Skip to main content
ျမန္မာႏိုင္ငံ ပဲမ်ိဳးစံုႏွင့္ႏွမ္းေရာင္းဝယ္ေရးကုန္သည္မ်ားအသင္းအတြင္းေရးမွဴးဦးမင္းကိုဦးႏွင့္ ေတြ႕ဆံုျခင္း 
Ads Block

ျမန္မာႏိုင္ငံ ပဲမ်ိဳးစံုႏွင့္ႏွမ္းေရာင္းဝယ္ေရးကုန္သည္မ်ားအသင္းအတြင္းေရးမွဴးဦးမင္းကိုဦးႏွင့္ ေတြ႕ဆံုျခင္း 

စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္တဲ့ ျမန္မာႏိုင္ငံအတြက္ ပဲမ်ိဳးစံုစိုက္ပ်ိဳးထုတ္လုပ္မႈဟာအေရးပါတဲ့အေနအထားမွာရွိေနၿပီး ပဲမ်ိဳးစံုျပည္ပတင္ပို႔တဲ့ေစ်းကြက္ဟာလည္းတိုင္းျပည္အတြက္၊ ေတာင္သူမ်ားအတြက္ အလြန္အေရးႀကီးတဲ့ ေစ်းကြက္ ျဖစ္ပါတယ္။ 
ျမန္မာႏိုင္ငံမွာပဲမ်ိဳးစံုစိုက္ပ်ိဳးေနေသာ္လည္း ပမာဏအမ်ားဆံုးစိုက္ပ်ိဳးေနတာကေတာ့ မတ္ပဲ၊ ပဲစဥ္းငံုနဲ႔၊ ပဲတီစိမ္းတို႔ပဲျဖစ္ပါတယ္။ အဆိုပါမတ္ပဲ၊ပဲစဥ္းငံုနဲ႔ပဲတီစိမ္းေတြကို အိမ္နီးခ်င္းအိႏိၵယႏိုင္ငံရဲ႕ေစ်းကြက္ကို အဓိကအားထားတင္ပို႔ေရာင္းခ်ေနရတာ ျဖစ္ပါတယ္။ ဒီလိုအေနအထားမွာအိႏိၵယႏိုင္ငံရဲ႕ ျပည္နယ္အစိုးရက ျပည္ပမွ ပဲ၀ယ္ယူမႈကို ယာယီရပ္ဆုိင္းမယ္ဆိုၿပီး ဇန္န၀ါရီလကုန္ကစာထုတ္ျပန္လိုက္ပါတယ္။ 
ဒါနဲ႔ပတ္သက္ၿပီးျမန္မာႏိုင္ငံရဲ႕ ျပည္ပပဲတင္ပို႔မႈ ေစ်းကြက္ကိုဘယ္လိုရိုက္ခတ္မႈရွိလာႏိုင္သလဲဆိုတဲ့ အေၾကာင္းအရာေတြနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံပဲမ်ိဳးစံုႏွင့္ ႏွမ္းေရာင္းဝယ္ေရးကုန္သည္မ်ားအသင္း အတြင္းေရးမွဴး ဦးမင္းကိုဦးကို အကုန္သိသတင္းဌာနအခုလို ေမးျမန္းျဖစ္ခဲ့ပါတယ္။ 
ေမး။    ။ အိႏၵိယႏိုင္ငံကပဲဝယ္ယူမႈအတြက္လတ္တေလာထုတ္ျပန္လိုက္တာနဲ႔ ပတ္သက္ၿပီးေျပာျပေပးပါ။
ေျဖ။    ။ ပထမထဲက အိႏၵိယႏိုင္ငံဗဟိုအစိုးရကကန္႔သတ္ကုန္စည္အေနနဲ႔ပဲကိုဝယ္ဖို႔ သတ္မွတ္ထားတယ္။ ၂၀၁၈ ခုႏွစ္၊ ၈ လပိုင္းအထိမတ္ပဲတန္ခ်ိန္ တစ္သိန္းခြဲ၊ ပဲစင္းငံုတန္ခ်ိန္ႏွစ္သိန္းနဲ႔ ပဲတီစိမ္းတန္ခ်ိန္ တစ္သိန္းခြဲ ဝယ္မယ္လို႔ ကိုယ္တာသတ္မွတ္ထားတယ္။ ဒါေပမယ့္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလကေန၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလကုန္ပိုင္းအထိ အိႏၵိယႏိုင္ငံျပည္နယ္အစိုးရခြင့္ျပဳမိန္႔နဲ႔ ဆက္ဝယ္ခဲ့တယ္။ သတ္မွတ္ထားတဲ့ ၈ လပိုင္း ကုန္ၿပီးေနာက္မွာျပည္နယ္အစိုးရခြင့္ျပဳမိန္႔နဲ႔ ဆက္ဝယ္တာကမတ္ပဲေရာ၊ ပဲစဥ္းငံုေရာတန္ခ်ိန္ ငါးသိန္းနီးပါးေလာက္ ထပ္ဝယ္သြားတယ္။ အခုဇန္န၀ါရီ ၃၁ ရက္မွာ ေၾကညာစာတစ္ေစာင္ထပ္ထြက္တာကို ေတြ႕ရတယ္။ အဲဒါက ျပည္နယ္အစိုးရကေနျပည္ပကပဲဝယ္ယူတင္သြင္းခြင့္ကို ဇန္နဝါရီလ ၂၈ ရက္အထိ တင္သြင္းဖို႔ ဝယ္ထားတာကလြဲရင္ ထပ္ၿပီးလက္မခံေတာ့ဘူးဆိုတာမ်ိဳး စာကထပ္ထြက္တယ္။ ေျပာရင္ေတာ့ လိုအပ္ခ်က္ရွိတဲ့ပဲကိုဝယ္ၿပီးေတာ့အခုယာယီရပ္ဆိုင္းတဲ့ သေဘာမ်ိဳးလို႔ ျမင္ရတယ္။
ေမး။    ။ ျမန္မာႏိုင္ငံအေနနဲ႔ အိႏိၵယႏိုင္ငံကို ၂၀၁၈ ခုႏွစ္၊ ဧၿပီလ ၁ ရက္ကေန ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလကုန္ အထိပဲပမာဏဘယ္ေလာက္တင္ပို႔ထားႏိုင္ခဲ့ပါသလဲ။ 
ေျဖ။    ။ အိႏၵိယႏိုင္ငံက ၂၀၁၈ ခုႏွစ္ ၾသဂုတ္လကုန္အထိကိုယ္တာသတ္မွတ္တဲ့အေပၚ ျမန္မာႏိုင္ငံက မတ္ပဲတန္ခ်ိန္တစ္သိန္းခြဲတင္ပို႔ႏုိင္တယ္။ ေနာက္စက္တင္ဘာလကေန ဇန္နဝါရီလအထိထပ္ဝယ္တာမွာ တန္ခ်ိန္ ၄ သိန္းေက်ာ္ေလာက္တင္ပို႔ႏိုင္တယ္။ မတ္ပဲကတန္ခ်ိန္ သံုးသိန္းေျခာက္ေသာင္းနဲ႔  ပဲစင္းငံုက တန္ခ်ိန္ေလးေသာင္းေလာက္တင္ပို႔ခဲ့ရတယ္။ 
ေမး။    ။ အိႏၵိယႏိုင္ငံကစာထုတ္ျပန္လိုက္တဲ့အေပၚ ျပည္တြင္းပဲေစ်းကြက္ကို ဘယ္လိုသက္ေရာက္ လာပါသလဲ။ 
ေျဖ။    ။ အဓိကေတာ့ အိႏၵိယကမိမိအက်ိဳးအတြက္ ဖြင့္လိုက္၊ ပိတ္လိုက္လုပ္ေနတဲ့ပံုစံမ်ိဳးလိုျဖစ္ေနတယ္။ အခုလိုလုပ္တာကအိႏၵိယကုန္သည္ေတြအက်ိဳးရွိဖို႔ျဖစ္ေနတယ္။ အစကတည္းကလည္း သူတို႔ႏိုင္ငံရဲ႕ ေပၚလစီက လိုအပ္ရင္လိုအပ္သလိုဖြင့္မယ္။ မလိုအပ္ရင္မလိုအပ္သလိုပိတ္မယ္ဆိုတဲ့ ေပၚလစီျဖစ္တယ္။ အဲဒီလိုအိႏၵိယႏိုင္ငံကပဲအဝယ္ယာယီရပ္ဆိုင္းလိုက္တဲ့အတြက္ အိႏၵိယကိုပဲတင္သြင္းဖို႔ ဝယ္တဲ့သူေတြကပဲ အဝယ္ရပ္သြားတယ္။ ဒီလိုအဝယ္ရပ္တဲ့အတြက္ ျပည္တြင္းမွာပဲေစ်းေတြျပန္က်ကုန္တယ္။ ဇန္နဝါရီလဆန္းက စၿပီး ပဲစင္းငံုတို႔၊ ပဲတီစိမ္းတုိ႔ကစေပၚေနၿပီ။ မတ္ပဲဆိုရင္ ေဖေဖာ္ဝါရီလကုန္နဲ႔မတ္လေလာက္မွာစေပၚေတာ့မယ္။ အခုအခ်ိန္မွာထဲက မတ္ပဲအနည္းငယ္ေပၚတာလည္းေပၚေနၿပီ။ ဒီလိုပဲေပၚတဲ့အခ်ိန္မ်ိဳးမွာ အိႏၵိယႏိုင္ငံက ေကာက္ကာငင္ကာပဲအဝယ္ပိတ္တဲ့အခါ ေျပာရရင္ ျမန္မာေတာင္သူေတြအတြက္အမ်ားႀကီးနစ္နာတာေပါ့။ အိႏၵိယကအခုလိုပဲကန္႔သတ္ကုန္စည္လုပ္လိုက္၊ ျပန္ဖြင့္ေပးလိုက္၊ ျပန္ပိတ္လိုက္ဆိုတာကျမန္မာႏိုင္ငံအေနနဲ႔ အိမ္နီးနားခ်င္းႏိုင္ငံျဖစ္တဲ့အတြက္ ပိုဆိုးတယ္။ အိမ္နီးနားခ်င္းႏိုင္ငံျဖစ္တဲ့အတြက္ အိႏိၵယကလိုအပ္ခ်က္ရွိတဲ့ ပဲကို ျမန္မာႏိုင္ငံကစိုက္ၿပီးတင္ပို႔ေနတာကိုး။ အမ်ားႀကီးနစ္နာတယ္။ 
ေမး။    ။ ျမန္မာႏိုင္ငံကေန အိႏိၵယႏိုင္ငံကို ျပည္ပကိုပဲမ်ိဳးစံုတင္ပို႔ေနတာကရာခိုင္ႏႈန္းအားျဖင့္ ဘယ္ေလာက္ ရွိပါသလဲ။ အိႏိၵယႏုိင္ငံအျပင္ ဘယ္ေစ်းကြက္ေတြတင္ပို႔ေနပါသလဲ။ 
ေျဖ။    ။ ျမန္မာႏိုင္ငံအေနနဲ႔ အိႏိၵယႏိုင္ငံအျပင္ တစ္ျခားအာဆီယံႏိုင္ငံကိုလည္းတင္ပို႔တယ္။ ေနာက္ ဒူဘိုင္းကိုလည္း သြားတယ္။ ဂ်ပန္၊  ထုိင္ဝမ္၊ ဥေရာပႏိုင္ငံဘက္တို႔လည္းသြားပါတယ္။ ဒါေပမယ့္ အိႏၵိယကို က အမ်ားဆံုးတင္ပို႔ေနတာ။ တစ္ျခားႏိုင္ငံကိုသြားတဲ့ ပမာဏကနည္းတယ္။ မတ္ပဲအေနနဲ႔ ၾကည့္ရင္ စုစုေပါင္းစိုက္ပ်ိဳးထြက္ရွိမႈရဲ႕ ၈၀ ရာခိုင္ႏႈန္းေလာက္ကအိႏိၵယကိုသြားတယ္။ ပဲစင္းငံုအေနနဲ႔ ၾကည့္ရင္ ၉၀ ရာခိုင္ႏႈန္းေလာက္က အိႏၵိယကိုသြားေနတယ္။ 
ေမး။    ။ အိႏိၵယႏုိင္ငံရဲ႕ ပဲဝယ္ယူမႈေစ်းကြက္အေနအထားကဘယ္လိုအေနအထားရွိပါသလဲ။ 
ေျဖ။    ။ တစ္ျခားပစၥည္းေတြကဒီေလာက္မဟုတ္ေပမယ့္ ပဲအေနနဲ႔ကေတာ့ အိႏိၵယႏိုင္ငံက အဓိကဝယ္ယူ စားသံုးတဲ့ ႏိုင္ငံျဖစ္တယ္။ ျမန္မာႏိုင္ငံကတင္မဟုတ္ဘူး။ ကေနဒါႏိုင္ငံနဲ႔ ၾသစေၾတးလ်ႏိုင္ငံတုိ႔လို အင္အားႀကီး ႏိုင္ငံေတြကလည္းပဲဝယ္ေနတာျဖစ္တယ္။ ကေနဒါႏိုင္ငံနဲ႔ၾသစေၾတးလ်ႏိုင္ငံကပဲပဲထြက္တဲ့ႏိုင္ငံ။ သူတို႔လည္း တစ္ျခားကိုပို႔ေနတယ္။ အိႏိၵယႏိုင္ငံေစ်းကြက္ကေတာ့ ပဲနဲ႔ပတ္သက္ရင္ကမာၻ႕အႀကီးဆံုးေစ်းကြက္ျဖစ္တယ္။
ေမး။    ။ အိႏၵိယႏိုင္ငံက ပဲအဝယ္ပိတ္လုိက္၊ ဖြင့္လိုက္ျဖစ္ေနတဲ့အတြက္ ေတာင္သူေတြကိုပဲေလွ်ာ့စိုက္ဖို႔ သက္ဆိုင္ရာကေျပာခဲ့ေပမယ့္ လက္ေတြ႕မွာစုိက္ပ်ိဳးမႈေတြရွိေနတာဘာေၾကာင့္လို႔ထင္ပါသလဲ။ 
ေျဖ။ ဒီႏွစ္ (၂၀၁၈ ခုႏွစ္)အေနအထားက ေတာင္သူေတြ စိုက္ပ်ဳိးခါနီးမွာ အိႏၵိယကမက္လံုးေပးလိုက္သလို ျဖစ္သြားတယ္။ ၉ လပိုင္းကေန ၁၁ လပိုင္းမွာမ်ားေသာအားျဖင့္ ေတာင္သူကမတ္ပဲကိုစိုက္ပ်ိဳးတာကိုး။ အဲဒီလိုပဲစိုက္တဲ့အခ်ိန္မွာေစ်းေကာင္းေအာင္ ေကာက္ဝယ္လိုက္တဲ့အခါ ေစ်းေကာင္းသြားေတာ့ ျပည္တြင္းမွာလည္း ေတာင္သူေတြကတစ္ခါ ျပန္စုိက္ျပန္ေရာ။ သူတို႔ကလိုအပ္ခ်က္ရွိလို႔ ေစ်းကြက္ဖြင့္ ဝယ္လိုက္တဲ့အခါ ပဲတစ္တန္ကို (မတ္ထရစ္) က်ပ္ ၉၀၀၀၀၀ (ကိုးသိန္း)၊ က်ပ္ ၁၀၀၀၀၀၀ (ဆယ္သိန္း) အထိျဖစ္သြားတယ္။ အိႏၵိယကပဲအဝယ္ ျပန္ပိတ္လိုက္တဲ့အခါ ပဲတစ္တန္ကိုက်ပ္ ၆၀၀၀၀၀ (ေျခာက္သိန္း) ေလာက္ျပန္ေရာက္သြားတယ္။ ဒါကသတိထားရမယ့္ အခ်က္ေတြပဲေလ။ ဒါေတြကေတာင္သူကုိ အမ်ားႀကီးထိခိုက္တယ္။ ေတာင္သူထိခိုက္တာမ်ားတယ္ဆိုရင္ ေရရွည္မွာမေကာင္းေတာ့ဘူးေလ။ အိႏိၵယကေစ်းကြက္ကိုပြင့္ပြင့္လင္းလင္းမဖြင့္ေပးဘူးဆိုမစိုက္ဖို႔ဘဲရွိမယ္။ တျဖည္းျဖည္းေလ်ာ့စိုက္ဖို႔ပဲ လုပ္ရေတာ့မယ္။ ဘာပဲျဖစ္ျဖစ္ အိႏိၵယႏုိင္ငံကိုအားကိုးေရာင္းေနရတဲ့ မတ္ပဲ၊ ပဲစင္းငံုက တျဖည္းျဖည္္းနဲ႔ တစ္ေန႔တစ္ျခားေလ်ာ့ၿပီးေစ်းေကာင္းရႏိုင္တဲ့ တျခားအစားထိုးသီးႏွံကိုေျပာင္းလဲစိုက္တဲ့ပံုစံ သြားကို သြားရေတာ့မွာ။ မေျပာင္းလို႔လည္းမရဘူး။ မေျပာင္းရင္ အိႏိၵယအားကိုးၿပီးပို႔ရတဲ့ ပဲကုိဆက္စိုက္ရင္ ျမန္မာႏုိင္ငံပဲဒုကၡေရာက္မွာ။သြားတဲ့အခါ ခ်က္ခ်င္းေတာ့ ေတာင္သူကမ်ိဳးေစ့အခက္အခဲေရာ၊ တျခားအခက္အခဲေရာရွိတယ္။ဒီအတြက္ ေတာင္သူကလည္းတျဖည္းျဖည္းအခ်ိန္ယူၿပီးေတာ့မွ ေျပာင္းမွာေလ။ 
ေမး။    ။ ျမန္မာႏိုင္ငံအေနနဲ႔ အိႏၵိယႏုိင္ငံကိုအားထားတင္ပို႔ေနမယ့္အစား တစ္ျခားႏိုင္ငံေစ်းကြက္ေတြကို အဓိကတင္ပို႔မယ္ဆိုရင္ ဘာေတြအခက္အခဲရွိႏိုင္ပါသလဲ။ 
ေျဖ။    ။ တစ္ျခားႏိုင္ငံေတြကိုတင္ပို႔တာကပို႔လို႔ရတယ္။ ဒါေပမယ့္ အိႏိၵယႏိုင္ငံကအဓိကလိုအပ္ခ်က္ရွိတဲ့၊ ဝယ္ယူစားသံုးေနတဲ့ပဲမ်ိဳးကုိပဲဆက္စုိက္ၿပီး တစ္ျခားႏိုင္ငံေတြကိုတင္ပို႔မယ္ဆိုရင္သိပ္ေတ့ာမလြယ္ဘူး။ သူတို႔စားသံုးတဲ့ ပဲကိုစိုက္ၿပီးတင္ပို႔မွရမယ္။ျမန္မာႏိုင္ငံမွာအမ်ားဆံုးစိုက္ေနတဲ့ မတ္ပဲနဲ႔ပဲစင္းငံုလိုမ်ိဳးက အိႏိၵယႏိုင္ငံကပဲ အဓိကဝယ္ယူစားသံုးတဲ့ အေလ့အထမ်ားတာကိုး။ ဥေရာပႏုိင္ငံတို႔၊ ဘာတုိ႔မွာက မတ္ပဲနဲ႔ ပဲစင္းငုံကိုမစားဘူးေတာ့မဟုတ္ဘူး။ စားၾကပါတယ္။ ဒါေပမယ့္အနည္းငယ္ေလာက္ပဲစားၾကတယ္။ သိပ္ၿပီးေတာ့ စားသံုးတဲ့အေလ့အထမမ်ားဘူး။ အိႏိၵယႏိုင္ငံေလာက္ မမ်ားဘူး။ သူတို႔ကိုေလ့လာၾကည့္တဲ့ အေနအထားမွာဥေရာပႏုိင္ငံမွာရွိတဲ့ ဟိႏၵဴလူမ်ဳိးကစားသံုးဖို႔အတြက္ဝယ္တာေလာက္ပဲရွိတာကိုး။ အိႏၵိယႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံကအိမ္နီးခ်င္းလည္းျဖစ္ေနတယ္။ အိႏိၵယကလည္းကမာၻမွာပဲစားသံုးမႈ၊ ဝယ္ယူမႈ အမ်ားဆံုး ေစ်းကြက္ႀကီးရွိေနတယ္။ အကယ္၍ တစ္ျခားႏိုင္ငံေစ်းကြက္ကိုတိုးခ်ဲ႕တင္ပို႔မယ္ဆိုရင္ တစ္ျခားႏိုင္ငံ လိုအပ္ခ်က္ရွိတဲ့ ျဖစ္ႏိုင္တဲ့ ပဲကိုစိုက္မွပဲေစ်းကြက္တိုးခ်ဲ႕လို႔ရမွာ။ မတ္ပဲ၊ ပဲစင္းငံုကိုပဲေစ်းကြက္တိုးခ်ဲ႕ၿပီး ပို႔မယ္ဆိုရင္ ျမန္မာႏိုင္ငံမွာစိုက္ပ်ိဳးေနတဲ့ပမာဏေလာက္က တျခားေစ်းကြက္ကိုမတင္ႏိုင္ဘူး။ 
ေမး။    ။ ေတာင္သူအက်ိဳးစီးပြားကာကြယ္တဲ့အေနနဲ႔ ပဲေစ်းႏႈန္းတစ္ခုသတ္မွတ္ၿပီးဝယ္ယူမယ့္ႏိုင္ဖို႔ ေဆာင္ရြက္ခဲ့တဲ့ကိစၥနဲ႔ပတ္သက္ၿပီး အေျခအေနေလးေျပာျပေပးပါ။ 
ေျဖ။    ။ အသင္းမွာက (ျမန္မာႏိုင္ငံပဲမ်ိဳးစံုႏွင့္ ႏွမ္းေရာင္းဝယ္ေရးအသင္း) ႏိုင္ငံျခားပို႔ကုန္လုပ္ငန္းရွင္ေတြ စုထားတာ။ သေဘာကေတာ့ အိႏၵိယက ၂၀၁၇ ခုႏွစ္၊ ၈ လပိုင္းမွာေကာက္ကာငင္ကာပဲ အဝယ္ ပိတ္လိုက္တယ္ဆိုေတာ့ ေစ်းႏႈန္းကလည္းက်သြားတယ္။ ပဲေစ်းအလြန္အမင္းမက်ေအာင္ဆိုၿပီး အသင္းကေနဝယ္ဖို႔ ႀကိဳးစားတာ။ႀကိဳးစားေပမဲ့ ခုနကေျပာတဲ့အခက္အခဲေတြကအမ်ိဳးမ်ိဳးပဲေလ။ ႏိုင္ငံေတာ္ ဘက္ကေတာ့ မထည့္ဝင္ျဖစ္လိုက္ဘူး။ ဘက္ဂ်က္မရွိဘူးဆိုၿပီး ႏုိင္ငံေတာ္ဘက္ကမထည့္ဝင္ျဖစ္ေတာ့ မႏွစ္ကဘယ္လုိျဖစ္လဲဆိုကုန္သည္ဘက္ကစုလို႔ရတဲ့ေငြနဲ႔ကလည္းဘီလီယံ ၅၀ (က်ပ္) အကုန္လံုးလည္း မဝယ္ႏိုင္ပါဘူး။ သေဘာကသတ္မွတ္တဲ့ ရာထားတဲ့ ဘက္ဂ်က္ကလည္းမရွိဘူး။ ေနာက္ဆံုးေတာ့ အထိုက္အေလ်ာက္ဝယ္ၿပီးရပ္လိုက္ရတာပဲ။ 
ေမး။    ။ လက္ရွိဘ႑ာႏွစ္နဲ႔ ၿပီးခဲ့တဲ့ ဘ႑ာႏွစ္ ႏိႈင္းယွဥ္ရင္ေရာ ပဲတင္ပို႔မႈပမာဏအေျခအေန ဘယ္လိုရွိပါသလဲ။ 
ေျဖ။    ။ ကာလတူမွာပဲတင္ပို႔မႈ အေနအထားကေတာ့ဒီႏွစ္မွာမေလ်ာ့ဘူး။ မေလ်ာ့ဘူးဆိုတာအခု ဇန္ဝါရီလကုန္အထိ ပဲမ်ဳိးစံုကအားလံုးတန္ခ်ိန္ (မတ္ထရစ္) ၁၁ သိန္းေက်ာ္ေလာက္ တင္ပို႔ၿပီးသြားၿပီ။ ယခင္ႏွစ္က တန္ခ်ိန္ (မတ္ထရစ္) ၁၀ သိန္းေက်ာ္ေလာက္ပဲသြားႏိုင္တာကိုး။ ဒီႏွစ္ကာလတူတင္ပို႔ထားတာက ယခင္ႏွစ္ကာလတူထက္ေတာင္ ပိုတင္ပို႔ႏိုင္တာေတြ႕ရတယ္။ 
ေမး။    ။ ပဲေစ်းႏႈန္းအေျခအေနက မႏွစ္ကနဲ႔ အခုႏွစ္ကြာျခားမႈရွိပါသလား။ 
ေျဖ။    ။ မႏွစ္က (၂၀၁၇ ခုႏွစ္) ၈ လပိုင္းအကုန္ ေနာက္ပိုင္းမွာေစ်းနိမ့္တယ္။ ဒီႏွစ္ (၂၀၁၈ ခုႏွစ္) က အစပိုင္းမွာေစ်းနိမ့္ေပမယ့္ ေနာက္ပိုင္းမွာေစ်းျပန္ရတယ္ဆိုေတာ့ မႏွစ္ကနဲ႔ ဒီႏွစ္ကေစ်းႏႈန္းေပၚမွာ အ ေျပာင္းအလဲသိပ္မရွိလွဘူး။ ဇန္နဝါရီလလယ္ေလာက္ကေတာ့ ဘုရင့္ေနာင္ကုန္စည္ဒိုင္မွာတစ္ပတ္ကိုပံုမွန္ ပဲတန္ခ်ိန္ ၅၀၀၀ ကေန ၆၀၀၀ ေလာက္ဝယ္လိုအားရွိတယ္။ အိႏၵိယႏိုင္ငံကိုပဲတင္ပို႔တာေလ်ာ့သြားေတာ့ ဇႏၷဝါရီလကုန္ေလာက္မွာတစ္ေန႔ကိုပဲတန္ခ်ိန္ ၂၄၀၀၊ ၂၅၀၀ ေလာက္ပဲအဝယ္ရွိေတာ့တယ္။ အဝယ္က်သြားတယ္။ ေစ်းကလည္း ဇန္နဝါရီလလယ္ကမတ္ပဲတစ္တန္ကိုက်ပ္ ၇၃၀၀၀၀ (ခုႏွစ္သိန္းသံုးေသာင္း)၊ ပဲစဥ္းငံုတစ္တန္ကိုက်ပ္ ၈၀၀၀၀၀ (ရွစ္သိန္း) ေလာက္အထိ္ျဖစ္ခဲ့တယ္။ ဒီရက္ေတြမွာအေရာင္းအဝယ္နည္းနည္းျပန္ေအးတယ္။ ပဲေစ်းလည္းနည္းနည္းျပန္က်လာတယ္။ ေစ်းကေတာ့ခုရက္ေတြမွာေတာ့ မွန္းလို႔ ခက္ပါတယ္။
ေမး။    ။ ျမန္မာႏိုင္ငံကေန ျပည္ပကိုပဲေစ်းကြက္ခိုင္မာဖို႔ ႏိုင္ငံေတာ္ကထိထိေရာက္ေရာက္ရွိေအာင္ ဘာေတြလုပ္ေဆာင္သင့္ပါသလဲ။
ေျဖ။    ။ အဓိကေတာ့ ႏိုင္ငံေတာ္ပိုင္းကေတာ့ စီးပြား/ကူးသန္းဝန္ႀကီးဌာနလည္းရွိတာပဲ။ လက္ရွိအိႏိၵယႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံမွာကုန္သြယ္ေရးမွာျမန္မာႏိုင္ငံကိုအိႏိၵယကအိမ္ေဆာက္ပစၥည္းတို႔၊ ေဆးဝါးတုိ႔လိုပစၥည္းေတြက ေတာက္ေလွ်ာက္သြင္းေနရတာေလ။ ဒီလုိသြင္းေနရေတာ့ ျမန္မာႏိုင္ငံက ျပန္တင္ပို႔တဲ့ ပဲကိုလြတ္လပ္စြာ ေစ်းကြက္ဖြင့္ေပးဖို႔ ႏုိင္ငံေတာ္အစိုးရအေနနဲ႔ ေတာင္းဆိုသင့္တယ္။ ဒီလိုေတာင္းဆိုမွလည္းျဖစ္မွာ။ အဲလိုမွ ဖြင့္မေပးႏိုင္ဘူးဆိုရင္ေနာက္ဆံုးျမန္မာႏိုင္ငံအတြက္ သီးသန္႔ကိုယ္တာတစ္ခုေတာ့သတ္မွတ္ေပးသင့္တယ္။ ဒါကလည္း ၿပီးခဲ့တဲ့ႏွစ္ကအိႏိၵယႏိုင္ငံသမၼတၱႀကီး ျမန္မာႏိုင္ငံကိုလာတုန္းကလည္း ျမန္မာႏိုင္ငံသမၼတႀကီး ဦးဝင္းျမင့္ကလည္း ပဲကိစၥနဲ႔ ပတ္သက္ၿပီးေတာင္းဆိုလိုက္တာရွိတယ္။ အဲဒီတုန္းကေတာင္းဆိုလုိက္တဲ့အေပၚ အေျခခံၿပီးဆက္ၿပီးေတာင္းဆိုရမယ္။ လြတ္လြတ္လပ္လပ္ ေစ်းကြက္ျပန္ဖြင့္ေပးႏိုင္လား၊ ဖြင့္ေပး။ ဖြင့္မေပးႏိုင္ဘူးဆိုရင္လည္း ျမန္မာႏိုင္ငံကပဲကိုသီးသန္႔ကိုယ္တာတစ္ခုသတ္မွတ္ၿပီးဝယ္ေပးဖို႔။ ဒီသေဘာမ်ိဳးပဲဆက္ၿပီး ေတာင္းဆိုရမွာပဲ။ 
အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ 

 - သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode version

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းရောင်းဝယ်ရေးကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးနှင့် တွေ့ဆုံခြင်း 

စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအတွက် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုဟာအရေးပါတဲ့အနေအထားမှာရှိနေပြီး ပဲမျိုးစုံပြည်ပတင်ပို့တဲ့ဈေးကွက်ဟာလည်းတိုင်းပြည်အတွက်၊ တောင်သူများအတွက် အလွန်အရေးကြီးတဲ့ ဈေးကွက် ဖြစ်ပါတယ်။ 
မြန်မာနိုင်ငံမှာပဲမျိုးစုံစိုက်ပျိုးနေသော်လည်း ပမာဏအများဆုံးစိုက်ပျိုးနေတာကတော့ မတ်ပဲ၊ ပဲစဉ်းငုံနဲ့၊ ပဲတီစိမ်းတို့ပဲဖြစ်ပါတယ်။ အဆိုပါမတ်ပဲ၊ပဲစဉ်းငုံနဲ့ပဲတီစိမ်းတွေကို အိမ်နီးချင်းအိန္ဒိယနိုင်ငံရဲ့ဈေးကွက်ကို အဓိကအားထားတင်ပို့ရောင်းချနေရတာ ဖြစ်ပါတယ်။ ဒီလိုအနေအထားမှာအိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အစိုးရက ပြည်ပမှ ပဲဝယ်ယူမှုကို ယာယီရပ်ဆိုင်းမယ်ဆိုပြီး ဇန်နဝါရီလကုန်ကစာထုတ်ပြန်လိုက်ပါတယ်။ 
ဒါနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့ ပြည်ပပဲတင်ပို့မှု ဈေးကွက်ကိုဘယ်လိုရိုက်ခတ်မှုရှိလာနိုင်သလဲဆိုတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းရောင်းဝယ်ရေးကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးကို အကုန်သိသတင်းဌာနအခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။ 
မေး။    ။ အိန္ဒိယနိုင်ငံကပဲဝယ်ယူမှုအတွက်လတ်တလောထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီးပြောပြပေးပါ။
ဖြေ။    ။ ပထမထဲက အိန္ဒိယနိုင်ငံဗဟိုအစိုးရကကန့်သတ်ကုန်စည်အနေနဲ့ပဲကိုဝယ်ဖို့ သတ်မှတ်ထားတယ်။ ၂၀၁၈ ခုနှစ်၊ ၈ လပိုင်းအထိမတ်ပဲတန်ချိန် တစ်သိန်းခွဲ၊ ပဲစင်းငုံတန်ချိန်နှစ်သိန်းနဲ့ ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲ ဝယ်မယ်လို့ ကိုယ်တာသတ်မှတ်ထားတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလကနေ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းအထိ အိန္ဒိယနိုင်ငံပြည်နယ်အစိုးရခွင့်ပြုမိန့်နဲ့ ဆက်ဝယ်ခဲ့တယ်။ သတ်မှတ်ထားတဲ့ ၈ လပိုင်း ကုန်ပြီးနောက်မှာပြည်နယ်အစိုးရခွင့်ပြုမိန့်နဲ့ ဆက်ဝယ်တာကမတ်ပဲရော၊ ပဲစဉ်းငုံရောတန်ချိန် ငါးသိန်းနီးပါးလောက် ထပ်ဝယ်သွားတယ်။ အခုဇန်နဝါရီ ၃၁ ရက်မှာ ကြေညာစာတစ်စောင်ထပ်ထွက်တာကို တွေ့ရတယ်။ အဲဒါက ပြည်နယ်အစိုးရကနေပြည်ပကပဲဝယ်ယူတင်သွင်းခွင့်ကို ဇန်နဝါရီလ ၂၈ ရက်အထိ တင်သွင်းဖို့ ဝယ်ထားတာကလွဲရင် ထပ်ပြီးလက်မခံတော့ဘူးဆိုတာမျိုး စာကထပ်ထွက်တယ်။ ပြောရင်တော့ လိုအပ်ချက်ရှိတဲ့ပဲကိုဝယ်ပြီးတော့အခုယာယီရပ်ဆိုင်းတဲ့ သဘောမျိုးလို့ မြင်ရတယ်။
မေး။    ။ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်ကနေ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကုန် အထိပဲပမာဏဘယ်လောက်တင်ပို့ထားနိုင်ခဲ့ပါသလဲ။ 
ဖြေ။    ။ အိန္ဒိယနိုင်ငံက ၂၀၁၈ ခုနှစ် သြဂုတ်လကုန်အထိကိုယ်တာသတ်မှတ်တဲ့အပေါ် မြန်မာနိုင်ငံက မတ်ပဲတန်ချိန်တစ်သိန်းခွဲတင်ပို့နိုင်တယ်။ နောက်စက်တင်ဘာလကနေ ဇန်နဝါရီလအထိထပ်ဝယ်တာမှာ တန်ချိန် ၄ သိန်းကျော်လောက်တင်ပို့နိုင်တယ်။ မတ်ပဲကတန်ချိန် သုံးသိန်းခြောက်သောင်းနဲ့  ပဲစင်းငုံက တန်ချိန်လေးသောင်းလောက်တင်ပို့ခဲ့ရတယ်။ 
မေး။    ။ အိန္ဒိယနိုင်ငံကစာထုတ်ပြန်လိုက်တဲ့အပေါ် ပြည်တွင်းပဲဈေးကွက်ကို ဘယ်လိုသက်ရောက် လာပါသလဲ။ 
ဖြေ။    ။ အဓိကတော့ အိန္ဒိယကမိမိအကျိုးအတွက် ဖွင့်လိုက်၊ ပိတ်လိုက်လုပ်နေတဲ့ပုံစံမျိုးလိုဖြစ်နေတယ်။ အခုလိုလုပ်တာကအိန္ဒိယကုန်သည်တွေအကျိုးရှိဖို့ဖြစ်နေတယ်။ အစကတည်းကလည်း သူတို့နိုင်ငံရဲ့ ပေါ်လစီက လိုအပ်ရင်လိုအပ်သလိုဖွင့်မယ်။ မလိုအပ်ရင်မလိုအပ်သလိုပိတ်မယ်ဆိုတဲ့ ပေါ်လစီဖြစ်တယ်။ အဲဒီလိုအိန္ဒိယနိုင်ငံကပဲအဝယ်ယာယီရပ်ဆိုင်းလိုက်တဲ့အတွက် အိန္ဒိယကိုပဲတင်သွင်းဖို့ ဝယ်တဲ့သူတွေကပဲ အဝယ်ရပ်သွားတယ်။ ဒီလိုအဝယ်ရပ်တဲ့အတွက် ပြည်တွင်းမှာပဲဈေးတွေပြန်ကျကုန်တယ်။ ဇန်နဝါရီလဆန်းက စပြီး ပဲစင်းငုံတို့၊ ပဲတီစိမ်းတို့ကစပေါ်နေပြီ။ မတ်ပဲဆိုရင် ဖေဖော်ဝါရီလကုန်နဲ့မတ်လလောက်မှာစပေါ်တော့မယ်။ အခုအချိန်မှာထဲက မတ်ပဲအနည်းငယ်ပေါ်တာလည်းပေါ်နေပြီ။ ဒီလိုပဲပေါ်တဲ့အချိန်မျိုးမှာ အိန္ဒိယနိုင်ငံက ကောက်ကာငင်ကာပဲအဝယ်ပိတ်တဲ့အခါ ပြောရရင် မြန်မာတောင်သူတွေအတွက်အများကြီးနစ်နာတာပေါ့။ အိန္ဒိယကအခုလိုပဲကန့်သတ်ကုန်စည်လုပ်လိုက်၊ ပြန်ဖွင့်ပေးလိုက်၊ ပြန်ပိတ်လိုက်ဆိုတာကမြန်မာနိုင်ငံအနေနဲ့ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့အတွက် ပိုဆိုးတယ်။ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့အတွက် အိန္ဒိယကလိုအပ်ချက်ရှိတဲ့ ပဲကို မြန်မာနိုင်ငံကစိုက်ပြီးတင်ပို့နေတာကိုး။ အများကြီးနစ်နာတယ်။ 
မေး။    ။ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို ပြည်ပကိုပဲမျိုးစုံတင်ပို့နေတာကရာခိုင်နှုန်းအားဖြင့် ဘယ်လောက် ရှိပါသလဲ။ အိန္ဒိယနိုင်ငံအပြင် ဘယ်ဈေးကွက်တွေတင်ပို့နေပါသလဲ။ 
ဖြေ။    ။ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံအပြင် တစ်ခြားအာဆီယံနိုင်ငံကိုလည်းတင်ပို့တယ်။ နောက် ဒူဘိုင်းကိုလည်း သွားတယ်။ ဂျပန်၊  ထိုင်ဝမ်၊ ဥရောပနိုင်ငံဘက်တို့လည်းသွားပါတယ်။ ဒါပေမယ့် အိန္ဒိယကို က အများဆုံးတင်ပို့နေတာ။ တစ်ခြားနိုင်ငံကိုသွားတဲ့ ပမာဏကနည်းတယ်။ မတ်ပဲအနေနဲ့ ကြည့်ရင် စုစုပေါင်းစိုက်ပျိုးထွက်ရှိမှုရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကအိန္ဒိယကိုသွားတယ်။ ပဲစင်းငုံအနေနဲ့ ကြည့်ရင် ၉၀ ရာခိုင်နှုန်းလောက်က အိန္ဒိယကိုသွားနေတယ်။ 
မေး။    ။ အိန္ဒိယနိုင်ငံရဲ့ ပဲဝယ်ယူမှုဈေးကွက်အနေအထားကဘယ်လိုအနေအထားရှိပါသလဲ။ 
ဖြေ။    ။ တစ်ခြားပစ္စည်းတွေကဒီလောက်မဟုတ်ပေမယ့် ပဲအနေနဲ့ကတော့ အိန္ဒိယနိုင်ငံက အဓိကဝယ်ယူ စားသုံးတဲ့ နိုင်ငံဖြစ်တယ်။ မြန်မာနိုင်ငံကတင်မဟုတ်ဘူး။ ကနေဒါနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့လို အင်အားကြီး နိုင်ငံတွေကလည်းပဲဝယ်နေတာဖြစ်တယ်။ ကနေဒါနိုင်ငံနဲ့သြစတြေးလျနိုင်ငံကပဲပဲထွက်တဲ့နိုင်ငံ။ သူတို့လည်း တစ်ခြားကိုပို့နေတယ်။ အိန္ဒိယနိုင်ငံဈေးကွက်ကတော့ ပဲနဲ့ပတ်သက်ရင်ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်တယ်။
မေး။    ။ အိန္ဒိယနိုင်ငံက ပဲအဝယ်ပိတ်လိုက်၊ ဖွင့်လိုက်ဖြစ်နေတဲ့အတွက် တောင်သူတွေကိုပဲလျှော့စိုက်ဖို့ သက်ဆိုင်ရာကပြောခဲ့ပေမယ့် လက်တွေ့မှာစိုက်ပျိုးမှုတွေရှိနေတာဘာကြောင့်လို့ထင်ပါသလဲ။ 
ဖြေ။ ဒီနှစ် (၂၀၁၈ ခုနှစ်)အနေအထားက တောင်သူတွေ စိုက်ပျိုးခါနီးမှာ အိန္ဒိယကမက်လုံးပေးလိုက်သလို ဖြစ်သွားတယ်။ ၉ လပိုင်းကနေ ၁၁ လပိုင်းမှာများသောအားဖြင့် တောင်သူကမတ်ပဲကိုစိုက်ပျိုးတာကိုး။ အဲဒီလိုပဲစိုက်တဲ့အချိန်မှာဈေးကောင်းအောင် ကောက်ဝယ်လိုက်တဲ့အခါ ဈေးကောင်းသွားတော့ ပြည်တွင်းမှာလည်း တောင်သူတွေကတစ်ခါ ပြန်စိုက်ပြန်ရော။ သူတို့ကလိုအပ်ချက်ရှိလို့ ဈေးကွက်ဖွင့် ဝယ်လိုက်တဲ့အခါ ပဲတစ်တန်ကို (မတ်ထရစ်) ကျပ် ၉၀၀၀၀၀ (ကိုးသိန်း)၊ ကျပ် ၁၀၀၀၀၀၀ (ဆယ်သိန်း) အထိဖြစ်သွားတယ်။ အိန္ဒိယကပဲအဝယ် ပြန်ပိတ်လိုက်တဲ့အခါ ပဲတစ်တန်ကိုကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) လောက်ပြန်ရောက်သွားတယ်။ ဒါကသတိထားရမယ့် အချက်တွေပဲလေ။ ဒါတွေကတောင်သူကို အများကြီးထိခိုက်တယ်။ တောင်သူထိခိုက်တာများတယ်ဆိုရင် ရေရှည်မှာမကောင်းတော့ဘူးလေ။ အိန္ဒိယကဈေးကွက်ကိုပွင့်ပွင့်လင်းလင်းမဖွင့်ပေးဘူးဆိုမစိုက်ဖို့ဘဲရှိမယ်။ တဖြည်းဖြည်းလျော့စိုက်ဖို့ပဲ လုပ်ရတော့မယ်။ ဘာပဲဖြစ်ဖြစ် အိန္ဒိယနိုင်ငံကိုအားကိုးရောင်းနေရတဲ့ မတ်ပဲ၊ ပဲစင်းငုံက တဖြည်းဖြည်းနဲ့ တစ်နေ့တစ်ခြားလျော့ပြီးဈေးကောင်းရနိုင်တဲ့ တခြားအစားထိုးသီးနှံကိုပြောင်းလဲစိုက်တဲ့ပုံစံ သွားကို သွားရတော့မှာ။ မပြောင်းလို့လည်းမရဘူး။ မပြောင်းရင် အိန္ဒိယအားကိုးပြီးပို့ရတဲ့ ပဲကိုဆက်စိုက်ရင် မြန်မာနိုင်ငံပဲဒုက္ခရောက်မှာ။သွားတဲ့အခါ ချက်ချင်းတော့ တောင်သူကမျိုးစေ့အခက်အခဲရော၊ တခြားအခက်အခဲရောရှိတယ်။ဒီအတွက် တောင်သူကလည်းတဖြည်းဖြည်းအချိန်ယူပြီးတော့မှ ပြောင်းမှာလေ။ 
မေး။    ။ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံကိုအားထားတင်ပို့နေမယ့်အစား တစ်ခြားနိုင်ငံဈေးကွက်တွေကို အဓိကတင်ပို့မယ်ဆိုရင် ဘာတွေအခက်အခဲရှိနိုင်ပါသလဲ။ 
ဖြေ။    ။ တစ်ခြားနိုင်ငံတွေကိုတင်ပို့တာကပို့လို့ရတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံကအဓိကလိုအပ်ချက်ရှိတဲ့၊ ဝယ်ယူစားသုံးနေတဲ့ပဲမျိုးကိုပဲဆက်စိုက်ပြီး တစ်ခြားနိုင်ငံတွေကိုတင်ပို့မယ်ဆိုရင်သိပ်တေ့ာမလွယ်ဘူး။ သူတို့စားသုံးတဲ့ ပဲကိုစိုက်ပြီးတင်ပို့မှရမယ်။မြန်မာနိုင်ငံမှာအများဆုံးစိုက်နေတဲ့ မတ်ပဲနဲ့ပဲစင်းငုံလိုမျိုးက အိန္ဒိယနိုင်ငံကပဲ အဓိကဝယ်ယူစားသုံးတဲ့ အလေ့အထများတာကိုး။ ဥရောပနိုင်ငံတို့၊ ဘာတို့မှာက မတ်ပဲနဲ့ ပဲစင်းငုံကိုမစားဘူးတော့မဟုတ်ဘူး။ စားကြပါတယ်။ ဒါပေမယ့်အနည်းငယ်လောက်ပဲစားကြတယ်။ သိပ်ပြီးတော့ စားသုံးတဲ့အလေ့အထမများဘူး။ အိန္ဒိယနိုင်ငံလောက် မများဘူး။ သူတို့ကိုလေ့လာကြည့်တဲ့ အနေအထားမှာဥရောပနိုင်ငံမှာရှိတဲ့ ဟိန္ဒူလူမျိုးကစားသုံးဖို့အတွက်ဝယ်တာလောက်ပဲရှိတာကိုး။ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံကအိမ်နီးချင်းလည်းဖြစ်နေတယ်။ အိန္ဒိယကလည်းကမ္ဘာမှာပဲစားသုံးမှု၊ ဝယ်ယူမှု အများဆုံး ဈေးကွက်ကြီးရှိနေတယ်။ အကယ်၍ တစ်ခြားနိုင်ငံဈေးကွက်ကိုတိုးချဲ့တင်ပို့မယ်ဆိုရင် တစ်ခြားနိုင်ငံ လိုအပ်ချက်ရှိတဲ့ ဖြစ်နိုင်တဲ့ ပဲကိုစိုက်မှပဲဈေးကွက်တိုးချဲ့လို့ရမှာ။ မတ်ပဲ၊ ပဲစင်းငုံကိုပဲဈေးကွက်တိုးချဲ့ပြီး ပို့မယ်ဆိုရင် မြန်မာနိုင်ငံမှာစိုက်ပျိုးနေတဲ့ပမာဏလောက်က တခြားဈေးကွက်ကိုမတင်နိုင်ဘူး။ 
မေး။    ။ တောင်သူအကျိုးစီးပွားကာကွယ်တဲ့အနေနဲ့ ပဲဈေးနှုန်းတစ်ခုသတ်မှတ်ပြီးဝယ်ယူမယ့်နိုင်ဖို့ ဆောင်ရွက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး အခြေအနေလေးပြောပြပေးပါ။ 
ဖြေ။    ။ အသင်းမှာက (မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းရောင်းဝယ်ရေးအသင်း) နိုင်ငံခြားပို့ကုန်လုပ်ငန်းရှင်တွေ စုထားတာ။ သဘောကတော့ အိန္ဒိယက ၂၀၁၇ ခုနှစ်၊ ၈ လပိုင်းမှာကောက်ကာငင်ကာပဲ အဝယ် ပိတ်လိုက်တယ်ဆိုတော့ ဈေးနှုန်းကလည်းကျသွားတယ်။ ပဲဈေးအလွန်အမင်းမကျအောင်ဆိုပြီး အသင်းကနေဝယ်ဖို့ ကြိုးစားတာ။ကြိုးစားပေမဲ့ ခုနကပြောတဲ့အခက်အခဲတွေကအမျိုးမျိုးပဲလေ။ နိုင်ငံတော် ဘက်ကတော့ မထည့်ဝင်ဖြစ်လိုက်ဘူး။ ဘက်ဂျက်မရှိဘူးဆိုပြီး နိုင်ငံတော်ဘက်ကမထည့်ဝင်ဖြစ်တော့ မနှစ်ကဘယ်လိုဖြစ်လဲဆိုကုန်သည်ဘက်ကစုလို့ရတဲ့ငွေနဲ့ကလည်းဘီလီယံ ၅၀ (ကျပ်) အကုန်လုံးလည်း မဝယ်နိုင်ပါဘူး။ သဘောကသတ်မှတ်တဲ့ ရာထားတဲ့ ဘက်ဂျက်ကလည်းမရှိဘူး။ နောက်ဆုံးတော့ အထိုက်အလျောက်ဝယ်ပြီးရပ်လိုက်ရတာပဲ။ 
မေး။    ။ လက်ရှိဘဏ္ဍာနှစ်နဲ့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် နှိုင်းယှဉ်ရင်ရော ပဲတင်ပို့မှုပမာဏအခြေအနေ ဘယ်လိုရှိပါသလဲ။ 
ဖြေ။    ။ ကာလတူမှာပဲတင်ပို့မှု အနေအထားကတော့ဒီနှစ်မှာမလျော့ဘူး။ မလျော့ဘူးဆိုတာအခု ဇန်ဝါရီလကုန်အထိ ပဲမျိုးစုံကအားလုံးတန်ချိန် (မတ်ထရစ်) ၁၁ သိန်းကျော်လောက် တင်ပို့ပြီးသွားပြီ။ ယခင်နှစ်က တန်ချိန် (မတ်ထရစ်) ၁၀ သိန်းကျော်လောက်ပဲသွားနိုင်တာကိုး။ ဒီနှစ်ကာလတူတင်ပို့ထားတာက ယခင်နှစ်ကာလတူထက်တောင် ပိုတင်ပို့နိုင်တာတွေ့ရတယ်။ 
မေး။    ။ ပဲဈေးနှုန်းအခြေအနေက မနှစ်ကနဲ့ အခုနှစ်ကွာခြားမှုရှိပါသလား။ 
ဖြေ။    ။ မနှစ်က (၂၀၁၇ ခုနှစ်) ၈ လပိုင်းအကုန် နောက်ပိုင်းမှာဈေးနိမ့်တယ်။ ဒီနှစ် (၂၀၁၈ ခုနှစ်) က အစပိုင်းမှာဈေးနိမ့်ပေမယ့် နောက်ပိုင်းမှာဈေးပြန်ရတယ်ဆိုတော့ မနှစ်ကနဲ့ ဒီနှစ်ကဈေးနှုန်းပေါ်မှာ အ ပြောင်းအလဲသိပ်မရှိလှဘူး။ ဇန်နဝါရီလလယ်လောက်ကတော့ ဘုရင့်နောင်ကုန်စည်ဒိုင်မှာတစ်ပတ်ကိုပုံမှန် ပဲတန်ချိန် ၅၀၀၀ ကနေ ၆၀၀၀ လောက်ဝယ်လိုအားရှိတယ်။ အိန္ဒိယနိုင်ငံကိုပဲတင်ပို့တာလျော့သွားတော့ ဇန္နဝါရီလကုန်လောက်မှာတစ်နေ့ကိုပဲတန်ချိန် ၂၄၀၀၊ ၂၅၀၀ လောက်ပဲအဝယ်ရှိတော့တယ်။ အဝယ်ကျသွားတယ်။ ဈေးကလည်း ဇန်နဝါရီလလယ်ကမတ်ပဲတစ်တန်ကိုကျပ် ၇၃၀၀၀၀ (ခုနှစ်သိန်းသုံးသောင်း)၊ ပဲစဉ်းငုံတစ်တန်ကိုကျပ် ၈၀၀၀၀၀ (ရှစ်သိန်း) လောက်အထိဖြစ်ခဲ့တယ်။ ဒီရက်တွေမှာအရောင်းအဝယ်နည်းနည်းပြန်အေးတယ်။ ပဲဈေးလည်းနည်းနည်းပြန်ကျလာတယ်။ ဈေးကတော့ခုရက်တွေမှာတော့ မှန်းလို့ ခက်ပါတယ်။
မေး။    ။ မြန်မာနိုင်ငံကနေ ပြည်ပကိုပဲဈေးကွက်ခိုင်မာဖို့ နိုင်ငံတော်ကထိထိရောက်ရောက်ရှိအောင် ဘာတွေလုပ်ဆောင်သင့်ပါသလဲ။
ဖြေ။    ။ အဓိကတော့ နိုင်ငံတော်ပိုင်းကတော့ စီးပွား/ကူးသန်းဝန်ကြီးဌာနလည်းရှိတာပဲ။ လက်ရှိအိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံမှာကုန်သွယ်ရေးမှာမြန်မာနိုင်ငံကိုအိန္ဒိယကအိမ်ဆောက်ပစ္စည်းတို့၊ ဆေးဝါးတို့လိုပစ္စည်းတွေက တောက်လျှောက်သွင်းနေရတာလေ။ ဒီလိုသွင်းနေရတော့ မြန်မာနိုင်ငံက ပြန်တင်ပို့တဲ့ ပဲကိုလွတ်လပ်စွာ ဈေးကွက်ဖွင့်ပေးဖို့ နိုင်ငံတော်အစိုးရအနေနဲ့ တောင်းဆိုသင့်တယ်။ ဒီလိုတောင်းဆိုမှလည်းဖြစ်မှာ။ အဲလိုမှ ဖွင့်မပေးနိုင်ဘူးဆိုရင်နောက်ဆုံးမြန်မာနိုင်ငံအတွက် သီးသန့်ကိုယ်တာတစ်ခုတော့သတ်မှတ်ပေးသင့်တယ်။ ဒါကလည်း ပြီးခဲ့တဲ့နှစ်ကအိန္ဒိယနိုင်ငံသမ္မတ္တကြီး မြန်မာနိုင်ငံကိုလာတုန်းကလည်း မြန်မာနိုင်ငံသမ္မတကြီး ဦးဝင်းမြင့်ကလည်း ပဲကိစ္စနဲ့ ပတ်သက်ပြီးတောင်းဆိုလိုက်တာရှိတယ်။ အဲဒီတုန်းကတောင်းဆိုလိုက်တဲ့အပေါ် အခြေခံပြီးဆက်ပြီးတောင်းဆိုရမယ်။ လွတ်လွတ်လပ်လပ် ဈေးကွက်ပြန်ဖွင့်ပေးနိုင်လား၊ ဖွင့်ပေး။ ဖွင့်မပေးနိုင်ဘူးဆိုရင်လည်း မြန်မာနိုင်ငံကပဲကိုသီးသန့်ကိုယ်တာတစ်ခုသတ်မှတ်ပြီးဝယ်ပေးဖို့။ ဒီသဘောမျိုးပဲဆက်ပြီး တောင်းဆိုရမှာပဲ။ 
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

 - သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။