Skip to main content
၆ လအတြင္း ရန္ကုန္ၿမိဳ႕တြင္းယာဥ္လိုင္း ၃ လိုင္း၌ YPS ကတ္စနစ္တပ္ဆင္မည္
Ads Block

၆ လအတြင္း ရန္ကုန္ၿမိဳ႕တြင္းယာဥ္လိုင္း ၃ လိုင္း၌ YPS ကတ္စနစ္တပ္ဆင္မည္

YPS ကတ္စနစ္အတြက္ MIC မွခြင့္ျပဳခ်က္ရရွိၿပီးျဖစ္သည့္အတြက္ ၆ လအတြင္း ၿမိဳ႕တြင္းယာဥ္လိုင္းမ်ား ျဖစ္သည့္ YBS 56 ၊ YBS 57 ၊ YBS 58 ယာဥ္လိုင္းတို႔တြင္ စတင္တပ္ဆင္အသံုးျပဳသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔မွ သိရသည္။
YBS ယာဥ္လိုင္းမ်ားတြင္ အသံုးျပဳမည့္ ကတ္စနစ္အတြက္ MIC ခြင့္ျပဳခ်က္ကို ေစာင့္ဆိုင္းေနရသည့္အတြက္ သတ္မွတ္ရက္ထက္ ၾကန္႔ၾကာေနျခင္းျဖစ္ကာ ယခုအခါ ခြင့္ျပဳခ်က္ရရွိၿပီျဖစ္၍ စက္ပစၥည္းမ်ား မွာယူထားၿပီး ကနဦးအစတြင္ ယာဥ္အစီးေရ ၂၀၀၀ ေက်ာ္၌ တပ္ဆင္မည္ျဖစ္ေၾကာင္း သိရသည္။
“အမွန္က MIC ကိုခြင့္ျပဳခ်က္တင္ရေသးတယ္။ သူတို႔က ခြင့္မျပဳေသးေတာ့ သတ္မွတ္ထားတဲ့ကာလထက္ ၾကာသြားတာပါ။ အရင္ဦးဆံုးၿမိဳ႕တြင္းယာဥ္လိုင္းေတြမွာ တပ္ဆင္မွာပါ။ စက္ပစၥည္းေတြကေတာ့ မွာထားၿပီ။ ၿပီးေတာ့ ကတ္ကို ယာဥ္စီးခေပးေခ်တဲ့ေနရာတင္မဟုတ္ဘဲ အကုန္လံုးအသံုးျပဳႏိုင္ေအာင္လုပ္မွာပါ။ ႏိုင္ငံျခားသားေတြပါ အသံုးျပဳႏိုင္ေအာင္ ဗီဇာစနစ္ပါ ထည့္သြင္းသြားမွာပါ” ဟု ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔မွအတြင္းေရးမွဴး ေဒါက္တာေမာင္ေအာင္က ေျပာသည္။
အဆိုပါကတ္စနစ္ေဆာင္ရြက္ႏိုင္ရန္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရပိုင္ Yangon Payment Services ကုမၸဏီလီမိတက္ႏွင့္ လုပ္ကိုင္ခြင့္ရရွိသည့္ကုမၸဏီတို႔အၾကား Master Agreement ကို မၾကာမီ လက္မွတ္ေရးထိုးၿပီးျဖစ္ကာ အဆိုပါ လက္မွတ္ေရးထိုးၿပီးခ်ိန္မွစ၍ ၉ လ အတြင္း ယာဥ္အစီးေရ ၄၀၀၀ တြင္ တပ္ဆင္အသံုးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

 

Unicode version

၆ လအတွင်း ရန်ကုန်မြို့တွင်းယာဉ်လိုင်း ၃ လိုင်း၌ YPS ကတ်စနစ်တပ်ဆင်မည်
 

YPS ကတ်စနစ်အတွက် MIC မှခွင့်ပြုချက်ရရှိပြီးဖြစ်သည့်အတွက် ၆ လအတွင်း မြို့တွင်းယာဉ်လိုင်းများ ဖြစ်သည့် YBS 56 ၊ YBS 57 ၊ YBS 58 ယာဉ်လိုင်းတို့တွင် စတင်တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။
YBS ယာဉ်လိုင်းများတွင် အသုံးပြုမည့် ကတ်စနစ်အတွက် MIC ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရသည့်အတွက် သတ်မှတ်ရက်ထက် ကြန့်ကြာနေခြင်းဖြစ်ကာ ယခုအခါ ခွင့်ပြုချက်ရရှိပြီဖြစ်၍ စက်ပစ္စည်းများ မှာယူထားပြီး ကနဦးအစတွင် ယာဉ်အစီးရေ ၂၀၀၀ ကျော်၌ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။
“အမှန်က MIC ကိုခွင့်ပြုချက်တင်ရသေးတယ်။ သူတို့က ခွင့်မပြုသေးတော့ သတ်မှတ်ထားတဲ့ကာလထက် ကြာသွားတာပါ။ အရင်ဦးဆုံးမြို့တွင်းယာဉ်လိုင်းတွေမှာ တပ်ဆင်မှာပါ။ စက်ပစ္စည်းတွေကတော့ မှာထားပြီ။ ပြီးတော့ ကတ်ကို ယာဉ်စီးခပေးချေတဲ့နေရာတင်မဟုတ်ဘဲ အကုန်လုံးအသုံးပြုနိုင်အောင်လုပ်မှာပါ။ နိုင်ငံခြားသားတွေပါ အသုံးပြုနိုင်အောင် ဗီဇာစနစ်ပါ ထည့်သွင်းသွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှအတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
အဆိုပါကတ်စနစ်ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရပိုင် Yangon Payment Services ကုမ္ပဏီလီမိတက်နှင့် လုပ်ကိုင်ခွင့်ရရှိသည့်ကုမ္ပဏီတို့အကြား Master Agreement ကို မကြာမီ လက်မှတ်ရေးထိုးပြီးဖြစ်ကာ အဆိုပါ လက်မှတ်ရေးထိုးပြီးချိန်မှစ၍ ၉ လ အတွင်း ယာဉ်အစီးရေ ၄၀၀၀ တွင် တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။