Skip to main content
ဆင္ေျခေထာက္ေရာဂါကာကြယ္ေဆးမေသာက္သုံးသူအခ်ိဳ႕ကို အသိပညာေပးရန္လုိအပ္ဟု ဆို 
Ads Block

ဆင္ေျခေထာက္ေရာဂါကာကြယ္ေဆးမေသာက္သုံးသူအခ်ိဳ႕ကို အသိပညာေပးရန္လုိအပ္ဟု ဆို 

ဆင္ေျခေထာက္ေရာဂါကာကြယ္ေဆးတုိက္ေကြ်းရာတြင္ မေသာက္သုံးသူအခ်ိဳ႕မွာ ပူးေပါင္းပါ၀င္မႈ အားနည္းျခင္းျဖစ္ၿပီး ၄င္းတို႔အား အသိပညာေပးရန္လိုအပ္ေၾကာင္း အေထြေထြေရာဂါကုဆရာ၀န္ ေဒါက္တာေက်ာ္စြာဦးက ေျပာသည္။
ဆင္ေျခေထာက္ေရာဂါကာကြယ္သည့္သန္ခ်ေဆးေပါင္းကို ရန္ကုန္တုိင္းေဒသႀကီးရွိ ၿမိဳ႕နယ္မ်ားတြင္ ဇန္န၀ါရီလေနာက္ဆုံးပတ္၌ တုိက္ေကြ်းေနေၾကာင္း သိရသည္။
 “ ကာလတစ္ခုထိေရာက္သြားရင္ေတာ့ ျပည္သူလူထုအားလုံးေဆးတုိက္ေကြ်းတာကုိ ေသာက္သုံးသြားမယ္လုိ႔ ထင္ပါတယ္။ ေနာက္ၿပီးေက်ာင္းေတြမွာလည္းတုိက္ေကြ်းတာေသာက္ၾကပါတယ္။ မေသာက္ၾကတာကေတာ့ ရွင္းျပဖုိ႔လုိသလုိ ပူးေပါင္းပါ၀င္မႈအပုိင္းအားနည္းတာပါ’’ဟု အေထြေထြေရာဂါကုဆရာ၀န္ ေဒါက္တာေက်ာ္စြာဦးက ေျပာသည္။
ကမၻာေပၚရွိလူဦးေရသန္းေပါင္း ၁၄၀၀သည္ ဆင္ေျခေထာက္ေရာဂါကူးစက္ႏုိင္သည့္အႏၱရာယ္ရွိေသာ ႏုိင္ငံေပါင္း ၇၃ ႏုိင္ငံတြင္ေနထုိင္လ်က္ရွိၿပီး ၄င္းတုိ႔အနက္လူဦးေရ သန္း ၄၀ ေက်ာ္မွာ ဆင္ေျခေထာက္ေရာဂါ လကၡဏာကုိခံစားေနၾကရကာ သန္း ၇၀ မွာ ေရာဂါလကၡဏာမျပဘဲငုပ္ေနသည့္အေျခအေနတြင္ ရွိေၾကာင္း သိရသည္။
အေရွ ႔ေတာင္အာရွေဒသဆုိင္ရာ ႏုိင္ငံ ၁၁ ခုအနက္ ျမန္မာႏုိင္ငံအပါအ၀င္ ၉ ႏုိင္ငံသည္ ဆင္ေျခေထာက္ ေရာဂါအျမစ္တြယ္မႈရွိၿပီး ျပည္သူလူထုအတြင္းက်န္းမာေရးျပႆနာတစ္ရပ္အေနျဖင့္ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။
လက္ရွိျမန္မာႏုိင္ငံတြင္ ဆင္ေျခေထာက္ေရာဂါအျမစ္တြယ္မႈရွိေသာ ခရုိင္ေပါင္း ၄၅ ခရုိင္ရွိၿပီး ၄င္း ခရုိင္မ်ားအနက္ ရန္ကုန္တုိင္းေဒသႀကီးမွ ခရုိင္ ၄ ခုပါ၀င္ေၾကာင္း သိရသည္။
ျမန္မာႏုိင္ငံတြင္ ဆင္ေျခေထာက္ေရာဂါအားက်န္းမာေရး ျပႆနာတစ္ရပ္မွ ၂၀၂၀ ခုႏွစ္တြင္ အၿပီးသတ္ ဖယ္ရွားရန္ စီမံခ်က္ခ်မွတ္အေကာင္အထည္ေဖာ္ေဆာင္ေနေၾကာင္း သိရသည္။ 
ဆင္ေျခေထာက္ေရာဂါသည္ ျခင္မွတစ္ဆင့္ လူသုိ႔ကုိက္ခဲရာမွ လူ႔ခႏၶာကုိယ္အတြင္းသန္ေကာင္မ်ားမွ ေပါက္ဖြားကာ ခုိေအာင္းေနျခင္း၊ လူသားေျခေထာက္မွ ဆင္ေျခေထာက္ကဲ့သုိ႔အဆမတန္ႀကီးထြားလာျခင္း တို႔အျပင္ ခႏၶာကုိယ္ပုံပ်က္ျခင္းတုိ႔ျဖစ္ပြားတတ္ေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

ဆင်ခြေထောက်ရောဂါကာကွယ်ဆေးမသောက်သုံးသူအချို့ကို အသိပညာပေးရန်လိုအပ်ဟု ဆို 
ဆင်ခြေထောက်ရောဂါကာကွယ်ဆေးတိုက်ကျွေးရာတွင် မသောက်သုံးသူအချို့မှာ ပူးပေါင်းပါဝင်မှု အားနည်းခြင်းဖြစ်ပြီး ၎င်းတို့အား အသိပညာပေးရန်လိုအပ်ကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက ပြောသည်။
ဆင်ခြေထောက်ရောဂါကာကွယ်သည့်သန်ချဆေးပေါင်းကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ဇန်နဝါရီလနောက်ဆုံးပတ်၌ တိုက်ကျွေးနေကြောင်း သိရသည်။
 “ ကာလတစ်ခုထိရောက်သွားရင်တော့ ပြည်သူလူထုအားလုံးဆေးတိုက်ကျွေးတာကို သောက်သုံးသွားမယ်လို့ ထင်ပါတယ်။ နောက်ပြီးကျောင်းတွေမှာလည်းတိုက်ကျွေးတာသောက်ကြပါတယ်။ မသောက်ကြတာကတော့ ရှင်းပြဖို့လိုသလို ပူးပေါင်းပါဝင်မှုအပိုင်းအားနည်းတာပါ’’ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက ပြောသည်။
ကမ္ဘာပေါ်ရှိလူဦးရေသန်းပေါင်း ၁၄၀၀သည် ဆင်ခြေထောက်ရောဂါကူးစက်နိုင်သည့်အန္တရာယ်ရှိသော နိုင်ငံပေါင်း ၇၃ နိုင်ငံတွင်နေထိုင်လျက်ရှိပြီး ၎င်းတို့အနက်လူဦးရေ သန်း ၄၀ ကျော်မှာ ဆင်ခြေထောက်ရောဂါ လက္ခဏာကိုခံစားနေကြရကာ သန်း ၇၀ မှာ ရောဂါလက္ခဏာမပြဘဲငုပ်နေသည့်အခြေအနေတွင် ရှိကြောင်း သိရသည်။
အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံ ၁၁ ခုအနက် မြန်မာနိုင်ငံအပါအဝင် ၉ နိုင်ငံသည် ဆင်ခြေထောက် ရောဂါအမြစ်တွယ်မှုရှိပြီး ပြည်သူလူထုအတွင်းကျန်းမာရေးပြဿနာတစ်ရပ်အနေဖြင့်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် ဆင်ခြေထောက်ရောဂါအမြစ်တွယ်မှုရှိသော ခရိုင်ပေါင်း ၄၅ ခရိုင်ရှိပြီး ၎င်း ခရိုင်များအနက် ရန်ကုန်တိုင်းဒေသကြီးမှ ခရိုင် ၄ ခုပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆင်ခြေထောက်ရောဂါအားကျန်းမာရေး ပြဿနာတစ်ရပ်မှ ၂၀၂၀ ခုနှစ်တွင် အပြီးသတ် ဖယ်ရှားရန် စီမံချက်ချမှတ်အကောင်အထည်ဖော်ဆောင်နေကြောင်း သိရသည်။ 
ဆင်ခြေထောက်ရောဂါသည် ခြင်မှတစ်ဆင့် လူသို့ကိုက်ခဲရာမှ လူ့ခန္ဓာကိုယ်အတွင်းသန်ကောင်များမှ ပေါက်ဖွားကာ ခိုအောင်းနေခြင်း၊ လူသားခြေထောက်မှ ဆင်ခြေထောက်ကဲ့သို့အဆမတန်ကြီးထွားလာခြင်း တို့အပြင် ခန္ဓာကိုယ်ပုံပျက်ခြင်းတို့ဖြစ်ပွားတတ်ကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။