Skip to main content
Ads Block










 

Unicode version

ငြိမ်းချမ်းရေးကို မဖြစ်နိုင်သောတစ်ဖက်သတ်တောင်းဆိုမှုများဖြင့် မစဉ်းစားကြရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြော 

ငြိမ်းချမ်းရေးကို မဖြစ်နိုင်သောတစ်ဖက်သတ် တောင်းဆိုမှုများဖြင့်မစဉ်းစားကြရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗန်းမော်တပ်နယ် ရှိအရာရှိ ၊စစ်သည်များ၊မသားစုဝင်များနှင့် ဖေဖေါ်ဝါရီလ ၅ ရက် က တွေ့ဆုံရာတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။



တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောကြားရာတွင် ကချင်ပြည်နယ်အတွင်း ဗမာနှင့် ရှမ်းတိုင်းရင်းသားများသည် ကချင်တိုင်းရင်းသားများထက်လူဦးရေပိုများနေကြောင်း၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ရန်လိုမှုများရှိလျင် ငြိမ်းချမ်းရေးကိုရရှိနိုင်မည်မဟုတ်ကြောင်း၊ နိုင်ငံတိုင်းတွင် တစ်ခုတည်းသော တပ်မတော်သာရှိကြောင်း၊ မိမိတို့တပ်မတော်တွင်တိုင်းရင်းသားပေါင်းစုံ တာဝန်ထမ်းဆောင် နေကြကြောင်း၊ ငြိမ်းချမ်းရေးအားမဖြစ်နိုင်သောတစ်ဖက်သတ်တောင်းဆိုမှုများဖြင့်မစဉ်းစားဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တစ်နိုင်ငံလုံးအတွက် မျှမျှတတစဉ်းစားပြီး စည်းလုံးညီညွတ်သည့် ပြည်ထောင်စုနိုင်ငံဖြစ်ရန် ရည်မှန်းချက်ထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပါရှိသည်။ 



ပြီးခဲ့သော ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့်လားဟူဒီမိုကရက်တစ်ပါတီတို့ ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။
ကျန်ရှိနေသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ KIA ၊ SSPP ၊ TNLA ၊ KNPP ၊ MMDA စသည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ဖြစ်သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။