Skip to main content
ႏုိင္ငံေရးလုပ္ျခင္းက အႏၱရာယ္မ်ားစရာအေၾကာင္းမရွိဟု ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္ေျပာ
Ads Block

ႏုိင္ငံေရးလုပ္ျခင္းက အႏၱရာယ္မ်ားစရာအေၾကာင္းမရွိဟု ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္ေျပာ

ႏိုင္ငံေရးလုပ္ျခင္းသည္ အႏၱရာယ္မ်ားစရာအေၾကာင္းမရွိသည့္အတြက္ တုိင္းသူျပည္သားအားလံုး ႏုိင္ငံေရးကို စိတ္ဝင္စားၾကရန္ ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလုိက္သည္။
ရွမ္းျပည္နယ္အေရွ႕ပုိင္း မုိင္တံုၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန အစည္းအေဝးခန္းမတြင္ က်င္းပျပဳလုပ္သည့္ လူထုေတြ႔ဆံု ပြဲတြင္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္မွ တုိက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ႏုိင္ငံေရးလုပ္ျခင္းက အႏၱရာယ္မ်ားစရာအေၾကာင္းမရွိဟု ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္ေျပာ


“ႏိုင္ငံေရးလုပ္ခဲ့တဲ့ ႏွစ္ ၃၀ ေက်ာ္အတြင္းမွာဆုိရင္ တခ်ိဳ႕မိဘေတြက အစိုးရိမ္လြန္တယ္။ ႏုိင္ငံေရးမလုပ္ၾကနဲ႔။ ႏုိင္ငံေရး လုပ္ တယ္ဆုိတာ အႏၱရာယ္မ်ားတယ္ဆုိၿပီးေတာ့ သူတုိ႔ရဲ႕ သားသမီးေတြကို ဟန္႔တားတာရွိပါတယ္။ ႏုိင္ငံေရးလုပ္တယ္ဆုိတာ အႏၱရာယ္မ်ားစရာ အေၾကာင္းမရွိပါဘူး။ အႏၱရာယ္မ်ားႏုိင္တဲ့ ကာလေတြလည္း ျဖတ္ေက်ာ္ရတာလည္း အမွန္ပါပဲ။ ကိုယ့္ႏုိင္ငံကို ေျပာင္းလဲခ်င္တယ္ဆုိရင္ အခက္အခဲေတြကို ရင္ဆုိင္ရဲရမယ္” ဟု ေဒၚေအာင္ဆန္းစုၾကည္ ကေျပာသည္။
အခက္အခဲမ်ားကို ေရွာင္ေနပါက အခက္အခဲမ်ားက ေပ်ာက္သြားမည္မဟုတ္ေၾကာင္းႏွင့္ ျပည္သူျပည္သား မ်ားအားလံုး၊ ျပည္ေထာင္စု တုိင္းရင္းသားမ်ားအားလံုးသည္ ႏုိင္ငံေရးကို စိတ္ဝင္စားေစခ်င္ေၾကာင္း ၎ကေျပာၾကားခဲ့သည္။
 “ ႏိုင္ငံအတြက္ လုပ္ေဆာင္ခ်က္အားလံုးကို ႏုိင္ငံအေရးလုိ႔ ေခၚပါတယ္။ ဒါေၾကာင့္မုိ႔လုိ႔ ႏုိင္ငံအေရးနဲ႔ မပတ္သက္နဲ႔ လုပ္လုိ႔ မရဘူး။ ႏုိင္ငံေရးက လူတုိင္းလူတုိင္းနဲ႔ ပတ္သက္ေနတယ္။ ဘယ္ေနရာပဲျဖစ္ျဖစ္ တစ္ကမၻာလံုးမွာ ဘယ္သူပဲျဖစ္ျဖစ္ ႏုိင္ငံေရးနဲ႔ ပတ္သက္ၿပီး ကင္းလြတ္ႏုိင္တာ မဟုတ္ပါဘူး” ဟု ေဒၚေအာင္ဆန္းစုၾကည္ ကေျပာသည္။
ႏိုင္ငံေတာ္၏ အတုိင္ပင္ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္တုိ႔ကို လူထုေတြ႔ဆံုပြဲမ်ား သြား ေရာက္ခဲ့ၿပီး ေဖေဖၚဝါရီလ ၆ ရက္တြင္ ရွမ္းျပည္နယ္၊ က်ိဳင္းတံု၊ တာခ်ီလိတ္၊ မုိင္းေယာင္း၊ မုိင္းတံုႏွင့္ မုိင္းဆက္ၿမိဳ႕မ်ားသို႔ လူထုေတြ႔ဆံုပဲြမ်ား သြားေရာက္ေနျခင္းျဖစ္သည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)


Unicode version

နိုင်ငံရေးလုပ်ခြင်းက အန္တရာယ်များစရာအကြောင်းမရှိဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ပြော
နိုင်ငံရေးလုပ်ခြင်းသည် အန္တရာယ်များစရာအကြောင်းမရှိသည့်အတွက် တိုင်းသူပြည်သားအားလုံး နိုင်ငံရေးကို စိတ်ဝင်စားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်တုံမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံ ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံရေးလုပ်ခဲ့တဲ့ နှစ် ၃၀ ကျော်အတွင်းမှာဆိုရင် တချို့မိဘတွေက အစိုးရိမ်လွန်တယ်။ နိုင်ငံရေးမလုပ်ကြနဲ့။ နိုင်ငံရေး လုပ် တယ်ဆိုတာ အန္တရာယ်များတယ်ဆိုပြီးတော့ သူတို့ရဲ့ သားသမီးတွေကို ဟန့်တားတာရှိပါတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ အန္တရာယ်များစရာ အကြောင်းမရှိပါဘူး။ အန္တရာယ်များနိုင်တဲ့ ကာလတွေလည်း ဖြတ်ကျော်ရတာလည်း အမှန်ပါပဲ။ ကိုယ့်နိုင်ငံကို ပြောင်းလဲချင်တယ်ဆိုရင် အခက်အခဲတွေကို ရင်ဆိုင်ရဲရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
အခက်အခဲများကို ရှောင်နေပါက အခက်အခဲများက ပျောက်သွားမည်မဟုတ်ကြောင်းနှင့် ပြည်သူပြည်သား များအားလုံး၊ ပြည်ထောင်စု တိုင်းရင်းသားများအားလုံးသည် နိုင်ငံရေးကို စိတ်ဝင်စားစေချင်ကြောင်း ၎င်းကပြောကြားခဲ့သည်။
 “ နိုင်ငံအတွက် လုပ်ဆောင်ချက်အားလုံးကို နိုင်ငံအရေးလို့ ခေါ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံအရေးနဲ့ မပတ်သက်နဲ့ လုပ်လို့ မရဘူး။ နိုင်ငံရေးက လူတိုင်းလူတိုင်းနဲ့ ပတ်သက်နေတယ်။ ဘယ်နေရာပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးမှာ ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကင်းလွတ်နိုင်တာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့ကို လူထုတွေ့ဆုံပွဲများ သွား ရောက်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၆ ရက်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းယောင်း၊ မိုင်းတုံနှင့် မိုင်းဆက်မြို့များသို့ လူထုတွေ့ဆုံပွဲများ သွားရောက်နေခြင်းဖြစ်သည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။