Skip to main content
ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ အေနျဖင့္ အျခားႏုိင္ငံမ်ားထက္ ေျခလွမ္း ပိုလွမ္းႏုိင္မွ ေအာင္ျမင္မည္ဟု ဦးစိုးျမတ္မင္းေျပာ
Ads Block

ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ အေနျဖင့္ အျခားႏုိင္ငံမ်ားထက္ ေျခလွမ္း ပိုလွမ္းႏုိင္မွ ေအာင္ျမင္မည္ဟု ဦးစိုးျမတ္မင္းေျပာ

ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္ အေနျဖင့္ ျမန္မာ့ေဘာလံုးေလာက တိုးတက္လာေစရန္ ႀကိဳးစားေဆာင္ရြက္ရာတြင္ အျခားႏုိင္ငံ မ်ားထက္ ပိုမိုႀကိဳးစားႏုိင္မွ ရမည္ဟု ျမန္မာယူ ၁၈ အသင္း နည္းျပခ်ဳပ္ ဦးစိုးျမတ္မင္းက ေျပာသည္။
ေဖေဖၚ၀ါရီလ ၃ ရက္ နံနက္ပိုင္းက တာေမြၿမိဳ႕နယ္၊  M 21 အားကစားဆိုင္ဖြင့္ပြဲတြင္ ၎က ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
 “ေဘာလံုးတိုးတက္ဖို႔က တျခားႏိုင္ငံေတြက တစ္ႏွစ္ထက္ တစ္ႏွစ္ တိုးတက္ေအာင္ အမ်ားႀကီး လုပ္ေနၾကပါတယ္၊ ေဘာလံုး အဖြဲ႔ခ်ဴပ္ အေနနဲ႔က သူမ်ား ႏုိင္ငံေတြက ေျခလွမ္းတစ္လွမ္း လွမ္းမယ္ဆိုရင္ ကိုယ့္ဘက္ ႏွစ္လမ္း၊ သံုးလွမ္း လွမ္းႏုိင္မွ၊ ဒါမွ လိုက္မီမယ္၊ က်ြန္ေတာ္ရဲ႕ ယူ ၁၈ အသင္းမွာေတာ့ ကစားသမားေလးေတြက ၂၀၀၀ ခုႏွစ္ ေမြးတဲ့ကေလးေတြကို အေျခခံၿပီး ဖြဲ႔စည္းထားတာ ျဖစ္ပါတယ္။ လာမယ့္ ၾသဂုတ္လမွာ သူတို႔အေနနဲ႔ ပထမဦးဆံုး ႏုိင္ငံတကာၿပိဳင္ပြဲ ျဖစ္ပါတယ္”ဟု ဦးစိုးျမတ္ မင္းက ေျပာသည္။
ဦးစိုးျမတ္မင္းသည္ ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဴပ္၏ ေဘာလံုးတိုးတက္ေရး ေလးႏွစ္တာ စီမံကိန္းအတြင္း နည္းစနစ္ ဒါရုိက္တာ မစၥတာ အဲရစ္အက္ဘရမ္၏ သက္တမ္းလိုက္ နည္းျပခ်ဴပ္မ်ား ခန္႔အပ္တာ၀န္ေပးရမွာ ပါ၀င္ခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ အေနျဖင့္ အျခားႏုိင္ငံမ်ားထက္ ေျခလွမ္း ပိုလွမ္းႏုိင္မွ ေအာင္ျမင္မည္ဟု ဦးစိုးျမတ္မင္းေျပာ

ျမန္မာ ယူ ၁၈ အသင္းသည္ လာမည့္ ၾသဂုတ္လအတြင္းတြင္ အာဆီယံ ယူ ၁၈ ခ်န္ပီယံရွစ္ ၿပိဳင္ပြဲ ၀င္ေရာက္ယွဥ္ၿပိဳင္ရန္ ရွိေန ၿပီး လက္ရိွတြင္ ျမန္မာေနရွင္နယ္လိဂ္ အသက္ ၂၁ ေအာက္ အမွတ္ေပးၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲအေတြ႔အႀကံဳ ရေစရန္ ၀င္ေရာက္ ယွဥ္ၿပိဳင္ေစလ်က္ ရွိေၾကာင္း သိရသည္။
အာဆီယံ ယူ ၁၈ ၿပိဳင္ပြဲတြင္ ျမန္မာအသင္းသည္ ဒုတိယ အေအာင္ျမင္ဆံုးအသင္း ျဖစ္ၿပီး ခ်န္ပီယံဆု (၃) ႀကိမ္၊ ဒုတိယ (၁) ႀကိမ္၊ တတိယ (၁) ႀကိမ္ ရရွိထားသည္။ 
ၿပီးခဲ့သည့္ ၂၀၁၈ ၿပိဳင္ပြဲတြင္ မေလးရွားအသင္းကို ဗိုလ္လုပြဲတြင္ ရႈံးနိမ့္ၿပီး ဒုတိယႏွင့္သာ ေက်နပ္ခဲ့ရၿပီး ၂၀၁၇ ခုႏွစ္ၿပိဳင္ပြဲတြင္ လည္း မေလးရွားအသင္းကို ဆီးမီးဖိုင္နယ္တြင္ ပင္နယ္တီ အဆံုးအျဖတ္ျဖင့္ ရႈံးနိမ့္ခဲ့ျခင္း ျဖစ္သည္။
ယခုဖြဲ႕စည္းထားေသာ ျမန္မာ ယူ ၁၈ အသင္းကို ၂၀၂၀ အာရွ ယူ ၁၉ ၿပိဳင္ပြဲႏွင့္ ၂၀၂၁ ယူ ၂၀ ကမၻာ့ဖလားၿပိဳင္ပြဲကို ၀င္ေရာက္ ယွဥ္ၿပိဳင္ခြင့္မ်ား ရရွိရန္ ေမွွ်ာ္မွန္းထားေၾကာင္း သိရသည္။

 - ထက္ေ၀လင္း(အကုန္သိ သတင္းဌာန)

Unicode version

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် အခြားနိုင်ငံများထက် ခြေလှမ်း ပိုလှမ်းနိုင်မှ အောင်မြင်မည်ဟု ဦးစိုးမြတ်မင်းပြော

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာ့ဘောလုံးလောက တိုးတက်လာစေရန် ကြိုးစားဆောင်ရွက်ရာတွင် အခြားနိုင်ငံ များထက် ပိုမိုကြိုးစားနိုင်မှ ရမည်ဟု မြန်မာယူ ၁၈ အသင်း နည်းပြချုပ် ဦးစိုးမြတ်မင်းက ပြောသည်။
ဖေဖေါ်ဝါရီလ ၃ ရက် နံနက်ပိုင်းက တာမွေမြို့နယ်၊  M 21 အားကစားဆိုင်ဖွင့်ပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
 “ဘောလုံးတိုးတက်ဖို့က တခြားနိုင်ငံတွေက တစ်နှစ်ထက် တစ်နှစ် တိုးတက်အောင် အများကြီး လုပ်နေကြပါတယ်၊ ဘောလုံး အဖွဲ့ချူပ် အနေနဲ့က သူများ နိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းမယ်ဆိုရင် ကိုယ့်ဘက် နှစ်လမ်း၊ သုံးလှမ်း လှမ်းနိုင်မှ၊ ဒါမှ လိုက်မီမယ်၊ ကျွန်တော်ရဲ့ ယူ ၁၈ အသင်းမှာတော့ ကစားသမားလေးတွေက ၂၀၀၀ ခုနှစ် မွေးတဲ့ကလေးတွေကို အခြေခံပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လမှာ သူတို့အနေနဲ့ ပထမဦးဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်ပါတယ်”ဟု ဦးစိုးမြတ် မင်းက ပြောသည်။
ဦးစိုးမြတ်မင်းသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ်၏ ဘောလုံးတိုးတက်ရေး လေးနှစ်တာ စီမံကိန်းအတွင်း နည်းစနစ် ဒါရိုက်တာ မစ္စတာ အဲရစ်အက်ဘရမ်၏ သက်တမ်းလိုက် နည်းပြချူပ်များ ခန့်အပ်တာဝန်ပေးရမှာ ပါဝင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ ယူ ၁၈ အသင်းသည် လာမည့် သြဂုတ်လအတွင်းတွင် အာဆီယံ ယူ ၁၈ ချန်ပီယံရှစ် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေ ပြီး လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ် အသက် ၂၁ အောက် အမှတ်ပေးပြိုင်ပွဲတွင် ပြိုင်ပွဲအတွေ့အကြုံ ရစေရန် ဝင်ရောက် ယှဉ်ပြိုင်စေလျက် ရှိကြောင်း သိရသည်။
အာဆီယံ ယူ ၁၈ ပြိုင်ပွဲတွင် မြန်မာအသင်းသည် ဒုတိယ အအောင်မြင်ဆုံးအသင်း ဖြစ်ပြီး ချန်ပီယံဆု (၃) ကြိမ်၊ ဒုတိယ (၁) ကြိမ်၊ တတိယ (၁) ကြိမ် ရရှိထားသည်။ 
ပြီးခဲ့သည့် ၂၀၁၈ ပြိုင်ပွဲတွင် မလေးရှားအသင်းကို ဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီး ဒုတိယနှင့်သာ ကျေနပ်ခဲ့ရပြီး ၂၀၁၇ ခုနှစ်ပြိုင်ပွဲတွင် လည်း မလေးရှားအသင်းကို ဆီးမီးဖိုင်နယ်တွင် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
ယခုဖွဲ့စည်းထားသော မြန်မာ ယူ ၁၈ အသင်းကို ၂၀၂၀ အာရှ ယူ ၁၉ ပြိုင်ပွဲနှင့် ၂၀၂၁ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်များ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

 - ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။