Skip to main content
တရားမဝင္ေငြလႊဲသည့္(ဟြန္ဒီ)လုပ္ငန္းမ်ားကို လိုင္စင္ထုတ္ေပးရန္ ျပင္ဆင္ထား
Ads Block

တရားမဝင္ေငြလႊဲသည့္(ဟြန္ဒီ)လုပ္ငန္းမ်ားကို လိုင္စင္ထုတ္ေပးရန္ ျပင္ဆင္ထား

ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား အမ်ားဆံုးအသံုးျပဳသည့္ တရားမဝင္ေငြလႊဲ (ဟြန္ဒီ) လုပ္ငန္းကို တရားဝင္လိုင္စင္ခ်ေပးရန္ ျပင္ဆင္ေနၿပီး သတ္မွတ္စည္းကမ္းေဖာက္ဖ်က္ပါက ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဒုတိယဥကၠ႒ (၃) ဦးဘိုဘိုငယ္က ေျပာသည္။
ေဖေဖာ္ဝါရီလ ၆ ရက္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၌ က်င္းပျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ၄င္းက အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“ဟြန္ဒီလုပ္ငန္းေတြကို လိုင္စင္ထုတ္ေပးဖို႔ ျပင္ဆင္ေနတယ္။ စီမံခ်က္ေတြစီစဥ္ထားတယ္။ ဒါေပမဲ့ ဒဏ္ေၾကးကိုေတာ့ စပ္စပ္ ကေလး ရိုက္ဖို႔ ရွိတယ္” ဟု ဦးဘိုဘိုငယ္က ေျပာသည္။
အာဆီယံေဒသအတြင္း တရားမဝင္ေငြလႊဲျခင္းကို ကေမာၻဒီးယားႏိုင္ငံ ႏွင့္ ျမန္မာႏိုင္ငံသည္ အမ်ားဆံုးျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံရွိ လူဦးေရ ႏွစ္သန္းခန္႔သည္ ထိုင္း၊ မေလးရွား ႏွင့္ တရုတ္ႏိုင္ငံတို႔တြင္ အမ်ားဆံုးေရႊ႕ေျပာင္းလုပ္ကိုင္ၾကၿပီး ေငြလႊဲရာတြင္လည္း ဟြန္ဒီကို ၆၅ ရာခိုင္ႏႈန္း အသံုးျပဳကာ ဘဏ္စနစ္ကို ၁၂ ရာခိုင္ႏႈန္းသာ အသံုးျပဳေၾကာင္း သိရသည္။
 “ဟြန္ဒီေငြလဲြလုပ္ငန္းကို တရား၀င္လိုင္းစင္ခ်ေပးၿပီး Deposit ထားဖို႔ လုပ္ေနတယ္။ လာမယ့္ တစ္လ ႏွစ္လအတြင္း ေဆာင္ ရႊက္သြားမယ္။ Deposit တင္တဲ့အခါ ဥပမာ က်ပ္သိန္း (၅၀၀၀) ဆို က်ပ္သိန္း (၅၀၀) ကို Deposit အေနနဲ ထားမယ္။ ေန႔စဥ္ အေရာင္းအ၀ယ္ပမာဏကို ဗဟိုဘဏ္ကို တင္ျပရမယ္။ ဟြန္ဒီအေသးစားေလးေတြကိုေတာ့ လႊတ္ေပးထားမယ္” ဟု ၄င္းက ဆက္လက္ေျပာၾကားခဲ့သည္။
တရားမ၀င္ေငြလႊဲျခင္းကို လုပ္ေဆာင္ျခင္းမွာ  စြန္႔စားမႈမ်ားၿပီး ဆံုးရံႈးနစ္နာမႈမ်ားရွိျခင္းေၾကာင့္ တိက်သည့္ မူဝါဒတစ္ခုခ်မွတ္ရန္ လိုအပ္ေၾကာင္း သိရသည္။

- စုသက္ႏွင္း (အကုန္သိသတင္းဌာန)

 

Unicode version

တရားမဝင်ငွေလွှဲသည့်(ဟွန်ဒီ)လုပ်ငန်းများကို လိုင်စင်ထုတ်ပေးရန် ပြင်ဆင်ထား

မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများဆုံးအသုံးပြုသည့် တရားမဝင်ငွေလွှဲ (ဟွန်ဒီ) လုပ်ငန်းကို တရားဝင်လိုင်စင်ချပေးရန် ပြင်ဆင်နေပြီး သတ်မှတ်စည်းကမ်းဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၃) ဦးဘိုဘိုငယ်က ပြောသည်။
ဖေဖော်ဝါရီလ ၆ ရက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဟွန်ဒီလုပ်ငန်းတွေကို လိုင်စင်ထုတ်ပေးဖို့ ပြင်ဆင်နေတယ်။ စီမံချက်တွေစီစဉ်ထားတယ်။ ဒါပေမဲ့ ဒဏ်ကြေးကိုတော့ စပ်စပ် ကလေး ရိုက်ဖို့ ရှိတယ်” ဟု ဦးဘိုဘိုငယ်က ပြောသည်။
အာဆီယံဒေသအတွင်း တရားမဝင်ငွေလွှဲခြင်းကို ကမ္ဘောဒီးယားနိုင်ငံ နှင့် မြန်မာနိုင်ငံသည် အများဆုံးဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ လူဦးရေ နှစ်သန်းခန့်သည် ထိုင်း၊ မလေးရှား နှင့် တရုတ်နိုင်ငံတို့တွင် အများဆုံးရွှေ့ပြောင်းလုပ်ကိုင်ကြပြီး ငွေလွှဲရာတွင်လည်း ဟွန်ဒီကို ၆၅ ရာခိုင်နှုန်း အသုံးပြုကာ ဘဏ်စနစ်ကို ၁၂ ရာခိုင်နှုန်းသာ အသုံးပြုကြောင်း သိရသည်။
 “ဟွန်ဒီငွေလွဲလုပ်ငန်းကို တရားဝင်လိုင်းစင်ချပေးပြီး Deposit ထားဖို့ လုပ်နေတယ်။ လာမယ့် တစ်လ နှစ်လအတွင်း ဆောင် ရွှက်သွားမယ်။ Deposit တင်တဲ့အခါ ဥပမာ ကျပ်သိန်း (၅၀၀၀) ဆို ကျပ်သိန်း (၅၀၀) ကို Deposit အနေနဲ ထားမယ်။ နေ့စဉ် အရောင်းအဝယ်ပမာဏကို ဗဟိုဘဏ်ကို တင်ပြရမယ်။ ဟွန်ဒီအသေးစားလေးတွေကိုတော့ လွှတ်ပေးထားမယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တရားမဝင်ငွေလွှဲခြင်းကို လုပ်ဆောင်ခြင်းမှာ  စွန့်စားမှုများပြီး ဆုံးရှုံးနစ်နာမှုများရှိခြင်းကြောင့် တိကျသည့် မူဝါဒတစ်ခုချမှတ်ရန် လိုအပ်ကြောင်း သိရသည်။

- စုသက်နှင်း (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။