Skip to main content
ေဆး၀ါးစက္ရံုမွ ေျမြဆိပ္ေျဖေဆးထုတ္ရန္ ေျမြေပြး၊ ေျမြေဟာက္မ်ား တစ္ေကာင္လွ်င္ ၅၀၀၀ က်ပ္ျဖင့္ ၀ယ္ယူေန 
Ads Block

ေဆး၀ါးစက္ရံုမွ ေျမြဆိပ္ေျဖေဆးထုတ္ရန္ ေျမြေပြး၊ ေျမြေဟာက္မ်ား တစ္ေကာင္လွ်င္ ၅၀၀၀ က်ပ္ျဖင့္ ၀ယ္ယူေန 

အင္းစိန္ေဆး၀ါးစက္ရုံမွ တစ္ေကာင္လွ်င္ ငါးဆယ္က်ပ္သားေက်ာ္သည့္ ေျမြေပြး၊ ေျမြေဟာက္မ်ား ၀ယ္ယူလုိသည္ဟု သိရသည္။ 
ရန္ကုန္တုိင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္ရွိ ေဆး၀ါးစက္ရုံအင္းစိန္မွ ေျမြဆိပ္ေျဖေဆးထုတ္လုပ္ရန္ ေျမြေပြးေျမြေဟာက္မ်ား၀ယ္ယူလုိေၾကာင္း ေဖေဖၚ၀ါရီလ ၄ရက္တြင္ ေၾကညာခဲ့ျခင္း ျဖစ္သည္။
“ ေျမြေပြးေျမြေဟာက္ေတြ ၀ယ္တာေတာ့ ဟုတ္ပါတယ္။ ေျမြဆိပ္ေျဖေဆးထုတ္ဖုိ႔အဓိက၀ယ္တာပါ’’ ဟု ေဆး၀ါးစက္ရုံ(အင္းစိန္)မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
ေရာင္းခ်လုိသူမ်ားအေနျဖင့္ တစ္ေကာင္ကုိငါးဆယ္က်ပ္သားႏွင့္အထက္ရွိရမည္ျဖစ္ကာ တစ္ေကာင္လွ်င္ က်ပ္ငါးေထာင္နႈန္းျဖင့္ စက္ရုံသုိ႔အေရာက္ေပးပုိ႔ရမည္ျဖစ္ၿပီး အေရအတြက္အလုိက္ လက္ငင္းေငြေခ်စနစ္ျဖင့္ ၀ယ္ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
အမွန္တကယ္ေရာင္းခ်လုိသူမ်ားမွာဖုန္း ၀၁ ၆၄၆၂၇၃၊ ၆၄၆၂၈၃ သုိ႔ဆက္သြယ္ေမးျမန္းႏုိင္ၿပီး ေျမေပြးအေကာင္ ၁၂၀၀ ႏွင့္ေျမြေဟာက္ အေကာင္ ၄၀၀ လုိအပ္ေၾကာင္းသိရသည္။
ျမန္မာႏုိင္ငံတြင္ မေကြးတုိင္းေဒသႀကီး၊ စစ္ကုိင္းတုိင္းေဒသႀကီး၊ ဧရာ၀တီတုိင္းေဒသႀကီးႏွင့္ ပဲခူးတုိင္းေဒသႀကီး တုိ႔တြင္ ေျမြေပြးႏွင့္ ေျမြေဟာက္မ်ား အမ်ားဆံုးေတြ႔ရွိရတတ္ၿပီး ေျမြေပြးမွာ ၿငိမ္သက္ကာေခြေနသည့္သေဘာ ရွိကာ ၄င္း၏အေရာင္အဆင္းမွာ အညဳိခပ္မြဲမြဲအေပြးအကြက္မ်ားႏွင့္ အေရာင္မြဲေၾကာင္း သိရသည္။
ေျမြေဟာက္မ်ားသည္ အဆိပ္ျပင္းထန္ဆုံးေျမြမ်ိဳးစာရင္းတြင္ ပါ၀င္ၿပီး ၄င္းအကုိက္ခံရပါက မိနစ္ပုိင္းအတြင္း စကားမေျပာႏုိင္ေတာ့ဘဲ အဆိပ္မ်ားခႏၶာကုိယ္သုိ႔ပ်ံႏွံ႔ကာ အသက္ဆုံးပါးႏိုင္ေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode version

ဆေးဝါးစက်ရုံမှ မြွေဆိပ်ဖြေဆေးထုတ်ရန် မြွေပွေး၊ မြွေဟောက်များ တစ်ကောင်လျှင် ၅၀၀၀ ကျပ်ဖြင့် ဝယ်ယူနေ 

အင်းစိန်ဆေးဝါးစက်ရုံမှ တစ်ကောင်လျှင် ငါးဆယ်ကျပ်သားကျော်သည့် မြွေပွေး၊ မြွေဟောက်များ ဝယ်ယူလိုသည်ဟု သိရသည်။ 
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံအင်းစိန်မှ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရန် မြွေပွေးမြွေဟောက်များဝယ်ယူလိုကြောင်း ဖေဖေါ်ဝါရီလ ၄ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
“ မြွေပွေးမြွေဟောက်တွေ ဝယ်တာတော့ ဟုတ်ပါတယ်။ မြွေဆိပ်ဖြေဆေးထုတ်ဖို့အဓိကဝယ်တာပါ’’ ဟု ဆေးဝါးစက်ရုံ(အင်းစိန်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရောင်းချလိုသူများအနေဖြင့် တစ်ကောင်ကိုငါးဆယ်ကျပ်သားနှင့်အထက်ရှိရမည်ဖြစ်ကာ တစ်ကောင်လျှင် ကျပ်ငါးထောင်နှုန်းဖြင့် စက်ရုံသို့အရောက်ပေးပို့ရမည်ဖြစ်ပြီး အရေအတွက်အလိုက် လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အမှန်တကယ်ရောင်းချလိုသူများမှာဖုန်း ၀၁ ၆၄၆၂၇၃၊ ၆၄၆၂၈၃ သို့ဆက်သွယ်မေးမြန်းနိုင်ပြီး မြေပွေးအကောင် ၁၂၀၀ နှင့်မြွေဟောက် အကောင် ၄၀၀ လိုအပ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် မြွေပွေးနှင့် မြွေဟောက်များ အများဆုံးတွေ့ရှိရတတ်ပြီး မြွေပွေးမှာ ငြိမ်သက်ကာခွေနေသည့်သဘော ရှိကာ ၎င်း၏အရောင်အဆင်းမှာ အညိုခပ်မွဲမွဲအပွေးအကွက်များနှင့် အရောင်မွဲကြောင်း သိရသည်။
မြွေဟောက်များသည် အဆိပ်ပြင်းထန်ဆုံးမြွေမျိုးစာရင်းတွင် ပါဝင်ပြီး ၎င်းအကိုက်ခံရပါက မိနစ်ပိုင်းအတွင်း စကားမပြောနိုင်တော့ဘဲ အဆိပ်များခန္ဓာကိုယ်သို့ပျံနှံ့ကာ အသက်ဆုံးပါးနိုင်ကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။