Skip to main content
လွ်ပ္စစ္ဓာတ္အားထုတ္ေပးရန္ ျပည္သူလူထုမွလိုလားပါက အတတ္ႏိုင္ဆံုးႀကိဳးစားေပးမည္ဟု ေဒၚေအာင္ဆန္းစုၾကည္ ေျပာ 
Ads Block

လွ်ပ္စစ္ဓာတ္အားထုတ္ေပးရန္ ျပည္သူလူထုမွလိုလားပါက အတတ္ႏိုင္ဆံုးႀကိဳးစားေပးမည္ဟု ေဒၚေအာင္ဆန္းစုၾကည္ ေျပာ 

လွ်ပ္စစ္ဓာတ္အားထုတ္ေပးရန္ ျပည္သူလူထုမွလိုလားပါက အတတ္ႏိုင္ဆံုးႀကိဳးစားေပးမည္ျဖစ္ေၾကာင္း ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ကတိေပးေျပာၾကားလုိက္သည္။
ရွမ္းျပည္နယ္၊ က်ိဳင္းတုံၿမိဳ႕တြင္ ေဖေဖၚ၀ါရီလ ၆ ရက္က က်င္းပေသာ လူထုေတြ႔ဆုံပြဲတြင္ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“ေရအားလွ်ပ္စစ္ထုတ္လုပ္ေရးနဲ႔ပတ္သက္လုိ႔နည္းပညာလည္းၾကည့္ရတယ္။ ေဒသခံျပည္သူလူထုရဲ႕ သေဘာထားလည္းၾကည့္ရတယ္။ အားလုံးကတုိက္ဆုိင္ၿပီးေတာ့ သဟဇာတျဖစ္တယ္ဆုိရင္ ကြ်န္မတုိ႔ ဒီလုိစီမံကိန္းေတြကုိလုပ္ေပးဖုိ႔အခက္အခဲမရွိပါဘူး။ လွ်ပ္စစ္ဓာတ္အားထုတ္ေပးဖုိ႔ ျပည္သူလူထုက လုိလားတယ္ဆုိလုိ႔ရွိရင္ ကြ်န္မတုိ႔လည္းအတတ္ႏုိင္ဆုံး ႀကဳိးစားလုပ္ေပးပါမယ္။ ကြ်န္မတုိ႔ႏုိင္ငံမွာဆုိလုိ႔ရွိရင္ သဘာ၀ပတ္၀န္းက်င္နဲ႔ ျပည္သူလူထုရဲ႕ လုိအပ္ခ်က္ ဒီႏွစ္ခုကုိအၿမဲပဲၾကည့္ၿပီးေတာ့ညွိရပါတယ္။ သဘာ၀ပတ္၀န္းက်င္လည္း မပ်က္စီးေအာင္ ျပည္သူလူထုရဲ႕လုိအပ္ခ်က္ေတြလည္းျဖည့္ဆည္းေပးႏုိင္ေအာင္ အဲဒီေတာ့ သဘာ၀ပတ္၀န္းက်င္ဆုိတာ ဒီအတုိင္းပဲထားလုိ႔လည္းမပ်က္စီးပဲရွိတာမဟုတ္ပါဘူး။ ကမၻာႀကီးက သူဟာသူေျပာင္းေနတာပါ။ သဘာ၀ဟာလည္းေျပာင္းေနတာရွိပါတယ္။ လူသားေတြေျပာင္းသလုိ ေျပာင္းေနတာလည္း ရွိပါတယ္။ ဒီႏွစ္ခုကုိခ်င့္ခ်ိန္ၿပီးေတာ့တစ္ရွိန္ထုိးကြ်န္မတုိ႔ကလုပ္ရတာပါ။ ျပည္သူလူထုရဲ႕ ဓာတ္အားလုိအပ္ခ်က္ေတြကုိကြ်န္မတုိ႔အတတ္ႏုိင္ဆုံး ကြ်န္မတုိ႔မွာရွိတဲ့သဘာ၀အရင္းအျမစ္ေတြကုိ သုံးၿပီးေတာ့လုပ္ေပးပါမယ္’’ ဟု ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။
ျမန္မာႏုိင္ငံတြင္ ၂၀၂၀ -၂၀၂၁ ခုနွစ္အတြက္ လွ်ပ္စစ္ဓါတ္အားလုိအပ္ခ်က္သည္ မဂၢါ၀ပ္ ၅၇၀၀ ေက်ာ္ရွိၿပီး ၂၀၁၉ ခုႏွစ္မွ ၂၀၂၂ ခုႏွစ္ထိ ၄ ႏွစ္တာကာလအတြင္း အမ်ားျပည္သူထံ လွ်ပ္စစ္ဓါတ္အား လုံေလာက္စြာ ေပးႏုိင္ရန္ ေဆာင္ရြက္ေနေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္၀န္ႀကီးဌာနမွ သိရသည္။ 
ျမန္မာႏုိင္ငံသည္ ေရအားလွ်ပ္စစ္မွ လွ်ပ္စစ္ဓါတ္အားအမ်ားဆုံးထုတ္လုပ္ၿပီး သဘာ၀ဓါတ္ေငြ႔မွ ဒုတိယ အမ်ားဆံုးထုတ္လုပ္ေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode version

လျှပ်စစ်ဓာတ်အားထုတ်ပေးရန် ပြည်သူလူထုမှလိုလားပါက အတတ်နိုင်ဆုံးကြိုးစားပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော 

လျှပ်စစ်ဓာတ်အားထုတ်ပေးရန် ပြည်သူလူထုမှလိုလားပါက အတတ်နိုင်ဆုံးကြိုးစားပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပေးပြောကြားလိုက်သည်။
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ဖေဖေါ်ဝါရီလ ၆ ရက်က ကျင်းပသော လူထုတွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ရေအားလျှပ်စစ်ထုတ်လုပ်ရေးနဲ့ပတ်သက်လို့နည်းပညာလည်းကြည့်ရတယ်။ ဒေသခံပြည်သူလူထုရဲ့ သဘောထားလည်းကြည့်ရတယ်။ အားလုံးကတိုက်ဆိုင်ပြီးတော့ သဟဇာတဖြစ်တယ်ဆိုရင် ကျွန်မတို့ ဒီလိုစီမံကိန်းတွေကိုလုပ်ပေးဖို့အခက်အခဲမရှိပါဘူး။ လျှပ်စစ်ဓာတ်အားထုတ်ပေးဖို့ ပြည်သူလူထုက လိုလားတယ်ဆိုလို့ရှိရင် ကျွန်မတို့လည်းအတတ်နိုင်ဆုံး ကြိုးစားလုပ်ပေးပါမယ်။ ကျွန်မတို့နိုင်ငံမှာဆိုလို့ရှိရင် သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက် ဒီနှစ်ခုကိုအမြဲပဲကြည့်ပြီးတော့ညှိရပါတယ်။ သဘာဝပတ်ဝန်းကျင်လည်း မပျက်စီးအောင် ပြည်သူလူထုရဲ့လိုအပ်ချက်တွေလည်းဖြည့်ဆည်းပေးနိုင်အောင် အဲဒီတော့ သဘာဝပတ်ဝန်းကျင်ဆိုတာ ဒီအတိုင်းပဲထားလို့လည်းမပျက်စီးပဲရှိတာမဟုတ်ပါဘူး။ ကမ္ဘာကြီးက သူဟာသူပြောင်းနေတာပါ။ သဘာဝဟာလည်းပြောင်းနေတာရှိပါတယ်။ လူသားတွေပြောင်းသလို ပြောင်းနေတာလည်း ရှိပါတယ်။ ဒီနှစ်ခုကိုချင့်ချိန်ပြီးတော့တစ်ရှိန်ထိုးကျွန်မတို့ကလုပ်ရတာပါ။ ပြည်သူလူထုရဲ့ ဓာတ်အားလိုအပ်ချက်တွေကိုကျွန်မတို့အတတ်နိုင်ဆုံး ကျွန်မတို့မှာရှိတဲ့သဘာဝအရင်းအမြစ်တွေကို သုံးပြီးတော့လုပ်ပေးပါမယ်’’ ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ -၂၀၂၁ ခုနှစ်အတွက် လျှပ်စစ်ဓါတ်အားလိုအပ်ချက်သည် မဂ္ဂါဝပ် ၅၇၀၀ ကျော်ရှိပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ ၄ နှစ်တာကာလအတွင်း အများပြည်သူထံ လျှပ်စစ်ဓါတ်အား လုံလောက်စွာ ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ 
မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်မှ လျှပ်စစ်ဓါတ်အားအများဆုံးထုတ်လုပ်ပြီး သဘာဝဓါတ်ငွေ့မှ ဒုတိယ အများဆုံးထုတ်လုပ်ကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။