Skip to main content
Red dot သည္ ဗဟိုဘဏ္တြင္ လိုင္စင္ေလွ်ာက္ထားျခင္း မရွိသည့္အတြက္ ဗဟိုဘဏ္ႏွင့္ သက္ဆိုင္ျခင္းမရွိဟုဆို
Ads Block

Red dot သည္ ဗဟိုဘဏ္တြင္ လိုင္စင္ေလွ်ာက္ထားျခင္း မရွိသည့္အတြက္ ဗဟိုဘဏ္ႏွင့္ သက္ဆိုင္ျခင္းမရွိဟုဆို

Red dot သည္ ဗဟိုဘဏ္တြင္ လိုင္စင္ေလွ်ာက္ထားျခင္း မရွိသည့္အတြက္ Red dot ကုမၸဏီ ပိတ္သိမ္းသြားသည့္ ကိစၥသည္ ၄င္းတို႔ႏွင့္ သက္ဆိုင္ျခင္းမရွိေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ဒုတိယ ဥကၠ႒ ဦးဘိုဘိုငယ္က ေျပာသည္။
Red dot ကုမၸဏီသည္ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းမွစ၍ ကုမၸဏီရံုးခန္းပိတ္ကာ တိမ္းေရွာင္သြားခဲ့ၿပီး ကိုယ္စားလွယ္အမ်ားစု ေငြေၾကး နစ္နာမႈမ်ားရွိေၾကာင္း သိရသည္။ 
အဆိုပါ ကုမၸဏီသည္ ဗဟိုဘဏ္တြင္ တရားဝင္လိုင္စင္ေလွ်ာက္ထားျခင္း မရွိသည့္အျပင္ ဗဟိုဘဏ္မွ ခြင့္ျပဳထားျခင္း မရွိ ေၾကာင္း သိရသည္။

Red dot သည္ ဗဟိုဘဏ္တြင္ လိုင္စင္ေလွ်ာက္ထားျခင္း မရွိသည့္အတြက္ ဗဟိုဘဏ္ႏွင့္ သက္ဆိုင္ျခင္းမရွိဟုဆို


“လက္ရွိ ျဖစ္ပြားေနတဲ့ Red dot ကိစၥဟာ ဗဟိုဘဏ္နဲ႔ သက္ဆိုင္ျခင္းမရွိပါဘူး။ ဗဟိုဘဏ္ကလည္း ခြင့္မျပဳထားပါဘူး။ သူတို႔ရဲ႕ အဓိကဝန္ေဆာင္မႈက ေဘလ္ျဖည့္တာ။ အဲဒီ ပင္နံပါတ္ေတြက ဘယ္ကရလဲ။ သူတို႔နဲ႔ နီးစပ္တဲ့ ကုမၸဏီေတြကို ေမးၾကည့္ရင္ သိမွာပါ” ဟု ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ဒုတိယဥကၠ႒ ဦးဘိုဘိုငယ္က ေျပာသည္။

Red dot သည္ ဗဟိုဘဏ္တြင္ လိုင္စင္ေလွ်ာက္ထားျခင္း မရွိသည့္အတြက္ ဗဟိုဘဏ္ႏွင့္ သက္ဆိုင္ျခင္းမရွိဟုဆို


Red Dot ကုမၸဏီတြင္ ကုိယ္စားလွယ္ ႏွစ္ေသာင္းေက်ာ္ရွိကာ အဓိက မိတ္ဖက္မ်ားမွာ ဆက္သြယ္ ေရးေအာ္ပေရတာ ေလးခု ျဖစ္ၿပီး အျခားမိတ္ဖက္မ်ားအျဖစ္ Viber, Ananda, iflix, Viu ႏွင့္ ဘဏ္အခ်ိဳ႕ ပါ၀င္ေၾကာင္း သိရသည္။
အဆုိပါကုမၸဏီသည္ ၂၀၁၄ ခုႏွစ္တြင္ စတင္ထူေထာင္ခဲ့ၿပီး ၂၀၁၅ ဇန္န၀ါရီတြင္ လုပ္ငန္းစတင္ခဲ့ေၾကာင္း သိရသည္။ 
ယင္းအျပင္ Red Dot ဖုန္းဘီလ္ျဖည့္သြင္းျခင္း၀န္ေဆာင္မႈအျပင္ မီတာဘီလ္ေပးေဆာင္ျခင္းႏွင့္ ေဗဒင္ကဲ့သုိ႔ေသာ ၀န္ေဆာင္မႈ မ်ားအတြက္ Red Dot Pay ၀န္ေဆာင္မႈကုိလည္း လုပ္ကုိင္လ်က္ရွိေၾကာင္း သိရသည္။

- စုသက္ႏွင္း (အကုန္သိသတင္းဌာန)

 

Unicode version

Red dot သည် ဗဟိုဘဏ်တွင် လိုင်စင်လျှောက်ထားခြင်း မရှိသည့်အတွက် ဗဟိုဘဏ်နှင့် သက်ဆိုင်ခြင်းမရှိဟုဆို

Red dot သည် ဗဟိုဘဏ်တွင် လိုင်စင်လျှောက်ထားခြင်း မရှိသည့်အတွက် Red dot ကုမ္ပဏီ ပိတ်သိမ်းသွားသည့် ကိစ္စသည် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသည်။
Red dot ကုမ္ပဏီသည်ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှစ၍ ကုမ္ပဏီရုံးခန်းပိတ်ကာ တိမ်းရှောင်သွားခဲ့ပြီး ကိုယ်စားလှယ်အများစု ငွေကြေး နစ်နာမှုများရှိကြောင်း သိရသည်။ 
အဆိုပါ ကုမ္ပဏီသည် ဗဟိုဘဏ်တွင် တရားဝင်လိုင်စင်လျှောက်ထားခြင်း မရှိသည့်အပြင် ဗဟိုဘဏ်မှ ခွင့်ပြုထားခြင်း မရှိ ကြောင်း သိရသည်။

Red dot သည္ ဗဟိုဘဏ္တြင္ လိုင္စင္ေလွ်ာက္ထားျခင္း မရွိသည့္အတြက္ ဗဟိုဘဏ္ႏွင့္ သက္ဆိုင္ျခင္းမရွိဟုဆို


“လက်ရှိ ဖြစ်ပွားနေတဲ့ Red dot ကိစ္စဟာ ဗဟိုဘဏ်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ ဗဟိုဘဏ်ကလည်း ခွင့်မပြုထားပါဘူး။ သူတို့ရဲ့ အဓိကဝန်ဆောင်မှုက ဘေလ်ဖြည့်တာ။ အဲဒီ ပင်နံပါတ်တွေက ဘယ်ကရလဲ။ သူတို့နဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေကို မေးကြည့်ရင် သိမှာပါ” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသည်။

Red dot သည္ ဗဟိုဘဏ္တြင္ လိုင္စင္ေလွ်ာက္ထားျခင္း မရွိသည့္အတြက္ ဗဟိုဘဏ္ႏွင့္ သက္ဆိုင္ျခင္းမရွိဟုဆို


Red Dot ကုမ္ပဏီတွင် ကိုယ်စားလှယ် နှစ်သောင်းကျော်ရှိကာ အဓိက မိတ်ဖက်များမှာ ဆက်သွယ် ရေးအော်ပရေတာ လေးခု ဖြစ်ပြီး အခြားမိတ်ဖက်များအဖြစ် Viber, Ananda, iflix, Viu နှင့် ဘဏ်အချို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ၂၀၁၅ ဇန်နဝါရီတွင် လုပ်ငန်းစတင်ခဲ့ကြောင်း သိရသည်။ 
ယင်းအပြင် Red Dot ဖုန်းဘီလ်ဖြည့်သွင်းခြင်းဝန်ဆောင်မှုအပြင် မီတာဘီလ်ပေးဆောင်ခြင်းနှင့် ဗေဒင်ကဲ့သို့သော ဝန်ဆောင်မှု များအတွက် Red Dot Pay ဝန်ဆောင်မှုကိုလည်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

- စုသက်နှင်း (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။