Skip to main content
အတိတ္ကုိ လက္ညဳိးထုိးေနမည့္အစား ပစၥဳပၸန္တြင္အေျဖရွာရန္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ေျပာ 
Ads Block

အတိတ္ကုိ လက္ညဳိးထုိးေနမည့္အစား ပစၥဳပၸန္တြင္အေျဖရွာရန္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ေျပာ 

အတိတ္ကုိ လက္ညဳိးထုိးေနမည့္အစား ပစၥဳပၸန္တြင္အေျဖရွာရန္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေျပာလိုက္သည္။
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ေပၚရွိ ခရစ္ယာန္ဘာသာေရးဆုိင္ရာေခါင္းေဆာင္မ်ားႏွင့္ ေဖေဖၚ၀ါရီလ ၅ ရက္က ေတြ႔ဆုံရာတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ 

အတိတ္ကုိ လက္ညဳိးထုိးေနမည့္အစား ပစၥဳပၸန္တြင္အေျဖရွာရန္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ေျပာ 


တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွေျပာၾကားရာတြင္ တပ္မေတာ္၏အဓိကတာ၀န္မွာ ႏုိင္ငံေတာ္ကာကြယ္ေရးျဖစ္ၿပီး အမ်ိဳးသား၊ ႏုိင္ငံေရးႏွင့္ ႏုိင္ငံ့အေရးကုိထမ္းေဆာင္လ်က္ရွိေၾကာင္း၊ တပ္မေတာ္သာမက ႏုိင္ငံသားတုိင္းသည္ အမ်ိဳးသားႏုိင္ငံေရးႏွင့္ ႏုိင္ငံ့အေရးကုိ အစြဲမႀကီးအစြန္းမေရာက္ဘဲ တုိင္းျပည္ခ်စ္စိတ္ျဖင့္ ေဆာင္ရြက္ရန္လုိေၾကာင္း၊ တပ္မေတာ္သည္ႏုိင္ငံေတာ္၏အစိတ္အပုိင္းတစ္ခုျဖစ္ၿပီး တပ္မေတာ္သားမ်ားသည္လည္း သာမန္ျပည္သူမ်ားမွေမြးဖြားလာၾကသည့္ ျပည္သူမ်ား၏အစိတ္အပုိင္းတစ္ခု ျဖစ္ေၾကာင္း သိရသည္။
တပ္မေတာ္သားမ်ားႏွင့္ျပည္သူ၊ တပ္မေတာ္သားမ်ားႏွင့္ႏိုင္ငံေတာ္ တစ္သားတည္းျဖစ္ေနရန္ လုိေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔အေနျဖင့္ ျပည္သူ႕ဆက္ဆံေရးေကာင္းမြန္ေအာင္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ အတိတ္ကုိလက္ၫႇဳိးထုိးေနမည့္အစားသင္ခန္းစာယူၿပီးပစၥဳပၸန္တြင္အေျဖရွာ၍မိမိတုိ႔တုိင္းျပည္၏ အနာဂါတ္ေကာင္းမြန္ေအာင္ အားလုံး၀ုိင္း၀န္း ႀကိဳးပမ္းေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ 
လက္ရွိတြင္ ကခ်င္ျပည္နယ္၊ လုိင္ဇာဌာနခ်ဳပ္တြင္တည္ရွိေသာ KIO ကခ်င္တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔မွာ အပစ္ရပ္ NCA လက္မွတ္ေရးထုိးရန္ က်န္ရွိေနေသးေၾကာင္းသိရသည္။
ေဖေဖၚ၀ါရီ ၁၂ ရက္ ျပည္ေထာင္စုေန႔၀န္းက်င္တြင္ KIO အဖြဲ႔သည္ အစုိးရႏွင့္တရား၀င္ေတြ႔ဆုံႏုိင္ဖြယ္ ရွိေၾကာင္းလည္း သိရသည္။

- မင္းသီဟန္(အကုန္သိ သတင္းဌာန)


Unicode version

အတိတ်ကို လက်ညိုးထိုးနေမည့်အစား ပစ္စုပ္ပန်တွင်အဖြေရှာရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော 
အတိတ်ကို လက်ညိုးထိုးနေမည့်အစား ပစ္စုပ္ပန်တွင်အဖြေရှာရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ခရစ်ယာန်ဘာသာရေးဆိုင်ရာခေါင်းဆောင်များနှင့် ဖေဖေါ်ဝါရီလ ၅ ရက်က တွေ့ဆုံရာတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှပြောကြားရာတွင် တပ်မတော်၏အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးဖြစ်ပြီး အမျိုးသား၊ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကိုထမ်းဆောင်လျက်ရှိကြောင်း၊ တပ်မတော်သာမက နိုင်ငံသားတိုင်းသည် အမျိုးသားနိုင်ငံရေးနှင့် နိုင်ငံ့အရေးကို အစွဲမကြီးအစွန်းမရောက်ဘဲ တိုင်းပြည်ချစ်စိတ်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်သည်နိုင်ငံတော်၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်သားများသည်လည်း သာမန်ပြည်သူများမှမွေးဖွားလာကြသည့် ပြည်သူများ၏အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သိရသည်။
တပ်မတော်သားများနှင့်ပြည်သူ၊ တပ်မတော်သားများနှင့်နိုင်ငံတော် တစ်သားတည်းဖြစ်နေရန် လိုကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် ပြည်သူ့ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ အတိတ်ကိုလက်ညှိုးထိုးနေမည့်အစားသင်ခန်းစာယူပြီးပစ္စုပ္ပန်တွင်အဖြေရှာ၍မိမိတို့တိုင်းပြည်၏ အနာဂါတ်ကောင်းမွန်အောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
လက်ရှိတွင် ကချင်ပြည်နယ်၊ လိုင်ဇာဌာနချုပ်တွင်တည်ရှိသော KIO ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာ အပစ်ရပ် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးကြောင်းသိရသည်။
ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ဝန်းကျင်တွင် KIO အဖွဲ့သည် အစိုးရနှင့်တရားဝင်တွေ့ဆုံနိုင်ဖွယ် ရှိကြောင်းလည်း သိရသည်။

- မင်းသီဟန်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။