Skip to main content
ဘြဲ႔ရအလုပ္လက္မဲ့ဆုိသည္မွာ ႏုိင္ငံတကာတြင္လည္းရွိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကား
Ads Block

ဘြဲ႔ရအလုပ္လက္မဲ့ဆုိသည္မွာ ႏုိင္ငံတကာတြင္လည္းရွိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကား

ဘြဲ႔ရအလုပ္လက္မဲ့ဆုိသည္မွာ ျမန္မာတစ္ႏုိင္ငံတစ္ႏုိင္ငံထဲ၌သာမဟုတ္ဘဲ ႏုိင္ငံတကာတြင္လည္းရွိေၾကာင္း ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။
ရွမ္းျပည္နယ္၊ က်ိဳင္းတုံၿမိဳ႕တြင္ ေဖေဖၚ၀ါရီလ ၆ ရက္ကက်င္းပေသာလူထုေတြ႔ဆုံပြဲတြင္ ယခုကဲ့သို႔ေျပာျခင္း ျဖစ္သည္။ 
“ ကြ်န္မတုိ႔ႏုိင္ငံမွာဆုိလုိ႔ရွိရင္ ဘြဲ႔ရအလုပ္မဲ့၊ အလုပ္မဲ့ဘြဲ႔ရဆုိၿပီးခဏခဏေျပာၾကပါတယ္။ အဲဒီလုိမဟုတ္ပါဘူး။ တကယ္ေတာ့ ဒါကြ်န္မတုိ႔ႏုိင္ငံမွာတင္မဟုတ္ပါဘူး။ ကမၻာအႏွံ႔အျပားမွာဒီျပႆနာဟာတက္လာပါၿပီ။ တကၠသုိလ္ဘြဲ႔ရၿပီးေတာ့ အလုပ္အကုိင္မရႏုိင္တဲ့ျပႆနာ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ႏုိင္ငံရဲ႕ ဖြံ႕ၿဖိဳးတုိးတက္မႈနဲ႔ ဆုိင္တဲ့ လုိအပ္ခ်က္ေတြနဲ႔ တကၠသုိလ္ကရတဲ့ဘြဲ႔ေတြနဲ႔က အၿမဲပဲစပ္ဟပ္မႈရွိတာေတာ့ မဟုတ္ပါဘူး။ အဲဒီေတာ့ ဘာျမင္လာလဲဆုိေတာ့ တစ္ကမၻာလုံးမွာျမင္လာၾကတာ အသက္ေမြး၀မ္းေက်ာင္းသင္တန္းေတြက အထူးအေရးႀကီးတယ္ဆုိတာ ျမင္လာၾကပါတယ္။ ကြ်န္မတုိ႔ႏုိင္ငံမွာလည္း အသက္ေမြး၀မ္းေက်ာင္း သင္တန္းေတြကုိ အထူးျမွင့္တင္ၿပီးေဆာင္ရြက္ေနပါတယ္’’ ဟု ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။ 
ျမန္မာႏုိင္ငံတြင္ ဘြဲ႔ရပညာတတ္မ်ားအေနျဖင့္ လုပ္ငန္းအေတြ႔အႀကဳံရွိမႈႏွင့္ သင္တန္းဆင္း လက္မွတ္မ်ားအေပၚ မူတည္၍ တစ္လလွ်င္ လစာေငြက်ပ္ ႏွစ္သိန္း ၊ သုံးသိန္းမွ က်ပ္ ငါးသိန္းအထိရရွိၾကေၾကာင္း သိရသည္။
အလုပ္အကုိင္အမ်ားဆုံးရရွိေသာ ေက်ာင္းမ်ားမွာ စီးပြားေရးတကၠသုိလ္၊ ပညာေရးတကၠသုိလ္၊ ေဆးတကၠသုိလ္၊ နည္းပညာတကၠသုိလ္ႏွင့္ ၀ိဇၨာသိပၸံတကၠသုိလ္တုိ႔ျဖစ္ေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode version

ဘွဲ့ရအလုပ်လက်မဲ့ဆိုသည်မှာ နိုင်ငံတကာတွင်လည်းရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဘွဲ့ရအလုပ်လက်မဲ့ဆိုသည်မှာ မြန်မာတစ်နိုင်ငံတစ်နိုင်ငံထဲ၌သာမဟုတ်ဘဲ နိုင်ငံတကာတွင်လည်းရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ဖေဖေါ်ဝါရီလ ၆ ရက်ကကျင်းပသောလူထုတွေ့ဆုံပွဲတွင် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။ 
“ ကျွန်မတို့နိုင်ငံမှာဆိုလို့ရှိရင် ဘွဲ့ရအလုပ်မဲ့၊ အလုပ်မဲ့ဘွဲ့ရဆိုပြီးခဏခဏပြောကြပါတယ်။ အဲဒီလိုမဟုတ်ပါဘူး။ တကယ်တော့ ဒါကျွန်မတို့နိုင်ငံမှာတင်မဟုတ်ပါဘူး။ ကမ္ဘာအနှံ့အပြားမှာဒီပြဿနာဟာတက်လာပါပြီ။ တက္ကသိုလ်ဘွဲ့ရပြီးတော့ အလုပ်အကိုင်မရနိုင်တဲ့ပြဿနာ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆိုင်တဲ့ လိုအပ်ချက်တွေနဲ့ တက္ကသိုလ်ကရတဲ့ဘွဲ့တွေနဲ့က အမြဲပဲစပ်ဟပ်မှုရှိတာတော့ မဟုတ်ပါဘူး။ အဲဒီတော့ ဘာမြင်လာလဲဆိုတော့ တစ်ကမ္ဘာလုံးမှာမြင်လာကြတာ အသက်မွေးဝမ်းကျောင်းသင်တန်းတွေက အထူးအရေးကြီးတယ်ဆိုတာ မြင်လာကြပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း အသက်မွေးဝမ်းကျောင်း သင်တန်းတွေကို အထူးမြှင့်တင်ပြီးဆောင်ရွက်နေပါတယ်’’ ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 
မြန်မာနိုင်ငံတွင် ဘွဲ့ရပညာတတ်များအနေဖြင့် လုပ်ငန်းအတွေ့အကြုံရှိမှုနှင့် သင်တန်းဆင်း လက်မှတ်များအပေါ် မူတည်၍ တစ်လလျှင် လစာငွေကျပ် နှစ်သိန်း ၊ သုံးသိန်းမှ ကျပ် ငါးသိန်းအထိရရှိကြကြောင်း သိရသည်။
အလုပ်အကိုင်အများဆုံးရရှိသော ကျောင်းများမှာ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တို့ဖြစ်ကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။