Skip to main content
ကရင္ျပည္နယ္အတြင္း လယ္သမား ၁၀၀၀ ဦးေက်ာ္ထံ လယ္ေျမဧက ၅၀၀၀ ေက်ာ္ပံုစံ- ၇ ထုတ္ေပးခဲ့ဟု ဆို
Ads Block

ကရင္ျပည္နယ္အတြင္း လယ္သမား ၁၀၀၀ ဦးေက်ာ္ထံ လယ္ေျမဧက ၅၀၀၀ ေက်ာ္ပံုစံ- ၇ ထုတ္ေပးခဲ့ဟု ဆို

ကရင္ျပည္နယ္အတြင္း ျပည္နယ္အစုိးရအဖြဲ႔မွ လယ္သမား ၁၀၀၀ ဦးေက်ာ္ထံ လယ္ယာေျမဧက ၅၀၀၀ ေက်ာ္ကို လယ္ယာလုပ္ကုိင္ခြင့္ပုံစံ- ၇မ်ား ထုတ္ေပးခဲ့ေၾကာင္း ကရင္ျပည္နယ္အစုိးရအဖြဲ႔မွ စုိက္ပ်ဳိးေရး၊ ေမြးျမဴေရး၊ ဆည္ေျမာင္း၀န္ႀကီးဌာနမွ ၀န္ႀကီးဦးေစာျမင့္ဦးေျပာျပခ်က္အရ သိရသည္။ 
ေဖေဖၚ၀ါရီလ ၄ ရက္ကက်င္းပေသာ ဒုတိယအႀကိမ္ကရင္ျပည္နယ္လႊတ္ေတာ္၊ န၀မပုံမွန္အစည္းအေ၀း ပထမေန႔ အစီအစဥ္တြင္ ယခုကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။ 
 “ကရင္ျပည္နယ္အစုိးရအဖြဲ႔ဟာ ၁ ရက္ ၄ လ ၂၀၁၆ ခုႏွစ္ကေန ၃၁ ရက္၊ ၁၂ လ၊ ၂၀၁၈ ခုႏွစ္အထိ ၃ ႏွစ္ တာကာလအတြင္း လယ္ယာေျမပုံစံ- ၇ မ်ားကုိထုတ္ေပးခဲ့ပါတယ္။ စုစုေပါင္းလယ္ယာေျမလုပ္ကုိင္သူ လယ္သမား ၁၀၉၃ ဦးကုိ လယ္ယာေျမဧက ၅၃၄၈ ဧက အထိလုပ္ကုိင္ခြင့္မ်ား ထုတ္ေပးခဲ့ပါတယ္။ အျငင္းပြားတဲ့လယ္ယာေျမ၊ ကန္႔ကြက္တဲ့လယ္ယာေျမေတြကေတာ့ ထုတ္ေပးဖို႔ ေႏွာင့္ေႏွးၾကန္႔ၾကာေနတာ ျဖစ္ပါတယ္’’ ဟု ကရင္ျပည္နယ္အစုိးရအဖြဲ႔မွ စုိက္ပ်ဳိးေရး၊ ေမြးျမဴေရး၊ ဆည္ေျမာင္း၀န္ႀကီးဌာနမွ ၀န္ႀကီးဦးေစာျမင့္ဦးက ေျပာသည္။ 

ကရင္ျပည္နယ္အတြင္း လယ္သမား ၁၀၀၀ ဦးေက်ာ္ထံ လယ္ေျမဧက ၅၀၀၀ ေက်ာ္ပံုစံ- ၇ ထုတ္ေပးခဲ့ဟု ဆို

အစည္းအေ၀းတြင္ ျမ၀တီမဲဆႏၵနယ္ အမွတ္၂မွ ျပည္နယ္ လႊတ္ေတာ္ကုိယ္စားလွယ္ ဦးသန္႕စင္ေအာင္၏ ကရင္ျပည္နယ္အစုိးရ၏ ၃ ႏွစ္တာကာလအတြင္း လယ္ယာေျမလုပ္ကုိင္ခြင့္မည္မွ်ထုတ္ေပးခဲ့သနည္း၊  မည္သည့္အတြက္ေၾကာင့္ ၾကန္႔ၾကာမႈမ်ားရွိသည္ကုိေမးျမန္းရာတြင္ ယခုကဲ့သို႔ ေျဖၾကားခဲ့ျခင္း ျဖစ္သည္။ 
ကရင္ျပည္နယ္၏ၿမိဳ႕ေတာ္မွာ ဘားအံၿမိဳ႕ျဖစ္ၿပီး ၂၀၁၄ ခုႏွစ္သန္းေခါင္စာရင္းအရ လူဦးေရ ၁၅၇၄၀၇၉ ဦး ရွိၿပီး စုိက္ပ်ဳိးေရးလုပ္ငန္းကို အသက္ေမြး၀မ္းေက်ာင္းအျဖစ္ လုပ္ကုိင္ၾကေၾကာင္း သိရသည္။

 - မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

ကရင်ပြည်နယ်အတွင်း လယ်သမား ၁၀၀၀ ဦးကျော်ထံ လယ်မြေဧက ၅၀၀၀ ကျော်ပုံစံ- ၇ ထုတ်ပေးခဲ့ဟု ဆို 

ကရင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့မှ လယ်သမား ၁၀၀၀ ဦးကျော်ထံ လယ်ယာမြေဧက ၅၀၀၀ ကျော်ကို လယ်ယာလုပ်ကိုင်ခွင့်ပုံစံ- ၇များ ထုတ်ပေးခဲ့ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ကြီးဦးစောမြင့်ဦးပြောပြချက်အရ သိရသည်။ 
ဖေဖေါ်ဝါရီလ ၄ ရက်ကကျင်းပသော ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်၊ နဝမပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်တွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ 
 “ကရင်ပြည်နယ်အစိုးရအဖွဲ့ဟာ ၁ ရက် ၄ လ ၂၀၁၆ ခုနှစ်ကနေ ၃၁ ရက်၊ ၁၂ လ၊ ၂၀၁၈ ခုနှစ်အထိ ၃ နှစ် တာကာလအတွင်း လယ်ယာမြေပုံစံ- ၇ များကိုထုတ်ပေးခဲ့ပါတယ်။ စုစုပေါင်းလယ်ယာမြေလုပ်ကိုင်သူ လယ်သမား ၁၀၉၃ ဦးကို လယ်ယာမြေဧက ၅၃၄၈ ဧက အထိလုပ်ကိုင်ခွင့်များ ထုတ်ပေးခဲ့ပါတယ်။ အငြင်းပွားတဲ့လယ်ယာမြေ၊ ကန့်ကွက်တဲ့လယ်ယာမြေတွေကတော့ ထုတ်ပေးဖို့ နှောင့်နှေးကြန့်ကြာနေတာ ဖြစ်ပါတယ်’’ ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ကြီးဦးစောမြင့်ဦးက ပြောသည်။ 
အစည်းအဝေးတွင် မြဝတီမဲဆန္ဒနယ် အမှတ်၂မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်အောင်၏ ကရင်ပြည်နယ်အစိုးရ၏ ၃ နှစ်တာကာလအတွင်း လယ်ယာမြေလုပ်ကိုင်ခွင့်မည်မျှထုတ်ပေးခဲ့သနည်း၊  မည်သည့်အတွက်ကြောင့် ကြန့်ကြာမှုများရှိသည်ကိုမေးမြန်းရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 
ကရင်ပြည်နယ်၏မြို့တော်မှာ ဘားအံမြို့ဖြစ်ပြီး ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၁၅၇၄၀၇၉ ဦး ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ကြကြောင်း သိရသည်။

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။