Skip to main content
မဟာဗႏၶဳလပန္းၿခံေရွ႕တြင္ တစ္ပတ္တစ္ရက္ ေအာ္ဂဲနစ္ ေစ်းတန္း ဖြင့္ႏုိင္ရန္ စီစဥ္ေနဟုဆို
Ads Block

မဟာဗႏၶဳလပန္းၿခံေရွ႕တြင္ တစ္ပတ္တစ္ရက္ ေအာ္ဂဲနစ္ ေစ်းတန္း ဖြင့္ႏုိင္ရန္ စီစဥ္ေနဟုဆို

ျမန္မာႏုိင္ငံ စားသံုးသူကာကြယ္ေရးအသင္းမွ ေအာ္ဂဲနစ္သီးႏွံ စိုက္ပ်ိဳးထုတ္လုပ္သူမ်ားႏွင့္ ပူးေပါင္းလုပ္ေဆာင္ေနေသာ ေအာ္ဂဲနစ္ ေစ်းတန္းကို အမ်ားျပည္သူ၏ ေတာင္းဆိုခ်က္အရ ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလ ပန္းၿခံေရွ႕တြင္ တစ္ပတ္တစ္ရက္ ဖြင့္လွစ္ေပးႏုိင္ရန္ စီစဥ္ေနေၾကာင္း ျမန္မာႏုိင္ငံ စာသံုးသူကာကြယ္ေရးအသင္း ဥကၠ႒ ဦးဗအုပ္ခိုင္က ဆိုသည္။
ေဖေဖာ္၀ါရီလ (၄)ရက္ မနက္ပိုင္းက ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလ ပန္းၿခံေရွ႕တြင္ က်င္းပေသာ ကမၻာ့ကင္ဆာေန႔ အထိမ္းအမွတ္ အခမ္းအနားသို႔ ေပးပို႔ေသာ သ၀ဏ္လႊာတြင္ အထက္ပါအတိုင္း ပါရွိျခင္း ျဖစ္သည္။
“စားသံုးသူေတြက ဆူးေလမဟာဗႏၶဳလပန္းၿခံေရွ႕မွာ တစ္ပတ္တစ္ရက္ ေအာ္ဂဲနစ္ေစ်းတန္း ဖြင့္ဖို႔ေတာင္းဆိုေနၾကတာကို လ ည္း သက္ဆိုင္ရာ စည္ပင္က တာ၀န္ရွိပုဂၢိဳလ္ေတြနဲ႕ ညွိႏႈိင္းၿပီး ခြင့္ျပဳခ်က္ရတာနဲ႔ ေအာ္ဂဲနစ္ေစ်းတန္း တန္းဖြင့္ေပးသြားမွာပါ”ဟု ဦးဗအုပ္ခိုင္က ေျပာသည္။

မဟာဗႏၶဳလပန္းၿခံေရွ႕တြင္ တစ္ပတ္တစ္ရက္ ေအာ္ဂဲနစ္ ေစ်းတန္း ဖြင့္ႏုိင္ရန္ စီစဥ္ေနဟုဆို

ယခုလက္ရွိတြင္ အင္းစိန္ BPI မွတ္တိုင္းအနီးတြင္ စိ္ုက္ပ်ိဳးေရး၀င္းေရွ႕တြင္ အပတ္စဥ္ ဗုဒၶဟူးေန႔ နံနက္တိုင္း အဆိုပါ ေအာ္ဂဲနစ္ ေစ်းတန္းကို ဖြင့္လွစ္ျခင္းမွာ ႏွစ္လနီးပါး ရွိေနၿပီ ျဖစ္ၿပီး၊ တာေမြၿမိဳ႕နယ္ ေက်ာက္ေျမာင္းတြင္လည္း စေနေန႔ ညေနတိုင္း ေအာ္ဂဲ နစ္ထုတ္ကုန္မ်ား ေရာင္းခ်သူမ်ားႏွင့္ ခ်ိတ္ဆက္ေပးႏုိင္ေၾကာင္း ျမန္မာႏုိင္ငံ စာသံုးသူ ကာကြယ္ေရးအသင္းက ဆိုသည္။
၄င္းတို႔၏ ရည္ရြယ္ခ်က္မွာ စားသံုသူမ်ား သင့္တင့္သည့္ ေစ်းႏႈန္းႏွင့္ အဆင္ေျပစြာ ၀ယ္ယူစားေသာက္ႏုိင္ရန္ ေအာ္ဂဲနစ္ စိုက္ပ်ိဳး ထုတ္လုပ္သူမ်ားလည္း ေစ်းကြက္ရရွိၿပီး ေအာ္ဂဲနစ္သီးႏွံမ်ားကို တိုးခ်ဲ႕စိုက္ပ်ိဳးခ်င္လာေစရန္ ရည္ရြယ္ခ်က္ျဖင့္ ယခုလို စားသံုး သူႏွင့္ တိုက္ရုိက္ခ်ိတ္ဆက္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

 - ထက္ေ၀လင္း(အကုန္သိ သတင္းဌာန)

Unicode version

မဟာဗန္ဓုလပန်းခြံရှေ့တွင် တစ်ပတ်တစ်ရက် အော်ဂဲနစ် ဈေးတန်း ဖွင့်နိုင်ရန် စီစဉ်နေဟုဆို

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ အော်ဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများနှင့် ပူးပေါင်းလုပ်ဆောင်နေသော အော်ဂဲနစ် ဈေးတန်းကို အများပြည်သူ၏ တောင်းဆိုချက်အရ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် တစ်ပတ်တစ်ရက် ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ စာသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဆိုသည်။
ဖေဖော်ဝါရီလ (၄)ရက် မနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ကျင်းပသော ကမ္ဘာ့ကင်ဆာနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် အထက်ပါအတိုင်း ပါရှိခြင်း ဖြစ်သည်။
“စားသုံးသူတွေက ဆူးလေမဟာဗန္ဓုလပန်းခြံရှေ့မှာ တစ်ပတ်တစ်ရက် အော်ဂဲနစ်ဈေးတန်း ဖွင့်ဖို့တောင်းဆိုနေကြတာကို လ ည်း သက်ဆိုင်ရာ စည်ပင်က တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းပြီး ခွင့်ပြုချက်ရတာနဲ့ အော်ဂဲနစ်ဈေးတန်း တန်းဖွင့်ပေးသွားမှာပါ”ဟု ဦးဗအုပ်ခိုင်က ပြောသည်။
ယခုလက်ရှိတွင် အင်းစိန် BPI မှတ်တိုင်းအနီးတွင် စိုက်ပျိုးရေးဝင်းရှေ့တွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက်တိုင်း အဆိုပါ အော်ဂဲနစ် ဈေးတန်းကို ဖွင့်လှစ်ခြင်းမှာ နှစ်လနီးပါး ရှိနေပြီ ဖြစ်ပြီး၊ တာမွေမြို့နယ် ကျောက်မြောင်းတွင်လည်း စနေနေ့ ညနေတိုင်း အော်ဂဲ နစ်ထုတ်ကုန်များ ရောင်းချသူများနှင့် ချိတ်ဆက်ပေးနိုင်ကြောင်း မြန်မာနိုင်ငံ စာသုံးသူ ကာကွယ်ရေးအသင်းက ဆိုသည်။
၎င်းတို့၏ ရည်ရွယ်ချက်မှာ စားသုံသူများ သင့်တင့်သည့် ဈေးနှုန်းနှင့် အဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရန် အော်ဂဲနစ် စိုက်ပျိုး ထုတ်လုပ်သူများလည်း ဈေးကွက်ရရှိပြီး အော်ဂဲနစ်သီးနှံများကို တိုးချဲ့စိုက်ပျိုးချင်လာစေရန် ရည်ရွယ်ချက်ဖြင့် ယခုလို စားသုံး သူနှင့် တိုက်ရိုက်ချိတ်ဆက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 - ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။