Skip to main content
ျမန္မာ့ရုပ္ရွင္ အေရြ႕တစ္ခုကို မျဖစ္မေနသြားရေတာ့မည္ဟု အကယ္ဒမီ ေဆြဇင္ထုိက္ေျပာ
Ads Block

ျမန္မာ့ရုပ္ရွင္ အေရြ႕တစ္ခုကို မျဖစ္မေနသြားရေတာ့မည္ဟု အကယ္ဒမီ ေဆြဇင္ထုိက္ေျပာ

ျမန္မာ့ရုပ္ရွင္ဖြံ႔ၿဖိဳးတုိးတက္ရန္အတြက္ အေရြ႕တစ္ခုကုိ မျဖစ္မေနသြားရေတာ့မည္ျဖစ္ေၾကာင္း အကယ္ဒမီ ေဆြဇင္ထုိက္က ေျပာသည္။
ျမန္မာရုပ္ရွင္ဇာတ္ကားမ်ားအေပၚ ေ၀ဖန္ေနမႈမ်ား ေလ်ာ့နည္းသြားေစရန္ႏွင့္ ျမန္မာ့ရုပ္ရွင္ဖြံ႔ၿဖိဳးတိုးတက္ရန္အတြက္ မည္ကဲ့သုိ႔ ေဆာင္ရြက္သင့္ေၾကာင္း ေမးျမန္းမႈအေပၚ ေဒၚေဆြဇင္ထုိက္က ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
 “ ကၽြန္မတို႔က ျပည္တြင္းၾကည့္ ၾကည့္ရတယ္။ ႏုိင္ငံတကာၾကည့္ ၾကည့္ရတယ္။  ၿပီးမွ ျမန္မာအသိလည္း သိရတာေပါ့။ ၿပီးမွ ကမၻာ ျမန္မာ မွ်ၿပီး ၾကည့္ရတာေပါ့။ အခု ႏုိင္ငံတကာကေန ေလ့က်င့္လာ သင္ၾကားလာတဲ့ ကေလးေတြ၊ ပရုိဂ်ဴဆာ မ်က္ႏွာကုိ ၾကည့္မေနရဘဲ လုပ္တဲ့ကေလးေတြ တင္ဆက္မႈကေတာ့ ျခားနားတာေပါ့။ ကြာတာေပါ့။ အဲဒီလုိ ထူးျခားတဲ့ တင္ဆက္မႈေတြကုိ ျပည္တြင္းမွာရွိတဲ့ သူေတြက လက္မခံႏုိင္ဘူး။ ဒါေပမဲ့ ကၽြန္မတုိ႔ကေတာ့ ေရြ႕ရမွာပဲ။ ေရြ႕တဲ့အေရြ႕မွာ ပါႏုိင္သေလာက္ ပါလာ ေအာင္ လုပ္ရမွာျဖစ္ပါတယ္။ ရွိတဲ့ေနရာ မွာရပ္ေနလုိ႔မရဘူး။ ျမန္မာ့ရုပ္ရွင္က ေရြ႕ရေတာ့မွာ” ေဒၚေဆြဇင္ထုိက္ ကေျပာသည္။

လာမည့္ ၂၀၂၀ ခုႏွစ္အလြန္တြင္ ျမန္မာ့ရုပ္ရွင္ေလာက အေျပာင္းအလဲတစ္ခုကို ျမင္ေတြ႔ရမည္ဟု ေမွ်ာ္လင့္ေၾကာင္းလည္း ၎ က ေျပာသည္။
“ ရုပ္ရွင္ဆုိတာ အေရြ႕တစ္ခုရွိတယ္။ အတက္အက်လည္းရွိတယ္။ အတက္အက်တုိင္းပဲ သြားမွာပါပဲ။ သက္လံုေကာင္းတဲ့သူက သက္လံုေကာင္းသလုိ ေရရွည္ပါလာမွာပဲ။  သက္လံုမေကာင္းတဲ့သူကလည္း က်န္ခဲ့မွာပါပဲ”ဟု ေဒၚေဆြဇင္ထုိက္ ကေျပာ သည္။
၂၀၁၉ ခုႏွစ္မတ္လတြင္ ေပးအပ္မည့္ အကယ္ဒမီဆုေပးပြဲတြင္ ရုပ္ရွင္ကားေပါင္း စုစုေပါင္း ၈၃ ကားရွိေနၿပီး တစ္ဝက္ေက်ာ္မွာ ဟာသကားမ်ားျဖစ္ေနေၾကာင္းလည္း သိရသည္။

 - ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode version

မြန်မာ့ရုပ်ရှင် အရွေ့တစ်ခုကို မဖြစ်မနေသွားရတော့မည်ဟု အကယ်ဒမီ ဆွေဇင်ထိုက်ပြော

မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရွေ့တစ်ခုကို မဖြစ်မနေသွားရတော့မည်ဖြစ်ကြောင်း အကယ်ဒမီ ဆွေဇင်ထိုက်က ပြောသည်။
မြန်မာရုပ်ရှင်ဇာတ်ကားများအပေါ် ဝေဖန်နေမှုများ လျော့နည်းသွားစေရန်နှင့် မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်သင့်ကြောင်း မေးမြန်းမှုအပေါ် ဒေါ်ဆွေဇင်ထိုက်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
 “ ကျွန်မတို့က ပြည်တွင်းကြည့် ကြည့်ရတယ်။ နိုင်ငံတကာကြည့် ကြည့်ရတယ်။  ပြီးမှ မြန်မာအသိလည်း သိရတာပေါ့။ ပြီးမှ ကမ္ဘာ မြန်မာ မျှပြီး ကြည့်ရတာပေါ့။ အခု နိုင်ငံတကာကနေ လေ့ကျင့်လာ သင်ကြားလာတဲ့ ကလေးတွေ၊ ပရိုဂျူဆာ မျက်နှာကို ကြည့်မနေရဘဲ လုပ်တဲ့ကလေးတွေ တင်ဆက်မှုကတော့ ခြားနားတာပေါ့။ ကွာတာပေါ့။ အဲဒီလို ထူးခြားတဲ့ တင်ဆက်မှုတွေကို ပြည်တွင်းမှာရှိတဲ့ သူတွေက လက်မခံနိုင်ဘူး။ ဒါပေမဲ့ ကျွန်မတို့ကတော့ ရွေ့ရမှာပဲ။ ရွေ့တဲ့အရွေ့မှာ ပါနိုင်သလောက် ပါလာ အောင် လုပ်ရမှာဖြစ်ပါတယ်။ ရှိတဲ့နေရာ မှာရပ်နေလို့မရဘူး။ မြန်မာ့ရုပ်ရှင်က ရွေ့ရတော့မှာ” ဒေါ်ဆွေဇင်ထိုက် ကပြောသည်။
လာမည့် ၂၀၂၀ ခုနှစ်အလွန်တွင် မြန်မာ့ရုပ်ရှင်လောက အပြောင်းအလဲတစ်ခုကို မြင်တွေ့ရမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်း က ပြောသည်။
“ ရုပ်ရှင်ဆိုတာ အရွေ့တစ်ခုရှိတယ်။ အတက်အကျလည်းရှိတယ်။ အတက်အကျတိုင်းပဲ သွားမှာပါပဲ။ သက်လုံကောင်းတဲ့သူက သက်လုံကောင်းသလို ရေရှည်ပါလာမှာပဲ။  သက်လုံမကောင်းတဲ့သူကလည်း ကျန်ခဲ့မှာပါပဲ”ဟု ဒေါ်ဆွေဇင်ထိုက် ကပြော သည်။
၂၀၁၉ ခုနှစ်မတ်လတွင် ပေးအပ်မည့် အကယ်ဒမီဆုပေးပွဲတွင် ရုပ်ရှင်ကားပေါင်း စုစုပေါင်း ၈၃ ကားရှိနေပြီး တစ်ဝက်ကျော်မှာ ဟာသကားများဖြစ်နေကြောင်းလည်း သိရသည်။

 - ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။