Skip to main content
ႏုိင္ငံျခားသားမ်ားေရႊဝယ္ယူေရးအဆင္ေျပေစရန္ ရန္ကုန္တိုင္းေရႊလုပ္ငန္းရွင္မ်ားအသင္းမွ Money Changer ဖြင့္မည္
Ads Block

ႏုိင္ငံျခားသားမ်ားေရႊဝယ္ယူေရးအဆင္ေျပေစရန္ ရန္ကုန္တိုင္းေရႊလုပ္ငန္းရွင္မ်ားအသင္းမွ Money Changer ဖြင့္မည္

ႏုိင္ငံျခားသားမ်ားေရႊဝယ္ယူေရးအဆင္ေျပေစရန္ ေငြေၾကးလဲလွယ္ေရးေကာင္တာ (Money Changer) တစ္ခုဖြင့္လွစ္ရန္ ရန္ကုန္တိုင္းေဒသႀကီးေရႊလုပ္ငန္းရွင္မ်ားအသင္းမွ စီစဥ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ 
ရန္ကုန္တိုင္းေဒသႀကီးေရႊလုပ္ငန္းရွင္မ်ားအသင္း၌ ဇန္နဝါရီလ ၂၆ ရက္က က်င္းပသည့္ YGEA ကြန္ပ်ဴတာ အေရာင္းအ၀ယ္စနစ္ႏွင္႔ YGEA Mobile Application ဖြင့္ပြဲအခမ္းအနားတြင္ ယခုကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။  
“ေန႔စဥ္ ႏိုင္ငံျခားသားေတြလည္းလာၿပီး တက္လိုက္ဆင္းလုိက္၊ ေစ်းႏႈန္းေမးလိုက္နဲ႔ နမူနာဝယ္သြားခ်င္တာတို႔ ဒါမ်ိဳးေတြ ရွိပါတယ္။ အဲဒီအခါမွာလည္းေဒၚလာနဲ႔ လက္ငင္းေရာင္းေပးတဲ့အခါမွာ ေဒၚလာကိုကိုင္ႏုိင္တဲ့ Money Changer တစ္ခုကိုလည္းလုပ္ကိုင္ေဆာင္ရြက္ဖို႔ အစီအစဥ္ရွိပါတယ္။ Money Changer ရွိမွ ေဒၚလာကိုင္ႏုိင္၊ ေရာင္းႏိုင္သြင္းႏိုင္မွာ ျဖစ္တဲ့အတြက္ Money Changer တစ္ခုကိုလည္း အသင္းကဆက္လက္လုပ္ကိုင္သြားမွာ ျဖစ္ပါတယ္”ဟု ရန္ကုန္တိုင္းေဒသႀကီးေရႊလုပ္ငန္းရွင္မ်ားအသင္းမွ ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။ 
ရန္ကုန္တိုင္းေဒသႀကီးေရႊလုပ္ငန္းရွင္မ်ားအသင္းရွိ ေရႊအေရာင္းအဝယ္ေစ်းကြက္သို႔ ျမန္မာႏိုင္ငံသားမ်ား အျပင္ ႏိုင္ငံျခားသားမ်ားလည္းေရႊဝယ္ယူရန္ ေန႔စဥ္လာေရာက္ေလ့ရွိသျဖင့္ အေရာင္းအဝယ္ ေငြလဲလွယ္မႈ အဆင္ေျပေစရန္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။  
ထုိ႔အျပင္ ရန္ကုန္တိုင္းေဒသႀကီးေရႊလုပ္ငန္းရွင္မ်ားအသင္းရံုးခန္းကိုပန္းဘဲတန္းၿမိဳ႕နယ္ရွိ ေရႊဘံုသာ အလယ္လမ္းတြင္သာဆက္လက္ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ျမန္မာ့ေရႊလုပ္ငန္းက႑ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ရန္ လိုအပ္ခ်က္မ်ား ဆက္လက္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။  

- သင္းသင္းလႈိင္(အကုန္သိသတင္းဌာန)


Unicode version

နိုင်ငံခြားသားများရွှေဝယ်ယူရေးအဆင်ပြေစေရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ Money Changer ဖွင့်မည်
နိုင်ငံခြားသားများရွှေဝယ်ယူရေးအဆင်ပြေစေရန် ငွေကြေးလဲလှယ်ရေးကောင်တာ (Money Changer) တစ်ခုဖွင့်လှစ်ရန် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၌ ဇန်နဝါရီလ ၂၆ ရက်က ကျင်းပသည့် YGEA ကွန်ပျူတာ အရောင်းအဝယ်စနစ်နှင့် YGEA Mobile Application ဖွင့်ပွဲအခမ်းအနားတွင် ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။  
“နေ့စဉ် နိုင်ငံခြားသားတွေလည်းလာပြီး တက်လိုက်ဆင်းလိုက်၊ ဈေးနှုန်းမေးလိုက်နဲ့ နမူနာဝယ်သွားချင်တာတို့ ဒါမျိုးတွေ ရှိပါတယ်။ အဲဒီအခါမှာလည်းဒေါ်လာနဲ့ လက်ငင်းရောင်းပေးတဲ့အခါမှာ ဒေါ်လာကိုကိုင်နိုင်တဲ့ Money Changer တစ်ခုကိုလည်းလုပ်ကိုင်ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။ Money Changer ရှိမှ ဒေါ်လာကိုင်နိုင်၊ ရောင်းနိုင်သွင်းနိုင်မှာ ဖြစ်တဲ့အတွက် Money Changer တစ်ခုကိုလည်း အသင်းကဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။ 
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရှိ ရွှေအရောင်းအဝယ်ဈေးကွက်သို့ မြန်မာနိုင်ငံသားများ အပြင် နိုင်ငံခြားသားများလည်းရွှေဝယ်ယူရန် နေ့စဉ်လာရောက်လေ့ရှိသဖြင့် အရောင်းအဝယ် ငွေလဲလှယ်မှု အဆင်ပြေစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။  
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရုံးခန်းကိုပန်းဘဲတန်းမြို့နယ်ရှိ ရွှေဘုံသာ အလယ်လမ်းတွင်သာဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာ့ရွှေလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။  

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။