Skip to main content
ရန္ကုန္ၿမိဳ႕၌ေသာင္တင္ေနၿပီး ေနရပ္ျပန္လိုေသာနီေပါႏုိင္ငံသူအား သက္ဆိုင္ရာကကူညီေပး
Ads Block

ရန္ကုန္ၿမိဳ႕၌ေသာင္တင္ေနၿပီး ေနရပ္ျပန္လိုေသာနီေပါႏုိင္ငံသူအား သက္ဆိုင္ရာကကူညီေပး

ရန္ကုန္ၿမိဳ႕၊ ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိတည္းခိုခန္းတစ္ခု၌ ေနရပ္ျပန္လိုေသာ နီေပါႏိုင္ငံျခားသူတစ္ဦးကုိ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ႏွင့္တိုင္းရဲတပ္ဖြဲ႔တို႔က ကူညီေဆာင္ရြက္ေပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ ၅ ရက္၊ ညေန ၅ နာရီခြဲခန္႔က နီေပါႏိုင္ငံဆိုင္ရာ ျမန္မာသံရံုးမွ တာ၀န္ရွိသူမ်ားက ရန္ကုန္ၿမိဳ႕၊ ပုဇြန္ေတာင္သို႔ေရာက္ရွိေနေသာ နီေပါႏိုင္ငံသူတစ္ဦးကိုကူညီေပးရန္ သတင္းေပးသျဖင့္ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႔ႏွင့္ တိုင္းရဲတပ္ဖြဲ႔မ်ားက သတင္းေထာက္လွမ္းစံုစမ္းခဲ့သည္။
အကူအညီလိုအပ္ေနသည့္ နီေပါႏိုင္ငံသူကို ပုဇြန္ေတာင္ၿမိဳ႕နယ္အတြင္းရွိ တည္းခိုခန္းတစ္ခု၌ ည ၈ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ရွာေဖြခဲ့ၿပီးစစ္ေမးရာ လြန္ခဲ့ေသာတစ္လခန္႔က ကူ၀ိတ္ႏိုင္ငံသို႔အိမ္ေဖာ္လုပ္ကိုင္ရန္ အမ်ိဳးသမီးတစ္ဦးက စည္းရံုးေဆာင္ရြက္ေပးမႈျဖင့္ နီေပါႏိုင္ငံမွပြဲစားတစ္ဦးႏွင့္ဆက္သြယ္ခဲ့ေၾကာင္း စစ္ေဆးခ်က္အရ သိရသည္။
ပြဲစားသည္ ၄င္းအား နီေပါႏိုင္ငံမွ အိႏိၵယႏိုင္ငံကိုျဖတ္၍ ျမန္မာႏိုင္ငံအတြင္းရွိတမူးၿမိဳ႕သို႔ပို႔ေဆာင္ခဲ့ရာမွ တစ္ဆင့္ ရန္ကုန္ၿမိဳ႕သို႔ ဆက္လက္ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ရန္ကုန္ၿမိဳ႕ရွိ ပုဇြန္ေတာင္ၿမိဳ႕နယ္တည္းခိုခန္းသို႔ ဇန္န၀ါရီလ ၂၂ ရက္တြင္ေရာက္ရွိခဲ့ၿပီးေနာက္ ပြဲစားျဖစ္သူႏွင့္ ေဖေဖာ္၀ါရီလ ၄ ရက္တြင္အဆက္အသြယ္မရွိေတာ့ဘဲျပတ္ေတာက္ေနသျဖင့္ နီေပါႏိုင္ငံရွိ အစ္ကိုျဖစ္သူထံသို႔ ဆက္သြယ္ကာျပန္လာခ်င္ေၾကာင္း ေျပာဆိုခဲ့သည္ဟု ဆိုသည္။
ထို႔္ေၾကာင့္ အစ္ကိုျဖစ္သူ၏ဆက္သြယ္ေဆာင္ရြက္ေပးမႈျဖင့္ ျမန္မာႏိုင္ငံရွိနီေပါသံရံုးကသိရွိသြားခဲ့ၿပီး အကူအညီေပးရန္ေတာင္းဆိုမႈေၾကာင့္ ပူးေပါင္းရဲတပ္ဖြဲ႔က ျမန္မာႏိုင္ငံေဂၚရခါးအမ်ိဳးသမီးေရးရာအဖြဲ႕၏ အကူအညီျဖင့္ ေစာင့္ေရွာက္ထားရွိၿပီး နီေပါႏိုင္ငံသံ႐ုံးသို႔ ဆက္သြယ္အပ္ႏွံသြားမည္ျဖစ္ေၾကာင္း သိရသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

 

Unicode version

ရန်ကုန်မြို့၌သောင်တင်နေပြီး နေရပ်ပြန်လိုသောနီပေါနိုင်ငံသူအား သက်ဆိုင်ရာကကူညီပေး

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိတည်းခိုခန်းတစ်ခု၌ နေရပ်ပြန်လိုသော နီပေါနိုင်ငံခြားသူတစ်ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့်တိုင်းရဲတပ်ဖွဲ့တို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၅ ရက်၊ ညနေ ၅ နာရီခွဲခန့်က နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်မြို့၊ ပုဇွန်တောင်သို့ရောက်ရှိနေသော နီပေါနိုင်ငံသူတစ်ဦးကိုကူညီပေးရန် သတင်းပေးသဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့နှင့် တိုင်းရဲတပ်ဖွဲ့များက သတင်းထောက်လှမ်းစုံစမ်းခဲ့သည်။
အကူအညီလိုအပ်နေသည့် နီပေါနိုင်ငံသူကို ပုဇွန်တောင်မြို့နယ်အတွင်းရှိ တည်းခိုခန်းတစ်ခု၌ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် ရှာဖွေခဲ့ပြီးစစ်မေးရာ လွန်ခဲ့သောတစ်လခန့်က ကူဝိတ်နိုင်ငံသို့အိမ်ဖော်လုပ်ကိုင်ရန် အမျိုးသမီးတစ်ဦးက စည်းရုံးဆောင်ရွက်ပေးမှုဖြင့် နီပေါနိုင်ငံမှပွဲစားတစ်ဦးနှင့်ဆက်သွယ်ခဲ့ကြောင်း စစ်ဆေးချက်အရ သိရသည်။
ပွဲစားသည် ၎င်းအား နီပေါနိုင်ငံမှ အိန္ဒိယနိုင်ငံကိုဖြတ်၍ မြန်မာနိုင်ငံအတွင်းရှိတမူးမြို့သို့ပို့ဆောင်ခဲ့ရာမှ တစ်ဆင့် ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်မြို့ရှိ ပုဇွန်တောင်မြို့နယ်တည်းခိုခန်းသို့ ဇန်နဝါရီလ ၂၂ ရက်တွင်ရောက်ရှိခဲ့ပြီးနောက် ပွဲစားဖြစ်သူနှင့် ဖေဖော်ဝါရီလ ၄ ရက်တွင်အဆက်အသွယ်မရှိတော့ဘဲပြတ်တောက်နေသဖြင့် နီပေါနိုင်ငံရှိ အစ်ကိုဖြစ်သူထံသို့ ဆက်သွယ်ကာပြန်လာချင်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
ထို့်ကြောင့် အစ်ကိုဖြစ်သူ၏ဆက်သွယ်ဆောင်ရွက်ပေးမှုဖြင့် မြန်မာနိုင်ငံရှိနီပေါသံရုံးကသိရှိသွားခဲ့ပြီး အကူအညီပေးရန်တောင်းဆိုမှုကြောင့် ပူးပေါင်းရဲတပ်ဖွဲ့က မြန်မာနိုင်ငံဂေါ်ရခါးအမျိုးသမီးရေးရာအဖွဲ့၏ အကူအညီဖြင့် စောင့်ရှောက်ထားရှိပြီး နီပေါနိုင်ငံသံရုံးသို့ ဆက်သွယ်အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။