Skip to main content
Ads Block

ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ ရင္းႏွီးျမွဳပ္ႏွံသူ လုပ္ငန္းရွင္မ်ားနွင့္ အက်ဳိးေဆာင္ အဖြဲ႔မ်ား၏ ႏွစ္ဦးအလွဴ စိတ္က်န္းမာေရး ေဆးရံုႀကီး၌ ျပဳလုပ္

ေဖေဖာ္ဝါရီ ၁ ရက္
ရန္ကုန္တုိင္းေဒသႀကီး ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီ၏ ဦးေဆာင္မႈျဖင့္ တိုင္းေဒသႀကီးအတြင္းရွိ ရင္းႏွီးျမွဳပ္ႏွံသူလုပ္ငန္းရွင္မ်ားနွင့္ အက်ဳိးေဆာင္အဖြဲ႔မ်ား၏ ႏွစ္ဦးအလွဴ ကို ယေန႔၊ နံနက္ (၉) နာရီတြင္ ဒဂံုၿမိဳ႕သစ္အေရွ႕ပိုင္းရွိ စိတ္က်န္းမာေရးေဆးရုံႀကီး၌ ျပဳလုပ္ခဲ့ရာ ရန္ကုန္တိုုင္းေဒသႀကီး ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီ ဥကၠ႒၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔၊ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း တက္ေရာက္ အမွာစကားေျပာၾကားခဲ့သည္။
ဝန္ႀကီးခ်ဳပ္က ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီ၏ ပထမဦးဆံုးေဆာင္ရြက္သည့္ လူမႈအက်ိဳးျပဳ လုပ္ငန္းတစ္ခုျဖစ္ေၾကာင္း၊ လူမႈအက်ိဳးျပဳလုပ္ငန္းေတြကို ေဆာင္ရြက္ဖို႔အတြက္ ရန္ကုန္တိုင္းအတြင္းမွာ လာေရာက္ရင္းႏွီးျမွဳပ္ႏွံသည့္ လုပ္ငန္းရွင္ေတြ၏ တာဝန္ယူစိတ္၊ တာဝန္သိစိတ္ႏွင့္ ျပည္သူလူထုကို အက်ိဳးျပဳမည္ဆိုသည့္ စိတ္ဆႏၵေတြကို ဒီေန႔မွာ ျပသတာျဖစ္ေၾကာင္း၊ ရန္ကုန္မွာ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳေနက်သည့္ ႏိုင္ငံတကာက ရင္းႏွီးျမွဳပ္ႏွံသူေတြႏွင့္ ျပည္တြင္းက ရင္းႏွီးျမွဳပ္ႏွံသူေတြ၏ စိတ္ေစတနာႏွင့္ မိမိတို႔ႏိုင္ငံအတြင္းမွာ ကိုယ့္ထက္ပိုၿပီး ဒုကၡေရာက္သည့္သူေတြ၊ အခက္အခဲ ျဖစ္ေနသည့္ သူေတြကို ကူညီမွ်ေဝသည့္စိတ္ႏွင့္ ဒီေန႔ပြဲေလးကို ေဆာင္ရြက္တာျဖစ္ၿပီး ႏွစ္ဦးကာလမွာ အလြန္ အင္မတန္ကို မဂၤလာရွိသည့္ ပြဲတစ္ခုျဖစ္ေၾကာင္း ေျပာၾကားသည္။
ထို႔ေနာက္ ရန္ကုန္တုိင္းေဒသႀကီး ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီ၊ ညႊန္ၾကားေရးမွဴး ဦးမ်ိဳးခိုင္ဦးက အလွဴေငြ က်ပ္၂၀၄ သိန္းအား စိတ္က်န္းမာေရးေဆးရုံႀကီးမွ ေဆးရံုအုပ္ႀကီး ေဒါက္တာေဒၚတင္တင္ဝင္းအား လႊဲေျပာင္းေပးအပ္ခဲ့ရာ ေဆးရံုအုပ္ႀကီးက ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားျပီး မွတ္တမ္းတင္ဂုဏ္ျပဳ တံဆိပ္ေပးအပ္ခဲ့ေၾကာင္းသိရသည္။

- အကုန္သိ သတင္းဌာန

 

Unicode version

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များနှင့် အကျိုးဆောင် အဖွဲ့များ၏ နှစ်ဦးအလှူ စိတ်ကျန်းမာရေး ဆေးရုံကြီး၌ ပြုလုပ်
 

ဖေဖော်ဝါရီ ၁ ရက်

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များနှင့် အကျိုးဆောင်အဖွဲ့များ၏ နှစ်ဦးအလှူ ကို ယနေ့၊ နံနက်(၉)နာရီတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ စိတ်ကျန်းမာရေးဆေးရုံကြီး၌ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။
ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ပထမဦးဆုံးဆောင်ရွက်သည့် လူမှုအကျိုးပြု လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ လူမှုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်ဖို့အတွက် ရန်ကုန်တိုင်းအတွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်တွေ၏ တာဝန်ယူစိတ်၊ တာဝန်သိစိတ်နှင့် ပြည်သူလူထုကို အကျိုးပြုမည်ဆိုသည့် စိတ်ဆန္ဒတွေကို ဒီနေ့မှာ ပြသတာဖြစ်ကြောင်း၊ ရန်ကုန်မှာ ရင်းနှီးမြှုပ်နှံမှု ပြုနေကျသည့် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေနှင့် ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေ၏ စိတ်စေတနာနှင့် မိမိတို့နိုင်ငံအတွင်းမှာ ကိုယ့်ထက်ပိုပြီး ဒုက္ခရောက်သည့်သူတွေ၊ အခက်အခဲ ဖြစ်နေသည့် သူတွေကို ကူညီမျှဝေသည့်စိတ်နှင့် ဒီနေ့ပွဲလေးကို ဆောင်ရွက်တာဖြစ်ပြီး နှစ်ဦးကာလမှာ အလွန် အင်မတန်ကို မင်္ဂလာရှိသည့် ပွဲတစ်ခုဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက အလှူငွေ ကျပ်၂၀၄ သိန်းအား စိတ်ကျန်းမာရေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်တင်တင်ဝင်းအား လွှဲပြောင်းပေးအပ်ခဲ့ရာ ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မှတ်တမ်းတင်ဂုဏ်ပြု တံဆိပ်ပေးအပ်ခဲ့ကြောင်းသိရသည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။