Skip to main content
ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ စပါးစ္အသင္း ယွဥ္ၿပိဳင္ေနဆဲျဖစ္ေၾကာင္း ဆြန္ေဟာင္မင္ ေျပာဆို 
Ads Block

ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ စပါးစ္အသင္း ယွဥ္ၿပိဳင္ေနဆဲျဖစ္ေၾကာင္း ဆြန္ေဟာင္မင္ ေျပာဆို 

စပါးစ္အသင္းအေနျဖင့္ ယခုႏွစ္ ေဘာလံုးရာသီ၏ ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလား ရရွိေရးကို အာ႐ံုစိုက္ ႀကိဳး စားေနဆဲျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ လက္ရွိ ပရီးမီးယားလိ္ဂ္ၿပိဳင္ပြဲတြင္ ခ်န္ပီယံဆု ရရွိေရးအတြက္ ယွဥ္ၿပိဳင္ေန သည့္ အသင္းသံုးသင္းရွိေနဆဲျဖစ္ေၾကာင္း စပါးစ္အသင္း တုိက္စစ္ကစားသမား ဆြန္ေဟာင္မင္က လီဗာပူးႏွင့္ မန္စီးတီးအသင္းတို႔ကို သတိေပးေျပာဆိုလိုက္သည္။ ဇန္န၀ါရီလ ၃၀ ႏွင့္ ၃၁ ရက္တြင္ ယွဥ္ၿပိဳင္ကစားခဲ့ေသာ ပရီးမီးယားလိဂ္ပြဲစဥ္ ၂၄ တြင္ အမွတ္ေပးဇယားကို ဦးေဆာင္ေနသည့္ လီဗာပူးအသင္းသည္ လက္စတာ အသင္းႏွင့္ တစ္ဂိုးစီ သေရသာ ကစားႏုိင္ခဲ့ၿပီး ဒုတိယေနရာမွ မန္စီးတီးအသင္းသည္လည္း အေ၀းကြင္း၌ နယူးကာဆယ္အသင္းအား အေရးနိမ့္ခဲ့သည္။

ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ စပါးစ္အသင္း ယွဥ္ၿပိဳင္ေနဆဲျဖစ္ေၾကာင္း ဆြန္ေဟာင္မင္ ေျပာဆို 

သို႔ေသာ္လည္း အမွတ္ေပးဇယား တတိယေနရာတြင္ ရပ္တည္ေနသည့္ စပါးစ္အသင္းမွာမူ အိမ္ကြင္း၌ ၀တ္ဖုိ႔ဒ္အသင္းကို အႏုိင္ရယူႏုိင္ခဲ့သည္။ ပြဲစဥ္ ၂၄ ကစားၿပီးခ်ိန္တြင္ စပါးစ္အသင္းသည္ ရမွတ္ ၅၄ မွတ္ျဖင့္ တတိယေနရာတြင္ ရပ္တည္ေနကာ ထိပ္ဆံုးမွ ဦးေဆာင္ေနသည့္ လီဗာပူးအသင္းထက္ ၇ မွတ္ေလ်ာ့နည္းေနသည္။ ၀တ္ဖို႔ဒ္အသင္းအား အႏုိင္ရရွိခဲ့သည့္ပြဲတြင္ စပါးစ္အသင္းအတြက္ တစ္ဂိုး သြင္းယူေပးႏိုင္ခဲ့သူ ေတာင္ကိုရီးယားကစားသမား ဆြန္ေဟာင္မင္က “ ပရိသတ္ေတြက ခ်န္ပီယံဆု ရႏုိင္တဲ့အသင္းေတြအျဖစ္ လီဗာပူး၊ မန္စီးတီးတို႔ကို ေျပာဆိုေနျခင္းကို ကၽြန္ေတာ္ ဂ႐ုမစိုက္ပါဘူး။ စပါးစ္အသင္းဟာ ခ်န္ပီယံျဖစ္ႏိုင္တဲ့ လမ္းေၾကာင္းေပၚ မွာရွိေနဆဲပါ။ ကၽြန္ေတာ္တို႔ ခ်န္ပီယံျဖစ္ဖုိ႔အတြက္ ေရွ႕ဆက္ေနဆဲပါ။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ စပါးစ္လိုပဲ ေကာင္းမြန္တဲ့အသင္းေတြ အမ်ားႀကီးရွိေနပါတယ္။ ဒါေၾကာင့္ ကိုယ့္အသင္းအေပၚမွာပဲ ကိုယ္အာ႐ံုစိုုက္ဖို႔ လို တယ္။ ကစားတဲ့ အမွတ္ေပးပြဲတုိင္းမွာ သံုးမွတ္ရဖို႔က အေရးႀကီးပါတယ္။ အခုႏွစ္ ပရီးမီးယားလိဂ္ရာသီၿပီးဆံုးဖို႔ က အမ်ားႀကီး လိုပါေသးတယ္။ လက္ရွိအခ်ိန္မွာ စပါးစ္အသင္းက လီဗာပူးအသင္းထက္ ၇ မွတ္ေလ်ာ့နည္းေန တဲ့ ျဖစ္စဥ္ကို ကၽြန္ေတာ္ မေတြးခ်င္ပါဘူး။ လက္က်န္ကာလေတြမွာ အရာရာျဖစ္လာႏိုင္ပါတယ္။ ကၽြန္ေတာ္ တို႔အေနနဲ႔ ကုိယ္ကစားတဲ့ပြဲအေပၚ ယံုၾကည္မႈထားၿပီး ရမွတ္ကို ရႏုိင္သမွ် မ်ားမ်ားရေအာင္ ႀကိဳးစားသြားမွာပါ” ဟု ဆြန္ေဟာင္မင္က ေျပာဆုိခဲ့သည္။ စပါးစ္အသင္းသည္ ပရီးမီးယားလိဂ္ (ယခင္ ပထမတန္း) ၿပိဳင္ပြဲတြင္ ခ်န္ပီယံဆု ႏွစ္ႀကိမ္ ရရွိခဲ့ဖူးေသာ္လည္း ၁၉၆၀-၆၁ ခုႏွစ္ရာသီတြင္ ေနာက္ဆံုးအႀကိမ္အျဖစ္ ရရွိထားသည္။

Unicode version

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စပါးစ်အသင်း ယှဉ်ပြိုင်နေဆဲဖြစ်ကြောင်း ဆွန်ဟောင်မင် ပြောဆို 

စပါးစ်အသင်းအနေဖြင့် ယခုနှစ် ဘောလုံးရာသီ၏ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ရရှိရေးကို အာရုံစိုက် ကြိုး စားနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိရေးအတွက် ယှဉ်ပြိုင်နေ သည့် အသင်းသုံးသင်းရှိနေဆဲဖြစ်ကြောင်း စပါးစ်အသင်း တိုက်စစ်ကစားသမား ဆွန်ဟောင်မင်က လီဗာပူးနှင့် မန်စီးတီးအသင်းတို့ကို သတိပေးပြောဆိုလိုက်သည်။ ဇန်နဝါရီလ ၃၀ နှင့် ၃၁ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ တွင် အမှတ်ပေးဇယားကို ဦးဆောင်နေသည့် လီဗာပူးအသင်းသည် လက်စတာ အသင်းနှင့် တစ်ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပြီး ဒုတိယနေရာမှ မန်စီးတီးအသင်းသည်လည်း အဝေးကွင်း၌ နယူးကာဆယ်အသင်းအား အရေးနိမ့်ခဲ့သည်။ သို့သော်လည်း အမှတ်ပေးဇယား တတိယနေရာတွင် ရပ်တည်နေသည့် စပါးစ်အသင်းမှာမူ အိမ်ကွင်း၌ ဝတ်ဖို့ဒ်အသင်းကို အနိုင်ရယူနိုင်ခဲ့သည်။ ပွဲစဉ် ၂၄ ကစားပြီးချိန်တွင် စပါးစ်အသင်းသည် ရမှတ် ၅၄ မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေကာ ထိပ်ဆုံးမှ ဦးဆောင်နေသည့် လီဗာပူးအသင်းထက် ၇ မှတ်လျော့နည်းနေသည်။ ဝတ်ဖို့ဒ်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲတွင် စပါးစ်အသင်းအတွက် တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သူ တောင်ကိုရီးယားကစားသမား ဆွန်ဟောင်မင်က “ ပရိသတ်တွေက ချန်ပီယံဆု ရနိုင်တဲ့အသင်းတွေအဖြစ် လီဗာပူး၊ မန်စီးတီးတို့ကို ပြောဆိုနေခြင်းကို ကျွန်တော် ဂရုမစိုက်ပါဘူး။ စပါးစ်အသင်းဟာ ချန်ပီယံဖြစ်နိုင်တဲ့ လမ်းကြောင်းပေါ် မှာရှိနေဆဲပါ။ ကျွန်တော်တို့ ချန်ပီယံဖြစ်ဖို့အတွက် ရှေ့ဆက်နေဆဲပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စပါးစ်လိုပဲ ကောင်းမွန်တဲ့အသင်းတွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် ကိုယ့်အသင်းအပေါ်မှာပဲ ကိုယ်အာရုံစိုက်ဖို့ လို တယ်။ ကစားတဲ့ အမှတ်ပေးပွဲတိုင်းမှာ သုံးမှတ်ရဖို့က အရေးကြီးပါတယ်။ အခုနှစ် ပရီးမီးယားလိဂ်ရာသီပြီးဆုံးဖို့ က အများကြီး လိုပါသေးတယ်။ လက်ရှိအချိန်မှာ စပါးစ်အသင်းက လီဗာပူးအသင်းထက် ၇ မှတ်လျော့နည်းနေ တဲ့ ဖြစ်စဉ်ကို ကျွန်တော် မတွေးချင်ပါဘူး။ လက်ကျန်ကာလတွေမှာ အရာရာဖြစ်လာနိုင်ပါတယ်။ ကျွန်တော် တို့အနေနဲ့ ကိုယ်ကစားတဲ့ပွဲအပေါ် ယုံကြည်မှုထားပြီး ရမှတ်ကို ရနိုင်သမျှ များများရအောင် ကြိုးစားသွားမှာပါ” ဟု ဆွန်ဟောင်မင်က ပြောဆိုခဲ့သည်။ စပါးစ်အသင်းသည် ပရီးမီးယားလိဂ် (ယခင် ပထမတန်း) ပြိုင်ပွဲတွင် ချန်ပီယံဆု နှစ်ကြိမ် ရရှိခဲ့ဖူးသော်လည်း ၁၉၆၀-၆၁ ခုနှစ်ရာသီတွင် နောက်ဆုံးအကြိမ်အဖြစ် ရရှိထားသည်။

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။