Skip to main content
ဆာလက်ရှ်နဲ့ ရော်နယ်ဒို
Ads Block

ရော်နယ်ဒိုအဆင့်ကို မီဖို့ ၁၅ ရာသီလောက် နောက်ကျနေပြီလို့ ဆာလက်ရှ်ကို ကလော့ပ် သတိပေး

ဒီရာသီမှာ ထွန်းတောက်လာတဲ့ လီဗာပူးစတား မိုဟာမက်ဆာလက်ရှ်ဟာ ရော်နယ်ဒိုရဲ့ အဆင့်ကို မီဖို့ ၁၅ ရာသီလောက် ပြတ်ကျန်နေခဲ့ပြီးသား ဖြစ်တယ်လို့  လီဗာပူးအသင်းရဲ့ နည်းပြ ဂျာဂျင်ကလော့ပ်က ပြောကြားလိုက်ပါတယ်။

 

ဆာလက်ရှ်နဲ့ ရော်နယ်ဒို


ဒီလို ပြောကြားချက် ရီရဲလ်မက်ဒရစ်နဲ့ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ဖိုင်နယ် မကစားခင် ရက်ပိုင်းအလို မေလ ၂၀ ရက်မှာပဲ ဖြစ်ပြီး သူ့ ရဲ့ ကစားသမား ဆာလက်ရှ်ဟာ ရော်နယ်ဒိုကို မီဖို့ အများကြီး လိုနေသေးတယ်ဆိုတာကိုလည်း သတိပေးပြောကြားလိုက်တာ ဖြစ်ပါတယ်။ မိုဟာမက်ဆာလက်ရှ်ဟာ ကလော့ပ်ရဲ့ ညွှန်ကြားမှုအောက်မှာ ထွန်းတောက်လာခဲ့ပြီးတော့ ဘလွန်းဒီအောဆုအတွက်ပါ ရော်နယ်ဒို၊ မက်ဆီတို့ နဲ့ အတူ လျာထားစာရင်းဝင်မယ့်အနေအထားကို ရောက်လာသလို ကမ္ဘာ့မီဒီယာတွေကလည်း အမွှမ်းတင်ရေးသားမှုတွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။ " ဆာလက်ရှ်အတွက်ကတော့ ဒီရာသီဟာ တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းတဲ့ရာသီပါပဲ။ ဒါပေမယ့် ခရီးရှည်လိုမျိုး တွက်မယ်ဆိုရင် ရော်နယ်ဒိုဟာ ၁၅ ရာသီဆက်တိုက် ဒီလိုမျိုးအကောင်းဆုံးအနေအထားနဲ့ ကစားပြခဲ့ပြီးပါပြီ " လို့ ဆာလက်ရှ်နဲ့ ရော်နယ်ဒိုရဲ့ ကြားက အောင်မြင်မှု ကွာဟချက်ကို ကလော့ပ်က ထောက်ပြပြောဆိုလိုက်ပါတယ်။

သူ့ အနေနဲ့ ဆာလက်ရှ်ကို မက်ဆီ၊ ရော်နယ်ဒိုတို့ နဲ့ နှိုင်းယှဉ်မှာ မဟုတ်ဘဲ အောက်အဆင့်မှာသာ ထားရဦးမှာဖြစ်တယ်လို့ လည်း အတိအလင်း ပြောပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ဟာ ကမ္ဘာ့ဘောလုံးလောကမှာ နှိုင်းယှဉ်ဖို့ ခက်ခဲတဲ့သူတွေအဖြစ် ရပ်တည်ကစားပြခဲ့ပြီးပြီ ဖြစ်သလို ပီလီလိုကစားသမားမျိုးဟာလည်း ဘယ်သူနဲ့ မှ နှိုင်းယှဉ်လို့ ရမှာ မဟုတ်ဘူးလို့ ကလော့ပ်က ဆိုပါတယ်။ လက်ရှိမှာတော့ ရော်နယ်ဒိုနဲ့ မက်ဆီကသာ အကောင်းဆုံးဖြစ်နေပြီး ဆာလက်ရှ်ကိုပါ အကောင်းဆုံးစာရင်းထဲ ထည့်မယ်ဆိုရင်တောင် ဒါဟာ တစ်ရာသီအတွက်ပဲ ဖြစ်ကြောင်းနဲ့ နောက်ထပ်ရာသီပေါင်းများစွာ လုပ်ပြနိုင်မှ မက်ဆီ၊ ရော်နယ်ဒို အဆင့်မျိုးကို သတ်မှတ်နိုင်မှာ ဖြစ်တယ်လို့ လည်း ကလော့ပ်က ပြောပါတယ်။ 

- မိုးတိမ်

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။