Skip to main content
ႏိုင္ငံျခားဘဏ္မ်ားကို လာမည့္ ၂ ႏွစ္အတြင္း ျပည္တြင္း၌ရာႏႈန္းျပည့္ရင္းႏွီးျမွဳပ္ႏွံခြင့္ျပဳမည္ 
Ads Block

ႏိုင္ငံျခားဘဏ္မ်ားကို လာမည့္ ၂ ႏွစ္အတြင္း ျပည္တြင္း၌ရာႏႈန္းျပည့္ရင္းႏွီးျမွဳပ္ႏွံခြင့္ျပဳမည္ 

ႏိုင္ငံျခားဘဏ္မ်ားကိုလာမည့္ ၂ ႏွစ္အတြင္း ျပည္တြင္း၌ ရာႏႈန္းျပည့္ရင္းႏွီးျမွဳပ္ႏွံခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ဗဟုိဘဏ္ဒုတိယဥကၠ႒ ဦးဘိုဘိုငယ္ေျပာျပခ်က္အရ သိရသည္။ 
ရန္ကုန္ၿမိဳ႕ရွိဗဟိုဘဏ္၌ ဇန္နဝါရီလ ၆ ရက္ကက်င္းပသည့္ သတင္းစာရွင္းလင္းပြဲတြင္ ယခုကဲ့သု႔ိေျပာျခင္း ျဖစ္သည္။ 
“တကယ္လို႔ ေနာက္ပိုင္းမွာႏိုင္ငံျခားဘဏ္ေတြကျပည္တြင္းမွာရာႏႈန္းျပည့္ လုပ္ကိုင္ခ်င္တယ္ဆိုရင္ ခြင့္ေပးသြားပါမယ္။ အခုခ်က္ခ်င္းေတာ့ မဟုတ္ပါဘူး။ ခြင့္ျပဳေပးဖုိ႔ ရွိပါတယ္။ ဒီဟာကိုလည္းထုတ္ျပန္ ေၾကညာထားၿပီးသား ျဖစ္ပါတယ္။ ေယဘုယ်အားျဖင့္ ၂ ႏွစ္အတြင္းျဖစ္မွာပါ။ ဆိုေတာ့ ၂၀၂၀ ခုႏွစ္ေလာက္ ျဖစ္လာမယ္။ ျပည္သူေတြအေနနဲ႔မိမိၾကိဳက္ႏွစ္သက္ရာေရြးခ်ယ္စရာပိုမ်ားလာမယ္လို႔ ယူဆပါတယ္” ဟု ဗဟိုဘဏ္ဒုတိယဥကၠ႒ ဦးဘိုဘိုငယ္က ေျပာသည္။ 
ႏိုင္ငံတကာတြင္ ႏိုင္ငံျခားဘဏ္မ်ား၊ ႏိုင္ငံျခားေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားကို ျပည္တြင္းဘဏ္မ်ား နည္းတူလုပ္ပိုင္ခြင့္ေပးထားသည့္အတြက္ ျမန္မာႏိုင္ငံအေနျဖင့္လည္း ႏိုင္ငံျခားဘဏ္မ်ား၊ ေငြေရးေၾကးေရး အဖြဲ႕အစည္းမ်ားကိုျပည္တြင္း၌ ရာႏႈန္းျပည့္ရင္းႏွီးျမွဳပ္ႏွံခြင့္ေပးရန္ စီစဥ္ျခင္းျဖစ္ေၾကာင္း သိရသည္။ 
ၿပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာလ ၈ ရက္ကလည္း ႏိုုင္ငံျခားဘဏ္ခြဲ ၁၃ ခုကို ျပည္တြင္းဘဏ္မ်ားနည္းတူ ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ားသို႔ မည္သည့္ေခ်းေငြျဖည့္ဆည္းမႈမဆိုေဆာင္ရြက္ႏိုင္ေၾကာင္းႏွင့္ ဆက္စပ္ဘဏ္လုပ္ငန္းဝန္ေဆာင္မႈမ်ားေဆာင္ရြက္ႏုိင္ရန္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္မွ ခြင့္ျပဳခဲ့သည္။
ထုိ႔ေနာက္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၂၉ ရက္တြင္ ျပည္တြင္းပုဂၢလိကဘဏ္တစ္ခုလွ်င္ ႏိုင္ငံျခားဘဏ္မ်ားထံမွ ျဖစ္ေစ၊ ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားထံမွ ျဖစ္ေစအက်ဳိးတူရင္းႏွီးမႈပမာဏ ၃၅ ရာခိုင္ႏႈန္းအထိ လက္ခံႏိုင္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွတရားဝင္ထပ္မံခြင့္ျပဳခဲ့သည္။

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

 

Unicode version

နိုင်ငံခြားဘဏ်များကို လာမည့် ၂ နှစ်အတွင်း ပြည်တွင်း၌ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံခွင့်ပြုမည် 

နိုင်ငံခြားဘဏ်များကိုလာမည့် ၂ နှစ်အတွင်း ပြည်တွင်း၌ ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံခွင့်ပြုသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်ပြောပြချက်အရ သိရသည်။ 
ရန်ကုန်မြို့ရှိဗဟိုဘဏ်၌ ဇန်နဝါရီလ ၆ ရက်ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သု့ိပြောခြင်း ဖြစ်သည်။ 
“တကယ်လို့ နောက်ပိုင်းမှာနိုင်ငံခြားဘဏ်တွေကပြည်တွင်းမှာရာနှုန်းပြည့် လုပ်ကိုင်ချင်တယ်ဆိုရင် ခွင့်ပေးသွားပါမယ်။ အခုချက်ချင်းတော့ မဟုတ်ပါဘူး။ ခွင့်ပြုပေးဖို့ ရှိပါတယ်။ ဒီဟာကိုလည်းထုတ်ပြန် ကြေညာထားပြီးသား ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ၂ နှစ်အတွင်းဖြစ်မှာပါ။ ဆိုတော့ ၂၀၂၀ ခုနှစ်လောက် ဖြစ်လာမယ်။ ပြည်သူတွေအနေနဲ့မိမိကြိုက်နှစ်သက်ရာရွေးချယ်စရာပိုများလာမယ်လို့ ယူဆပါတယ်” ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသည်။ 
နိုင်ငံတကာတွင် နိုင်ငံခြားဘဏ်များ၊ နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းများကို ပြည်တွင်းဘဏ်များ နည်းတူလုပ်ပိုင်ခွင့်ပေးထားသည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံခြားဘဏ်များ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများကိုပြည်တွင်း၌ ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံခွင့်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ 
ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်ကလည်း နိုင်ငံခြားဘဏ်ခွဲ ၁၃ ခုကို ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ မည်သည့်ချေးငွေဖြည့်ဆည်းမှုမဆိုဆောင်ရွက်နိုင်ကြောင်းနှင့် ဆက်စပ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခွင့်ပြုခဲ့သည်။
ထို့နောက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုလျှင် နိုင်ငံခြားဘဏ်များထံမှ ဖြစ်စေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ဖြစ်စေအကျိုးတူရင်းနှီးမှုပမာဏ ၃၅ ရာခိုင်နှုန်းအထိ လက်ခံနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတရားဝင်ထပ်မံခွင့်ပြုခဲ့သည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။