Skip to main content
အစားအစာေၾကာင့္ ကင္ဆာျဖစ္ပြားမႈ မေလ်ာ့ေသးသည့္အျပင္ ေဆး၀ါးအတုမ်ားေၾကာင့္ပါ ပိုဆိုးေနဟုဆို
Ads Block

အစားအစာေၾကာင့္ ကင္ဆာျဖစ္ပြားမႈ မေလ်ာ့ေသးသည့္အျပင္ ေဆး၀ါးအတုမ်ားေၾကာင့္ပါ ပိုဆိုးေနဟုဆို

အစားအစာမ်ားတြင္ ပါ၀င္ေနေသာ ဓာတုပစၥည္းမ်ားေၾကာင့္ ျမန္မာႏုိင္ငံတြင္ ကင္ဆာေရာဂါ ျဖစ္ပြားမႈ မေလ်ာ့က် ေသးသည့္ အျပင္ ေဆး၀ါးအတုမ်ားေၾကာင့္ ပိုမိုျဖစ္ပြားေနသည္မွာ စိုးရိမ္စရာျဖစ္ေနေၾကာင္း ျမန္မာႏုိင္ငံ စာသံုးသူကာကြယ္ေရးအသင္း (ဗဟို)၏ ဒုဥကၠ႒ ဦးလွစိုးက ေျပာသည္။
ေဖေဖာ္၀ါရီလ (၄)ရက္ မနက္ပိုင္းက ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံေရွ႕တြင္ က်င္းပေသာ ကမၻာ့ကင္ဆာေန႔ အထိမ္းအမွတ္ အခမ္းအနားတြင္ အထက္ပါအတိုင္း ေျပာၾကားလိုက္ျခင္း ျဖစ္သည္။
“ ကင္ဆာ ျဖစ္ပြားမႈက အစားအစာေတြေၾကာင့္ ျဖစ္ပြားေနတာက မေလ်ာ့ေသးတဲ့အျပင္ ေဆး၀ါးေတြေၾကာင့္ပါ အခုဆို ပိုၿပီး အျဖစ္မ်ားလာတယ္၊ ေဆးေတြက ေရာဂါမေပ်ာက္တဲ့အျပင္ ေဘးထြက္ဆိုးက်ိဳးေတြေၾကာင့္ ေရာဂါကို ပိုျဖစ္တယ္ေလ၊ အစားအ ေသာက္ေတြမွာလည္း ဓာတုပစၥည္းပါ၀င္တဲ့အရာေတြ ေတာ္ေတာ္မ်ားပါတယ္၊ ဒါေၾကာင့္ ကင္ဆာျဖစ္ပြားမႈက ပိုၿပီးတိုးလာ ေန တာပါ” ဟု ဦးလွစိုးက ေျပာသည္။

အစားအစာေၾကာင့္ ကင္ဆာျဖစ္ပြားမႈ မေလ်ာ့ေသးသည့္အျပင္ ေဆး၀ါးအတုမ်ားေၾကာင့္ပါ ပိုဆိုးေနဟုဆို

ကမၻာ့ကင္ဆာေန႔ အခမ္းအနားတြင္ ေအာ္ဂဲနစ္ စိုက္ပ်ိဳးေရးပစၥည္းမ်ား ေရာင္းခ်ေပးေသာ ေစ်းေရာင္းပြဲေတာ္ ပါ၀င္ၿပီး၊ ေဘးကင္း စိတ္ခ်ရသည့္ အစားအေသာက္မ်ားကို စားသံုးသူ ျပည္သူမ်ား စားသံုးႏုိင္ေရး ရည္ရြယ္ခ်က္ျဖင့္ ယခု ေစ်းေရာင္းပြဲေတာ္ကို ထည့္သြင္း က်င္းပရျခင္း ျဖစ္သည္ဟု ဆိုသည္။
ကင္ဆာ ျဖစ္ပြားမႈမွာ အေၾကာင္းအရင္း သံုးခ်က္ရွိၿပီး သဘာ၀ပတ္၀န္းက်င္ႏွင့္ ဆိုင္ေသာ ေလထုညစ္ညမ္းမႈေၾကာင့္ ျဖစ္ပြား ျခင္း၊ စားေသာက္ေနထိုင္မႈႏွင့္ အႏၱာရာယ္ ျဖစ္ေစသည့္ အစားအေသာက္မ်ားေၾကာင့္ ျဖစ္ပြားျခင္းႏွင့္ မ်ိဳးရုိးဗီဇေၾကာင့္ ျဖစ္ ပြားျခင္းတို႕ ျဖစ္သည္။
ျမန္မာႏုိင္ငံတြင္ ေရာဂါျဖစ္ပြားမႈ အမ်ားဆံုး ဒုတိယေနရာတြင္ ကင္ဆာေရာဂါ ျဖစ္ေနၿပီး၊ ေရာဂါ ျဖစ္ပြားမႈကို ကာကြယ္ရန္မွာ ေအာ္ဂဲနစ္နည္းပညာျဖင့္ စိုက္ပိ်ဳးထုတ္လုပ္ထားေသာ သီးႏွံမ်ားကို စားသံုးျခင္း ျဖစ္သည္။
ေအာ္ဂဲနစ္ေစ်းကြက္ကို ျမန္မာႏုိင္ငံစားသံုးသူ ကာကြယ္ေရးအသင္း အေနျဖင့္ ရန္ကုန္ၿမိဳ႕ရွိ ေနရာေတာ္ေတာ္မ်ားမ်ားတြင္ ဖြင့္လွစ္ေပးထားေၾကာင္းလည္း သိရသည္။

 - ထက္ေ၀လင္း(အကုန္သိ သတင္းဌာန)

Unicode version

အစားအစာကြောင့် ကင်ဆာဖြစ်ပွားမှု မလျော့သေးသည့်အပြင် ဆေးဝါးအတုများကြောင့်ပါ ပိုဆိုးနေဟုဆို

အစားအစာများတွင် ပါဝင်နေသော ဓာတုပစ္စည်းများကြောင့် မြန်မာနိုင်ငံတွင် ကင်ဆာရောဂါ ဖြစ်ပွားမှု မလျော့ကျ သေးသည့် အပြင် ဆေးဝါးအတုများကြောင့် ပိုမိုဖြစ်ပွားနေသည်မှာ စိုးရိမ်စရာဖြစ်နေကြောင်း မြန်မာနိုင်ငံ စာသုံးသူကာကွယ်ရေးအသင်း (ဗဟို)၏ ဒုဥက္ကဋ္ဌ ဦးလှစိုးက ပြောသည်။
ဖေဖော်ဝါရီလ (၄)ရက် မနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ကျင်းပသော ကမ္ဘာ့ကင်ဆာနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ ကင်ဆာ ဖြစ်ပွားမှုက အစားအစာတွေကြောင့် ဖြစ်ပွားနေတာက မလျော့သေးတဲ့အပြင် ဆေးဝါးတွေကြောင့်ပါ အခုဆို ပိုပြီး အဖြစ်များလာတယ်၊ ဆေးတွေက ရောဂါမပျောက်တဲ့အပြင် ဘေးထွက်ဆိုးကျိုးတွေကြောင့် ရောဂါကို ပိုဖြစ်တယ်လေ၊ အစားအ သောက်တွေမှာလည်း ဓာတုပစ္စည်းပါဝင်တဲ့အရာတွေ တော်တော်များပါတယ်၊ ဒါကြောင့် ကင်ဆာဖြစ်ပွားမှုက ပိုပြီးတိုးလာ နေ တာပါ” ဟု ဦးလှစိုးက ပြောသည်။
ကမ္ဘာ့ကင်ဆာနေ့ အခမ်းအနားတွင် အော်ဂဲနစ် စိုက်ပျိုးရေးပစ္စည်းများ ရောင်းချပေးသော ဈေးရောင်းပွဲတော် ပါဝင်ပြီး၊ ဘေးကင်း စိတ်ချရသည့် အစားအသောက်များကို စားသုံးသူ ပြည်သူများ စားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ယခု ဈေးရောင်းပွဲတော်ကို ထည့်သွင်း ကျင်းပရခြင်း ဖြစ်သည်ဟု ဆိုသည်။
ကင်ဆာ ဖြစ်ပွားမှုမှာ အကြောင်းအရင်း သုံးချက်ရှိပြီး သဘာဝပတ်ဝန်းကျင်နှင့် ဆိုင်သော လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပွား ခြင်း၊ စားသောက်နေထိုင်မှုနှင့် အန္တာရာယ် ဖြစ်စေသည့် အစားအသောက်များကြောင့် ဖြစ်ပွားခြင်းနှင့် မျိုးရိုးဗီဇကြောင့် ဖြစ် ပွားခြင်းတို့ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှု အများဆုံး ဒုတိယနေရာတွင် ကင်ဆာရောဂါ ဖြစ်နေပြီး၊ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ရန်မှာ အော်ဂဲနစ်နည်းပညာဖြင့် စိုက်ပျိုးထုတ်လုပ်ထားသော သီးနှံများကို စားသုံးခြင်း ဖြစ်သည်။
အော်ဂဲနစ်ဈေးကွက်ကို မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်း အနေဖြင့် ရန်ကုန်မြို့ရှိ နေရာတော်တော်များများတွင် ဖွင့်လှစ်ပေးထားကြောင်းလည်း သိရသည်။

 - ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။