Skip to main content
အရည္အေသြးျပည့္မီသည့္ လူ႔စြမ္းအားအရင္းျမစ္မ်ား ေပၚထြက္လာေစရန္ ပညာေရးနွင့္ စီးပြားေရးက႑ ပူးေပါင္းေဆာင္ရြက္မည္
Ads Block

အရည္အေသြးျပည့္မီသည့္ လူ႔စြမ္းအားအရင္းျမစ္မ်ား ေပၚထြက္လာေစရန္ ပညာေရးနွင့္ စီးပြားေရးက႑ ပူးေပါင္းေဆာင္ရြက္မည္

တိုင္းျပည္အတြက္ အရည္အေသြးျပည့္မီသည့္ လူ႔စြမ္းအားအရင္းျမစ္မ်ားေပၚထြက္လာေစရန္အတြက္ ပညာေရးႏွင့္ စီးပြားေရး ပူးေပါင္းလုပ္ေဆာင္သြားၾကရန္ ပညာေရး၀န္ႀကီးႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ကိစၥရပ္ႏွင့္ပတ္သက္၍ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးႏွင့္ ပုဂၢလိကက႑မွ လုပ္ငန္းရွင္မ်ား၊ စီးပြားေရးပညာရွင္မ်ား ေဖေဖာ္ဝါရီလ ၂ ရက္က ေတြဆံုေဆြးေႏြးခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

အရည္အေသြးျပည့္မီသည့္ လူ႔စြမ္းအားအရင္းျမစ္မ်ား ေပၚထြက္လာေစရန္ ပညာေရးနွင့္ စီးပြားေရးက႑ ပူးေပါင္းေဆာင္ရြက္မည္


“အေျခခံပညာေရးေကာင္းမွ၊ မူလတန္းပညာေရးေကာင္းမွ၊ အရည္အေသြးျမင့္မားလာမွာျဖစ္ပါတယ္” ဟု ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာၾကားခဲ့သည္။
ပညာေရးနွင့္ စီးပြားေရးက႑ ထိထိမိမိခ်ိတ္ဆက္မွသာလွ်င္ တုိင္းျပည္အတြက္ ကၽြမ္းက်င္၍ အရည္အေသြးျပည့္မွီေသာ လူ႔စြမ္းအားအရင္းအျမစ္မ်ားဖြံ႔ၿဖိဳးတုိးတက္လာမည္ျဖစ္ၿပီး ပုဂၢလိက က႑ဖက္မွလည္း ပူးေပါင္းပါဝင္ကူညီေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ 

အရည္အေသြးျပည့္မီသည့္ လူ႔စြမ္းအားအရင္းျမစ္မ်ား ေပၚထြက္လာေစရန္ ပညာေရးနွင့္ စီးပြားေရးက႑ ပူးေပါင္းေဆာင္ရြက္မည္


“စီးပြားေရး က႑မွာ အရည္အခ်င္းျပည့္မီတဲ့ Vocational Training ေတြ လိုအပ္ၿပီး ကၽြမ္းက်င္ လုပ္သားေတြ ေမြးထုတ္ေပး ဖုိ႔ၾကဳိးစား ေနပါတယ္။ အသင္းခ်ဳပ္မွာ Management သင္တန္းမ်ား၊ MBA သင္တန္းမ်ား၊ TVET နွင့္ လွ်ပ္စစ္သင္တန္းမ်ား အျပင္ လက္ေတြ႔နယ္ပယ္တြင္ လိုအပ္ေသာ ထိေရာက္ေသာ သင္တန္းမ်ားေပးေနပါတယ္။ ပုဂၢလိက က႑ဖက္မွလည္း အခုလို တန္ဖိုးရွိၿပီး ပညာေရးနယ္ပယ္က႑စုံနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ႀကိဳဆုိပါတယ္” ဟု ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္မင္းဝင္း က ေျပာသည္။

အရည္အေသြးျပည့္မီသည့္ လူ႔စြမ္းအားအရင္းျမစ္မ်ား ေပၚထြက္လာေစရန္ ပညာေရးနွင့္ စီးပြားေရးက႑ ပူးေပါင္းေဆာင္ရြက္မည္


ေဆြးေႏြးပြဲသို႔ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္း၊ ပညာေရး မူဝါဒေကာ္မရွင္ဥကၠ႒၊ ရန္ကုန္တိုင္း ေဒသႀကီး အတြင္းရွိ တကၠသိုလ္မ်ားမွ ပါေမာကၡခ်ဳပ္မ်ား၊ ဒုတိယပါေမာကၡခ်ဳပ္မ်ား၊ ဌာနအႀကီး အကဲမ်ားမွ ပညာေရးနွင့္ စီးပြားေရး က႑ ခ်ိတ္ဆက္မႈအတြက္ လိုအပ္ခ်က္မ်ားနွင့္ အႀကံဉာဏ္မ်ားကို ေျပာၾကားခဲ့သည့္အျပင္ တက္ေရာက္လာေသာ စီးပြားေရးနယ္ပယ္ အသီးသီးမွ လုပ္ငန္းရွင္မ်ားမွလည္း ပညာေရးနွင့္ ဆက္စပ္သည့္ အေတြ႔အႀကဳံမ်ား ၊ အႀကံဉာဏ္မ်ားကို ျပည့္ျပည့္စုံစုံ တင္ျပေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

- စုသက္ႏွင္း (အကုန္သိသတင္းဌာန)

 

Unicode version

အရည်အသွေးပြည့်မီသည့် လူ့စွမ်းအားအရင်းမြစ်များ ပေါ်ထွက်လာစေရန် ပညာရေးနှင့် စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မည်

တိုင်းပြည်အတွက် အရည်အသွေးပြည့်မီသည့် လူ့စွမ်းအားအရင်းမြစ်များပေါ်ထွက်လာစေရန်အတွက် ပညာရေးနှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင်သွားကြရန် ပညာရေး ဝန်ကြီးနှင့် စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များ ဖေဖော်ဝါရီလ ၂ ရက်က တွေဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
“အခြေခံပညာရေးကောင်းမှ၊ မူလတန်းပညာရေးကောင်းမှ၊ အရည်အသွေးမြင့်မားလာမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့သည်။
ပညာရေးနှင့် စီးပွားရေးကဏ္ဍ ထိထိမိမိချိတ်ဆက်မှသာလျှင် တိုင်းပြည်အတွက် ကျွမ်းကျင်၍ အရည်အသွေးပြည့်မှီသော လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍဖက်မှလည်း ပူးပေါင်းပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
“စီးပွားရေး ကဏ္ဍမှာ အရည်အချင်းပြည့်မီတဲ့ Vocational Training တွေ လိုအပ်ပြီး ကျွမ်းကျင် လုပ်သားတွေ မွေးထုတ်ပေး ဖို့ကြိုးစား နေပါတယ်။ အသင်းချုပ်မှာ Management သင်တန်းများ၊ MBA သင်တန်းများ၊ TVET နှင့် လျှပ်စစ်သင်တန်းများ အပြင် လက်တွေ့နယ်ပယ်တွင် လိုအပ်သော ထိရောက်သော သင်တန်းများပေးနေပါတယ်။ ပုဂ္ဂလိက ကဏ္ဍဖက်မှလည်း အခုလို တန်ဖိုးရှိပြီး ပညာရေးနယ်ပယ်ကဏ္ဍစုံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုဆိုပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ပြောသည်။
ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနအကြီး အကဲများမှ ပညာရေးနှင့် စီးပွားရေး ကဏ္ဍ ချိတ်ဆက်မှုအတွက် လိုအပ်ချက်များနှင့် အကြံဉာဏ်များကို ပြောကြားခဲ့သည့်အပြင် တက်ရောက်လာသော စီးပွားရေးနယ်ပယ် အသီးသီးမှ လုပ်ငန်းရှင်များမှလည်း ပညာရေးနှင့် ဆက်စပ်သည့် အတွေ့အကြုံများ ၊ အကြံဉာဏ်များကို ပြည့်ပြည့်စုံစုံ တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

- စုသက်နှင်း (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။