Skip to main content
Ads Block
Unicode version
 ကြာတော့သည်လည်းမောင့်စကား ရုပ်ရှင်ဇာတ်ကား က စိန်ခေါ်မှုအသစ်ဖြစ်တယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်
ကြာတော့သည်လည်း မောင့်စကား ရုပ်ရှင်ဇာတ်ကား က ပရိသတ်ကြားစိတ်ဝင်စားမှုတွေများနေသလို ဇာတ်ကားထဲမှာ နန္ဒအဖြစ်ပါဝင်သရုပ်ဆောင်သူ စိုင်းစိုင်းခမ်းလှိုင်က သူ့အတွက် စိန်ခေါ်မှုအသစ်ဖြစ်ခဲ့တဲ့ ဇာတ်ကားလို့ပြောလာပါတယ်။
ကြာတော့သည်လည်းမောင့်စကား ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ စတင်ရိုက်ကူးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်သလို ဇာတ်ကားနဲ့ ပတ်သက်ပြီး အမှတ်တရများစွာရှိခဲ့တဲ့အကြောင်းကို စိုင်းစိုင်းခမ်းလှိုင်က “ ဒီရုပ်ရှင်ကားမှာ ပါဝင်ခွင့်ရလို့ ပျော်လည်းပျော်ပါတယ်။ ဂီတလုပ်တဲ့အချိန်မှာတော့ ကိုယ်တိုင်တီးဆိုဖြစ်တယ်။ တီးရင်လည်း ကိုယ်တိုင်ဝင်ပြီး Produce လုပ်တယ်။ ကိုယ်စိတ်တိုင်းကျမှ ထုတ်တယ်။ ရုပ်ရှင်မှာကျတော့ ကျွန်တော်က သရုပ်ပဲဝင်ဆောင်ရတာ။ အဓိက ထုတ်လုပ်သူရှိတယ်။ ဒါရိုက်တာ သူတင်ပြချင်တာ ရှိတယ်။ ဇာတ်ညွှန်းဆရာ သူဖန်တီးထားတာရှိတယ်။ အဲဒီထဲမှာ ကျွန်တော်ဝင်ပြီးတော့ ဇာတ်ဆရာခိုင်းတဲ့အတိုင်း သရုပ်ဆောင် ရတာပေါ့။ ဒီတစ်ကားလုံးနဲ့ ပတ်သက်လို့ကတော့ ရင်ခုန်တာပေါ့။ အဓိကကတော့ ဒီဝတ္ထုကို စဖတ်တုန်းကကျတော့ ဖြိုးကျော်ကို လည်းကြိုက်တယ်။ နန္ဒ ကိုလည်းကြိုက်တယ်။ ကျွန်တော် ရှေ့မှာရိုက်ဖူးခဲ့တဲ့ရုပ်ရှင်ကား တော်တော်များများက အရမ်းချစ်ပြီးတော့ စွန့်လွှတ်အနစ်နာခံတဲ့ ပုံစံမျိုးရိုက်ခဲ့ဖူးတာများတယ်။ နန္ဒ ကကျတော့ ကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်တစ်ခု ဖြစ်နေတယ်။ ရင်တွေလည်းအရမ်းခုန်နေပါတယ်။” လို့ ပြောပြခဲ့ပါတယ်။
လက်ရှိ စိုင်းစိုင်းခမ်းလှိုင်က သူပါဝင်ရိုက်ကူးထားတဲ့ “ ကြာတော့သည်လည်း မောင့်စကား”ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသနေပြီဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမှုရှိနေသလို သူ့မွေးနေ့ရှိုးအတွက် ယခုနှစ်စီစဉ်ဖို့ တိုင်ပင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
- ခရေဖူး(အကုန်သိသတင်းဌာန) 
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။