Skip to main content
ဇြဲကပင္ေတာင္ကို ေနာင္လာေနာင္သားမ်ားအတြက္ အေမြအျဖစ္ခ်န္ထားခဲ့လိုဟု ကရင္ျပည္နယ္၀န္ႀကီးခ်ဳပ္ ေျပာ 
Ads Block

ဇြဲကပင္ေတာင္ကို ေနာင္လာေနာင္သားမ်ားအတြက္ အေမြအျဖစ္ခ်န္ထားခဲ့လိုဟု ကရင္ျပည္နယ္၀န္ႀကီးခ်ဳပ္ ေျပာ 

ဇြဲကပင္ေတာင္ကိုမပ်က္စီးေစရန္ ထိန္းသိမ္းၿပီး ေနာင္လာေနာင္သားမ်ားအတြက္ အေမြအျဖစ္ခ်န္ထားခဲ့လိုဟု ကရင္ျပည္နယ္အစိုးရအဖြဲ႕မွ၀န္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္က ေျပာသည္။ 
ေဖေဖၚ၀ါရီလ ၅ ရက္က က်င္းပေသာ ဒုတိယအႀကိမ္ကရင္ျပည္နယ္လႊတ္ေတာ္၊ န၀မ ပုံမွန္အစည္းအေ၀း ဒုတိယေန႔တြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
 “ ကြ်န္မေမတၱာရပ္ခံခ်င္တာ တပ္မေတာ္သားလႊတ္ေတာ္ကုိယ္စားလွယ္မ်ားကလည္း ကြ်န္မတုိ႔ ကရင္ျပည္နယ္က ဇြဲကပင္ေတာင္ႀကီး မဆုံးရံႈးသြားရေလေအာင္ ၀ုိင္း၀န္းကာကြယ္ေစာင့္ေရွာက္ေပးၾကပါ။ ကြ်န္မတုိ႔ကဇြဲကပင္ေတာင္ႀကီးကုိ ရင္းႏွီးျမဳပ္ႏွံၿပီးေတာ့ အပြန္းအပဲ့ခံၿပီးေတာ့ ရွာစားခ်င္တဲ့စိတ္ ကြ်န္မတုိ႔မွာ မရွိဘူး။ ကုိယ့္ေျခေထာက္ေပၚရပ္ၿပီး ကုိယ့္ဘာသာရွာၾကံစားပါေတာ့မယ္။ အဲဒီလုိႀကီးေတာ့ ဇြဲကပင္ေတာင္ႀကီးကုိေနာင္လာေနာင္သားေတြအတြက္ အင္မတန္ရွားပါးသြားမယ့္ အေမြေကာင္းတစ္ခု အေနနဲ႔ပဲ ထားခဲ့ခ်င္ပါတယ္” ဟု ကရင္ျပည္နယ္အစိုးရအဖြဲ႕မွ၀န္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္က ေျပာသည္။ 
အဆိုပါအစည္းအေ၀းတြင္ “ ဇြဲကပင္ေတာင္ထိပ္ရွိဆံေတာ္ရွင္ေစတီအား အမ်ားျပည္သူမွ အခ်ိန္တုိအတြင္း ဖူးေမွ်ာ္ၾကည္ညဳိႏုိင္ေရးအတြက္ ေကဘယ္ကားစီမံကိန္းတစ္ခုႏွင့္ အျခားလုပ္ငန္းတစ္ခုတုိ႔အား အစုိးရအဖြဲ႔အေနျဖင့္ ကူညီေဆာင္ရြက္ေပးႏုိင္ျခင္းရွိမရွိ” တပ္မေတာ္သားကုိယ္စားလွယ္ ဗုိလ္ႀကီးေအာင္ျမင့္ထြန္း၏ ေမးျမန္းခ်က္ကို အထက္ပါကဲ့သို႔ ျပန္လည္ေျဖၾကားျခင္းျဖစ္သည္။ 
ဇြဲကပင္ေတာင္ပတ္လမ္းႏွင့္ ေကဘယ္ကားေဆာက္လုပ္ပါက သဘာ၀ပတ္၀န္းက်င္ထိခုိက္ၿပီး လုပ္ငန္းမ်ားလုပ္ေဆာင္ျခင္းေၾကာင့္ ေတာင္မ်ားပဲ့ထြက္ကာပ်က္စီးႏုိင္ေၾကာင္း သိရသည္။ 

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode version

ဇွဲကပင်တောင်ကို နောင်လာနောင်သားများအတွက် အမွေအဖြစ်ချန်ထားခဲ့လိုဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် ပြော 

ဇွဲကပင်တောင်ကိုမပျက်စီးစေရန် ထိန်းသိမ်းပြီး နောင်လာနောင်သားများအတွက် အမွေအဖြစ်ချန်ထားခဲ့လိုဟု ကရင်ပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။ 
ဖေဖေါ်ဝါရီလ ၅ ရက်က ကျင်းပသော ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်၊ နဝမ ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဇြဲကပင္ေတာင္ကို ေနာင္လာေနာင္သားမ်ားအတြက္ အေမြအျဖစ္ခ်န္ထားခဲ့လိုဟု ကရင္ျပည္နယ္၀န္ႀကီးခ်ဳပ္ ေျပာ 


 “ ကျွန်မမေတ္တာရပ်ခံချင်တာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကလည်း ကျွန်မတို့ ကရင်ပြည်နယ်က ဇွဲကပင်တောင်ကြီး မဆုံးရှုံးသွားရလေအောင် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးကြပါ။ ကျွန်မတို့ကဇွဲကပင်တောင်ကြီးကို ရင်းနှီးမြုပ်နှံပြီးတော့ အပွန်းအပဲ့ခံပြီးတော့ ရှာစားချင်တဲ့စိတ် ကျွန်မတို့မှာ မရှိဘူး။ ကိုယ့်ခြေထောက်ပေါ်ရပ်ပြီး ကိုယ့်ဘာသာရှာကြံစားပါတော့မယ်။ အဲဒီလိုကြီးတော့ ဇွဲကပင်တောင်ကြီးကိုနောင်လာနောင်သားတွေအတွက် အင်မတန်ရှားပါးသွားမယ့် အမွေကောင်းတစ်ခု အနေနဲ့ပဲ ထားခဲ့ချင်ပါတယ်” ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။ 
အဆိုပါအစည်းအဝေးတွင် “ ဇွဲကပင်တောင်ထိပ်ရှိဆံတော်ရှင်စေတီအား အများပြည်သူမှ အချိန်တိုအတွင်း ဖူးမျှော်ကြည်ညိုနိုင်ရေးအတွက် ကေဘယ်ကားစီမံကိန်းတစ်ခုနှင့် အခြားလုပ်ငန်းတစ်ခုတို့အား အစိုးရအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်ခြင်းရှိမရှိ” တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးအောင်မြင့်ထွန်း၏ မေးမြန်းချက်ကို အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ 
ဇွဲကပင်တောင်ပတ်လမ်းနှင့် ကေဘယ်ကားဆောက်လုပ်ပါက သဘာဝပတ်ဝန်းကျင်ထိခိုက်ပြီး လုပ်ငန်းများလုပ်ဆောင်ခြင်းကြောင့် တောင်များပဲ့ထွက်ကာပျက်စီးနိုင်ကြောင်း သိရသည်။ 

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။