Skip to main content
ဗိုလ္ခ်ဳပ္ပံုပါ ေငြစကၠဴ မၾကာခင္ထုတ္ေ၀သြားမည္ဟု ဗဟိုဘဏ္ ဒုဥကၠ႒ေျပာ
Ads Block

ဗိုလ္ခ်ဳပ္ပံုပါ ေငြစကၠဴ မၾကာခင္ထုတ္ေ၀သြားမည္ဟု ဗဟိုဘဏ္ ဒုဥကၠ႒ေျပာ

ဗိုလ္ခ်ဳပ္ပံုပါသည့္ ေငြစကၠဴကို မၾကာခင္ ထုတ္ေ၀သြားမည္ျဖစ္ၿပီး ထုတ္ေ၀မည့္ရက္ကိုအတိအက် မေျပာႏိုင္ေသးေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္မွ ဒုတိယဥကၠ႒ ဦးဘိုဘိုငယ္က ေျပာသည္။
ေဖေဖာ္ဝါရီလ ၆ ရက္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္သတင္းစာ ရွင္းလင္းပြဲတြင္ အကုန္သိသတင္းဌာန၏ ေမးျမန္းခ်က္ကို ၄င္းက အထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္္။
“ဗိုလ္ခ်ဳပ္ပံုပါတဲ့ ေငြစကၠဴကို ထုတ္သြားမွာပါ။ သိပ္မၾကာေတာ့ပါဘူး။ ရက္ကိုေတာ့ အတိအက်မေျပာႏိုင္ေသးပါဘူး” ဟု ဦးဘို ဘိုငယ္က ေျပာသည္။
ဗိုလ္ခ်ဳပ္ပံုပါပိုက္ဆံမ်ား ထပ္မံ႐ိုက္ႏွိပ္ထုတ္ေဝရန္ အတြက္ ၂ဝ၁၃ ခုႏွစ္ ႏုိဝင္ဘာလ ၁၃ ရက္ ျပည္သူ႔ လႊတ္ေတာ္အစည္းအေဝးတြင္ အဆိုတင္သြင္းခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏုိင္ငံေတာ္ ဗဟိုဘဏ္ အေနျဖင့္ ထပ္ေငြစကၠဴမ်ား ထပ္မံထုတ္ေဝရန္ရိွေသာအခ်ိန္တြင္ ထင္ရွားေသာႏုိင္ငံေခါင္းေဆာင္မ်ား၊ ႏုိင္ငံ၏ ထင္ရွားေသာ အေဆာက္အအံုမ်ား၊ ႐ႈခင္းမ်ား၊ အထိမ္းအမွတ္ပန္းၿခံ မ်ားစသည္တုိ႔ကုိ အေျခအေနအခ်ိန္အခါႏွင့္ လိုက္ေလ်ာညီေထြရိွမည့္ ပံုမ်ားကို အစိုးရအဖဲြ႔၏ သေဘာတူညီခ်က္ျဖင့္ ထည့္သြင္း ႐ိုက္ႏိွပ္ထုတ္ေဝသြားမည္ဟု ျပန္လည္ေျဖၾကားထားသည္။
၁၉၈၈ ေနာက္ပိုင္း ဗိုလ္ခ်ဳပ္ပုံပါသည့္ ေငြစကၠဴအမ်ဳိးအစားအသစ္မ်ားကုိ ထပ္မံ႐ိုက္ႏွိပ္ျခင္း မရိွေတာ့ဘဲ ေကသရာဇာ ျခေသၤ့မင္း ပံုပါသည့္ ေငြစကၠဴမ်ားသာ ႐ိုက္ႏွိပ္ေတာ့ေၾကာင္း သိရသည္။

- စုသက္ႏွင္း (အကုန္သိသတင္းဌာန)

 

Unicode version

ဗိုလ်ချုပ်ပုံပါ ငွေစက္ကူ မကြာခင်ထုတ်ဝေသွားမည်ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌပြော

ဗိုလ်ချုပ်ပုံပါသည့် ငွေစက္ကူကို မကြာခင် ထုတ်ဝေသွားမည်ဖြစ်ပြီး ထုတ်ဝေမည့်ရက်ကိုအတိအကျ မပြောနိုင်သေးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသည်။
ဖေဖော်ဝါရီလ ၆ ရက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သတင်းစာ ရှင်းလင်းပွဲတွင် အကုန်သိသတင်းဌာန၏ မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူကို ထုတ်သွားမှာပါ။ သိပ်မကြာတော့ပါဘူး။ ရက်ကိုတော့ အတိအကျမပြောနိုင်သေးပါဘူး” ဟု ဦးဘို ဘိုငယ်က ပြောသည်။
ဗိုလ်ချုပ်ပုံပါပိုက်ဆံများ ထပ်မံရိုက်နှိပ်ထုတ်ဝေရန် အတွက် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ထပ်ငွေစက္ကူများ ထပ်မံထုတ်ဝေရန်ရှိသောအချိန်တွင် ထင်ရှားသောနိုင်ငံခေါင်းဆောင်များ၊ နိုင်ငံ၏ ထင်ရှားသော အဆောက်အအုံများ၊ ရှုခင်းများ၊ အထိမ်းအမှတ်ပန်းခြံ များစသည်တို့ကို အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေရှိမည့် ပုံများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထည့်သွင်း ရိုက်နှိပ်ထုတ်ဝေသွားမည်ဟု ပြန်လည်ဖြေကြားထားသည်။
၁၉၈၈ နောက်ပိုင်း ဗိုလ်ချုပ်ပုံပါသည့် ငွေစက္ကူအမျိုးအစားအသစ်များကို ထပ်မံရိုက်နှိပ်ခြင်း မရှိတော့ဘဲ ကေသရာဇာ ခြင်္သေ့မင်း ပုံပါသည့် ငွေစက္ကူများသာ ရိုက်နှိပ်တော့ကြောင်း သိရသည်။

- စုသက်နှင်း (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။