Skip to main content
ဂ်ဴဗင္တပ္အသင္းသည္ လာမည့္ ေႏြရာသီေစ်းကြက္ကာလအတြင္းတြင္ ရီးရဲမက္ဒရစ္အသင္း ဘယ္ေတာင္ပံ ခံစစ္မွဴး
Ads Block

ေရာ္နယ္ဒို၏ အသင္းေဖာ္ေဟာင္း မာဆယ္လိုအား ကမ္းလွမ္းရန္ ဂ်ဴဗင္တပ္အသင္း စီစဥ္ထား 

 ဂ်ဴဗင္တပ္အသင္းသည္ လာမည့္ ေႏြရာသီေစ်းကြက္ကာလအတြင္းတြင္ ရီးရဲမက္ဒရစ္အသင္း ဘယ္ေတာင္ပံ ခံစစ္မွဴး မာဆယ္လိုအား ေျပာင္းေရႊ႕ေၾကး ယူ႐ို ၄၅ သန္းျဖင့္ ကမ္းလွမ္းသြားရန္ အဆင္သင့္ရွိေနေၾကာင္း အီတလီသတင္းစာ Tuttosport က ေရးသားေဖာ္ျပခဲ့သည္။ အသက္ ၃၀ ႏွစ္အရြယ္ရွိ ခံစစ္မွဴး မာဆယ္လိုသည္ ၿပီးခဲ့သည့္ ေႏြရာသီတြင္းတြင္ ရီးရဲမက္ဒရစ္အသင္းမွ ဂ်ဴဗင္တပ္အသင္းသုိ႔ ေျပာင္းေရႊ႕သြားခဲ့သူ ေပၚတူဂီတုိက္စစ္ကစားသမား ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ ရင္းႏွီးသည့္ မိတ္ေဆြမ်ားျဖစ္ၿပီး မာဆယ္လို၏ ေအးဂ်င့္သည္ ေရာ္နယ္ဒို၏ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့မန္ဒက္စ္ပင္ျဖစ္ေၾကာင္း သတင္းမ်ားတြင္ ဆက္လက္ေရးသားထားသည္။

ဂ်ဴဗင္တပ္အသင္းသည္ လာမည့္ ေႏြရာသီေစ်းကြက္ကာလအတြင္းတြင္ ရီးရဲမက္ဒရစ္အသင္း ဘယ္ေတာင္ပံ ခံစစ္မွဴး

ဂ်ဴဗင္တပ္အသင္းအေနျဖင့္ မာဆယ္လို အား တစ္ႏွစ္လုပ္ခေငြအျဖစ္ ယူ႐ို ၁၂ သန္း ေပးေခ်ရန္လည္း ရည္ရြယ္ထားသည္ဟု ဆုိသည္။ မာဆယ္လိုအား ေခၚယူေရးအတြက္ ကမး္လွမ္းရာတြင္ ဂ်ဴဗင္တပ္အသင္းသည္ အသင္းမွ ဘရာဇီးဘယ္ေတာင္ပံ ခံစစ္မွဴးျဖစ္သူ အဲလက္စ္ဆန္ဒ႐ို (၂၈ႏွစ္) ကို အလိုက္ေပးကမ္းလွမ္းဖြယ္ရွိေၾကာင္းလည္း သတင္းမ်ားတြင္ ဆက္လက္ေရးသားထားသည္။

ဂ်ဴဗင္တပ္အသင္းသည္ လာမည့္ ေႏြရာသီေစ်းကြက္ကာလအတြင္းတြင္ ရီးရဲမက္ဒရစ္အသင္း ဘယ္ေတာင္ပံ ခံစစ္မွဴး

မာဆယ္လိုႏွင့္ ရီးရဲမက္ဒရစ္အသင္းတုိ႔ ခ်ဳပ္ဆိုထားသည့္ စာခ်ဳပ္သက္တမ္းမွာ ၂၀၂၂ ခုႏွစ္တြင္ ကုန္ဆံုးမည္ျဖစ္သည္။ မာဆယ္လိုသည္ ၂၀၀၇ ဇန္န၀ါရီေစ်းကြက္ကာလတြင္ သူ၏ ပေရာ္ဖက္ရွင္ နယ္ကစားသမားဘ၀ စတင္ရာ ဘရာဇီးကလပ္ ဖလူမီနီစီအသင္းမွ ရီးရဲမက္ဒရစ္အသင္းသုိ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္သည္။ အျခားသတင္းတစ္ပုဒ္အရ ဂ်ဴဗင္တပ္အသင္း၏ ကပၸတိန္ျဖစ္သူ ခံစစ္မွဴး ခ်ီလီနီသည္ ေျခသလံုးၾကြက္သား ဒဏ္ရာေၾကာင့္ သီတင္းပတ္ ႏွစ္ပတ္ခန္႔အနားယူရမည္ျဖစ္ေၾကာင္း ဂ်ဴဗင္တပ္အသင္းနည္းျပ အယ္လီဂရီက အတည္ျပဳေျပာဆုိိခဲ့သည္ဟုဆုိသည္။ ခ်ီလီနီသည္ ဇန္န၀ါရီလ ၃၁ ရက္တြင္ ဂ်ဴဗင္တပ္အသင္းက အတၱလႏၱာအသင္းအား ၃-၀ ျဖင့္ အေရး နိမ့္ခဲ့ရသည့္ ကိုပါအီတာလီယာဖလားပြဲစဥ္တြင္ အဆုိပါဒဏ္ရာ ရရွိခဲ့ျခင္းျဖစ္သည္။ နည္းျပ က သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ “ခ်ီလီနီရဲ႕ ဒဏ္ရာက အလြန္ျပင္းထန္တဲ့ ဒဏ္ရာေတာ့ မဟုတ္ပါဘူး။ သူဟာ ၁၀ ရက္ ၁၅ ရက္ေလာက္အတြင္း ျပန္လည္ကစားလာႏုိင္မွာပါ”ဟု ေျပာဆုိခဲ့သည္။

- အကုန္သိ သတင္းဌာန 

Unicode version

ရော်နယ်ဒို၏ အသင်းဖော်ဟောင်း မာဆယ်လိုအား ကမ်းလှမ်းရန် ဂျူဗင်တပ်အသင်း စီစဉ်ထား 

 ဂျူဗင်တပ်အသင်းသည် လာမည့် နွေရာသီဈေးကွက်ကာလအတွင်းတွင် ရီးရဲမက်ဒရစ်အသင်း ဘယ်တောင်ပံ ခံစစ်မှူး မာဆယ်လိုအား ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းဖြင့် ကမ်းလှမ်းသွားရန် အဆင်သင့်ရှိနေကြောင်း အီတလီသတင်းစာ Tuttosport က ရေးသားဖော်ပြခဲ့သည်။ အသက် ၃၀ နှစ်အရွယ်ရှိ ခံစစ်မှူး မာဆယ်လိုသည် ပြီးခဲ့သည့် နွေရာသီတွင်းတွင် ရီးရဲမက်ဒရစ်အသင်းမှ ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သူ ပေါ်တူဂီတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ရင်းနှီးသည့် မိတ်ဆွေများဖြစ်ပြီး မာဆယ်လို၏ အေးဂျင့်သည် ရော်နယ်ဒို၏ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်ပင်ဖြစ်ကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။ ဂျူဗင်တပ်အသင်းအနေဖြင့် မာဆယ်လို အား တစ်နှစ်လုပ်ခငွေအဖြစ် ယူရို ၁၂ သန်း ပေးချေရန်လည်း ရည်ရွယ်ထားသည်ဟု ဆိုသည်။ မာဆယ်လိုအား ခေါ်ယူရေးအတွက် ကမ်းလှမ်းရာတွင် ဂျူဗင်တပ်အသင်းသည် အသင်းမှ ဘရာဇီးဘယ်တောင်ပံ ခံစစ်မှူးဖြစ်သူ အဲလက်စ်ဆန်ဒရို (၂၈နှစ်) ကို အလိုက်ပေးကမ်းလှမ်းဖွယ်ရှိကြောင်းလည်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။ မာဆယ်လိုနှင့် ရီးရဲမက်ဒရစ်အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။ မာဆယ်လိုသည် ၂၀၀၇ ဇန်နဝါရီဈေးကွက်ကာလတွင် သူ၏ ပရော်ဖက်ရှင် နယ်ကစားသမားဘ၀ စတင်ရာ ဘရာဇီးကလပ် ဖလူမီနီစီအသင်းမှ ရီးရဲမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ အခြားသတင်းတစ်ပုဒ်အရ ဂျူဗင်တပ်အသင်း၏ ကပ္ပတိန်ဖြစ်သူ ခံစစ်မှူး ချီလီနီသည် ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် သီတင်းပတ် နှစ်ပတ်ခန့်အနားယူရမည်ဖြစ်ကြောင်း ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီက အတည်ပြုပြောဆိုခဲ့သည်ဟုဆိုသည်။ ချီလီနီသည် ဇန်နဝါရီလ ၃၁ ရက်တွင် ဂျူဗင်တပ်အသင်းက အတ္တလန္တာအသင်းအား ၃-၀ ဖြင့် အရေး နိမ့်ခဲ့ရသည့် ကိုပါအီတာလီယာဖလားပွဲစဉ်တွင် အဆိုပါဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ နည်းပြ က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် “ချီလီနီရဲ့ ဒဏ်ရာက အလွန်ပြင်းထန်တဲ့ ဒဏ်ရာတော့ မဟုတ်ပါဘူး။ သူဟာ ၁၀ ရက် ၁၅ ရက်လောက်အတွင်း ပြန်လည်ကစားလာနိုင်မှာပါ”ဟု ပြောဆိုခဲ့သည်။

- အကုန်သိ သတင်းဌာန 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။