွတ္မည္ျဖစ္ေသာ္လည္း မၾကာခဏေျပာင္းလဲသတ္မွတ္ေနမည္ မဟုတ္ဘဲ လိုအပ္သည့္အခ်ိန္တြင္ ေစ်းကြက္အေျခအေနျဖင့္ ကိုက္ညီေစရန္ ေျပာင္းလဲသတ္မွတ္မည္ ျဖစ္ေၾကာင္း ၄င္းကဆက္ေျပာသည္။ 
ယခင္က ျပည္တြင္းရွိ ပုဂၢလိကဘဏ္မ်ားကိုေခ်းေငြအေပၚ အတိုးႏႈန္းေကာက္ခံျခင္းအတြက္ ဗဟုိဘဏ္ ေကာက္ခံသည့္ အတိုးႏႈန္း ၁၀ ရာခိုင္ႏႈန္းထက္ပိုမိုေသာ ၁၃ ရာခိုင္ႏႈန္းအထိခြင့္ျပဳထားျခင္း ျဖစ္သည္။ 
ယင္းအစားအာမခံအေပါင္ပစၥည္းပါသည့္ ေခ်းေငြအေပၚ အျမင့္ဆံုးအတိုးႏႈန္းကို ၁၃ ရာခုိင္ႏႈန္းအထိ ေကာက္ခံႏိုင္ၿပီး အာမခံအေပါင္ပစၥည္းမပါရွိသည့္ ေခ်းေငြအေပၚ အျမင့္ဆံုးအတိုးႏႈန္းကို ၁၆ ရာခိုင္ႏႈန္းအထိ တိုးျမင့္ေကာက္ခံႏုိင္ေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၁၅ ရက္တြင္ ႏိုင္ငံေတာ္ ဗဟိုဘဏ္မွ ထုတ္ျပန္ခဲ့သည္။
“အျပည့္အစံုေျပာင္းလဲလိုက္တဲ့အထိေတာ့ မလုပ္သင့္ေသးပါဘူး။ အျပည့္အစံုေျပာင္းလဲမႈ မလုပ္သင့္ေသးဘူး ဆိုတာ ႏိုင္ငံတကာအေတြ႕အၾကံဳအရအခက္အခဲေတြျဖစ္သြားတတ္တာရွိပါတယ္။ ဒါေၾကာင့္တစ္ပိုင္းခ်င္း ေျပာင္းလဲေနတာျဖစ္ပါတယ္။ လုပ္သင့္လုပ္ထိုက္ၿပီဆိုတဲ့ အခ်ိန္က်ရင္ လုပ္မွာပါ။ ခုလုပ္ခဲ့တဲ့ဟာေတြကလည္း ဗဟိုဘဏ္တစ္ခုတည္းလုပ္ခဲ့တာမဟုတ္ပါဘူး။ တိုင္မင္သင့္တဲ့ ဝန္ႀကီးဌာနနဲ႔ တိုင္ပင္ၿပီးလုပ္တာျဖစ္တယ္။ အထူးသျဖင့္ ႏိုင္ငံေတာ္ သမၼတရံံံုးတို႔၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံရံုးတို႔နဲ႔ တိုင္ပင္ၿပီးညွိႏိႈင္းၿပီးမွ သူတို႔ရဲ႕ တိုက္တြန္းမႈေတြနဲ႔ လုပ္ခဲ့တာျဖစ္ပါတယ္” ဟု ဦးဘိုဘိုငယ္က ဆက္ေျပာသည္။ 
ဗဟုိဘဏ္အေနျဖင့္ ၂၀၁၉ ခုႏွစ္တြင္ ျပည္တြင္းဘဏ္လုပ္ငန္းက႑ ပိုမုိဖြံ႕ၿဖိဳးတိုးတက္ေစရန္ ဘဏ္ဆိုင္ရာကိစၥမ်ား ျပဳျပင္ေျပာင္းလဲေရးမ်ားစြာထပ္မံလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။  

- သင္းသင္းလိႈင္(အကုန္သိ သတင္းဌာန)


Unicode version

ပုဂ္ဂလိကဘဏ်များ၏ ဘဏ်ချေးငွေအတိုးနှုန်းကောက်ခံမှု ထပ်မံပြင်ဆင်သတ်မှတ်သွားမည်
ပုဂ္ဂလိကဘဏ်များ၏ဘဏ်ချေးငွေ အတိုးနှုန်းကောက်ခံမှုနှင့်ပတ်သက်၍ ပြင်ဆင်သတ်မှတ်သွားဦးမည် ဖြစ်ကြောင်း နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၃) ဦးဘိုဘိုငယ်ပြောပြချက်အရ သိရသည်။ 
ရန်ကုန်မြို့ရှိဗဟိုဘဏ်၌ ဇန်နဝါရီလ ၆ ရက်ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။ 
“အရင်က ၈ ရာခိုင်နှုန်းသည် အနည်းဆုံးနှုန်း၊ ၁၃ သည်အများဆုံးနှုန်းလို့ သတ်မှတ်ထားတဲ့အခါ ဘဏ်တွေက ဒီလိုချေးရင်တော့ ငါ့အတွက် အန္တရာယ်များတယ်လို့ခံစားရသော်လည်း အတိုးနှုန်းယူခွင့်မရှိတဲ့အနေအထား ဖြစ်တယ်။ တကယ့်ရိုးသားကြိုးစားပြီး ဘဏ်နဲ့နှစ်ပေါင်းများစွာအလုပ်လုပ်နေတဲ့သူဆိုရင်လည်းလျော့သင့်ရင် လျော့ရမယ်။ ဒီအတွက် အတိုးနှုန်းတွေကိုထပ်ပြီး ပြင်ပေးခဲ့တာပါ။ နောက်ထပ်တချို့ဟာတွေလည်း ထပ်ထွက်လာဖု့ိရှိပါတယ်” ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ (၃) ဦးဘိုဘိုငယ်က ပြောသည်။ 
ဘဏ်အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်မည်ဖြစ်သော်လည်း မကြာခဏပြောင်းလဲသတ်မှတ်နေမည် မဟုတ်ဘဲ လိုအပ်သည့်အချိန်တွင် ဈေးကွက်အခြေအနေဖြင့် ကိုက်ညီစေရန် ပြောင်းလဲသတ်မှတ်မည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ 
ယခင်က ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များကိုချေးငွေအပေါ် အတိုးနှုန်းကောက်ခံခြင်းအတွက် ဗဟိုဘဏ် ကောက်ခံသည့် အတိုးနှုန်း ၁၀ ရာခိုင်နှုန်းထက်ပိုမိုသော ၁၃ ရာခိုင်နှုန်းအထိခွင့်ပြုထားခြင်း ဖြစ်သည်။ 
ယင်းအစားအာမခံအပေါင်ပစ္စည်းပါသည့် ချေးငွေအပေါ် အမြင့်ဆုံးအတိုးနှုန်းကို ၁၃ ရာခိုင်နှုန်းအထိ ကောက်ခံနိုင်ပြီး အာမခံအပေါင်ပစ္စည်းမပါရှိသည့် ချေးငွေအပေါ် အမြင့်ဆုံးအတိုးနှုန်းကို ၁၆ ရာခိုင်နှုန်းအထိ တိုးမြင့်ကောက်ခံနိုင်ကြောင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် နိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။
“အပြည့်အစုံပြောင်းလဲလိုက်တဲ့အထိတော့ မလုပ်သင့်သေးပါဘူး။ အပြည့်အစုံပြောင်းလဲမှု မလုပ်သင့်သေးဘူး ဆိုတာ နိုင်ငံတကာအတွေ့အကြုံအရအခက်အခဲတွေဖြစ်သွားတတ်တာရှိပါတယ်။ ဒါကြောင့်တစ်ပိုင်းချင်း ပြောင်းလဲနေတာဖြစ်ပါတယ်။ လုပ်သင့်လုပ်ထိုက်ပြီဆိုတဲ့ အချိန်ကျရင် လုပ်မှာပါ။ ခုလုပ်ခဲ့တဲ့ဟာတွေကလည်း ဗဟိုဘဏ်တစ်ခုတည်းလုပ်ခဲ့တာမဟုတ်ပါဘူး။ တိုင်မင်သင့်တဲ့ ဝန်ကြီးဌာနနဲ့ တိုင်ပင်ပြီးလုပ်တာဖြစ်တယ်။ အထူးသဖြင့် နိုင်ငံတော် သမ္မတရံံုံးတို့၊ နိုင်ငံတော် အတိုင်ပင်ခံရုံးတို့နဲ့ တိုင်ပင်ပြီးညှိနှိုင်းပြီးမှ သူတို့ရဲ့ တိုက်တွန်းမှုတွေနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်” ဟု ဦးဘိုဘိုငယ်က ဆက်ပြောသည်။ 
ဗဟိုဘဏ်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် ပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဘဏ်ဆိုင်ရာကိစ္စများ ပြုပြင်ပြောင်းလဲရေးများစွာထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။  

- သင်းသင်းလှိုင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။