Skip to main content
ေရႊအေရာင္းအဝယ္ျပဳလုပ္ၿပီး အရံႈးအျမတ္ကို တစ္ၿပိဳင္နက္ သိရွိႏိုင္မည့္ YGEA မိုဘိုင္းအပလီေကးရွင္း စတင္ဖြင့္လွစ္
Ads Block

ေရႊအေရာင္းအဝယ္ျပဳလုပ္ၿပီး အရံႈးအျမတ္ကို တစ္ၿပိဳင္နက္ သိရွိႏိုင္မည့္ YGEA မိုဘိုင္းအပလီေကးရွင္း စတင္ဖြင့္လွစ္

ေရႊအေရာင္းအဝယ္ျပဳလုပ္ၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ အရံႈးအျမတ္စာရင္းကို သိရွိႏိုင္မည့္ YGEA မိုဘိုင္းအပလီေကးရွင္းစနစ္ကို ယေန႔မွစတင္ အသံုးျပဳႏိုင္ၿပီျဖစ္ေၾကာင္း ရန္ကုန္တိုင္း ေဒသႀကီးေရႊလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။
ေရႊလုပ္ငန္းက႑ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ရန္ႏွင့္ ေရႊအေရာင္းအဝယ္ျပဳလုပ္ရာတြင္ ပိုမိုတိက်မွန္ကန္ေစရန္ အဆိုပါ အပလီေကးရွင္း စနစ္ေရးဆြဲထားျခင္းျဖစ္ၿပီး ဖုန္းျဖင့္ အေရာင္းအဝယ္ျပဳလုပ္ႏုိင္ျခင္း၊ အရံႈး၊ အျမတ္စာရင္းကို အခ်ိန္ႏွင့္ တစ္ေျပးညီ စစ္ေဆး ၾကည့္ရႈႏိုင္ျခင္းေၾကာင့္ ေရာင္းမွားဝယ္မွား ျဖစ္မႈမ်ား နည္းပါးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေရႊလုပ္ငန္းရွင္မ်ားထံမွ အာမခံထည့္ဝင္ထားသည့္ ေငြပမာဏကို ေဖာ္ျပထားသည့္အတြက္ ယင္းအားမခံေငြကို စီမံခန္႔ခြဲႏိုင္ျခင္း၊ အသံုးျပဳသူမ်ား၏ အေကာင့္မ်ားကို ထိန္းခ်ဳပ္ႏိုင္ကာ အေရာင္းအဝယ္ျပဳလုပ္ထားသည့္ ပမာဏအမွန္ကို သိရွိႏိုင္သည့္ အတြက္ ႏိုင္ငံေတာ္မွ အခြန္ေငြ တိက်စြာ ေကာက္ခံႏိုင္ျခင္းစသည့္ အားသာခ်က္မ်ားလည္းရွိေၾကာင္း သိရသည္။ 
“အပလီေကးရွင္း လံုၿခံဳမႈရွိဖို႔ကေတာ့ လွ်ိဳ႕ဝွက္စနစ္ေတြ အဆင့္ဆင့္လုပ္ေပးထားတယ္။ စနစ္တစ္ခုကို ေျပာင္းၿပီဆိုရင္ လက္ေတြ႔မွာ အခက္အခဲေတာ့ရွိတယ္။ ဒါေပမယ့္ ဒီစနစ္က နည္းနည္းပို ေကာင္းလာမယ္။ အရင္တုန္းကဆိုရင္ အေရာင္းအဝယ္ လုပ္ထားတာကို စာရြက္မွာပဲ ေရးထားေတာ့ ညေနမွပဲ စာရင္းသိတယ္။ ဒီေဆာ့ဝဲလ္ထဲမွာက အေရာင္းအဝယ္ တစ္ခါလုပ္ၿပီးတာနဲ႔ ခ်က္ခ်င္း အရံႈး၊ အျမတ္ကို သိႏိုင္မယ္။ ဒီလုိသိရင္ လက္ရွိ ကိုင္ထားတဲ့ ေရႊေတြကို ဘယ္ေလာက္နဲ႔ ေရာင္းမယ္ဆိုတာ လုပ္လို႔ ရၿပီ။ မသိရင္ တစ္ခုခုျဖစ္သြားရင္ အရမ္းရံႈး သြားႏိုင္တယ္။ ဒါဆို ထြက္ေျပးသြားတာတို႔ ဘာတို႔ရွိတယ္။ ဒါဆိုပါသြားတဲ့ ပိုက္ဆံကို အသင္းက စိုက္ေပးရတယ္။ ၾကာလာရင္ အသင္းႀကီးက ထိခိုက္လာမယ္။ အဲဒီလုိမျဖစ္ေအာင္ ေဆာ့ဝဲလ္မွာ ေဖာ္ျပထားတဲ့ အာမခံေၾကး တင္ထားတဲ့ ေငြေပၚမူတည္ၿပီး ေဆာ့ရတဲ့အတြက္ ျမတ္တဲ့လူကို ဒီေငြထဲက ျပန္ေလ်ာ္ေပးလို႔ရတယ္။ ဒါက အားသာခ်က္ ျဖစ္တယ္” ဟု အဆိုပါ ေဆာ့ဝဲလ္ေရးဆြဲသူ ဦးေဇယ်ာေအာင္က ေျပာသည္။ 
အဆိုပါ YGEA မိုဘိုင္းအပလီေကးရွင္းကို ကြန္ျပဴတာႏွင့္ ဖုန္းမ်ားတြင္ ထည့္သြင္း၍ အင္တာနက္စနစ္ျဖင့္ ရန္ကုန္ တိုင္းေဒသႀကီး ေရႊလုပ္ငန္းရွင္မ်ားအသင္း၌ အသင္းဝင္ထားသူမ်ားႏွင့္ အသင္းရံုးခန္းတည္ရွိရာ ရန္ကုန္ၿမိဳ႕၊ ေရႊဘံုသာအလယ္လမ္းေနရာတြင္ အသံုးျပဳႏိုင္မည္ ျဖစ္သည္။
အသင္းျပင္ပ အျခားေနရာမ်ားႏွင့္ အသင္းခြဲမ်ားတြင္ပါ အဆိုပါ မိုဘိုင္းအပလီေကးရွင္းကို အသံုးျပဳ၍ အေရာင္းအဝယ္ျပဳ လုပ္ႏိုင္ရန္ ေဆာ့ဝဲလ္ကို ဆက္လက္ေရးဆြဲေနေၾကာင္း ၄င္းက ဆိုသည္။ 
“ဒီလို မိုဘိုင္းအပလီေကးရွင္းလည္းေပၚလာၿပီဆိုေတာ့ ၂၀၁၉ ခုႏွစ္သည္ ေရႊလုပ္ငန္းက႑ တိုးတက္ဖြံ႕ၿဖိဳးမယ့္ႏွစ္လို႔ ယူဆလို႔ရပါတယ္။ တကယ့္ကို တုိးတက္လာေတာ့မွာပါ” ဟု ရန္ကုန္တိုင္းေဒသႀကီး ေရႊလုပ္ငန္းရွင္မ်ား အသင္း ဥကၠ႒ ဦးမ်ဳိးျမင့္က ဆို သည္။ 
ရန္ကုန္တိုင္းေဒသႀကီး ေရႊလုပ္ငန္းရွင္မ်ားအသင္းတြင္ အသင္းဝင္ျဖစ္လိုသူမ်ားအေနျဖင့္ အသင္းဝင္ေၾကး က်ပ္ ၁၅ သိန္းႏွင့္ ႏွစ္စဥ္အသင္းသားေၾကး က်ပ္ ၁ သိန္းေပး၍ အသင္းဝင္ႏိုင္ေၾကာင္း သိရသည္။ 

- သင္းသင္းလႈိင္ (အကုန္သိသတင္းဌာန)

 

Unicode version

ရွှေအရောင်းအဝယ်ပြုလုပ်ပြီး အရှုံးအမြတ်ကို တစ်ပြိုင်နက် သိရှိနိုင်မည့် YGEA မိုဘိုင်းအပလီကေးရှင်း စတင်ဖွင့်လှစ်

ရွှေအရောင်းအဝယ်ပြုလုပ်ပြီးသည်နှင့် တစ်ပြိုင်နက် အရှုံးအမြတ်စာရင်းကို သိရှိနိုင်မည့် YGEA မိုဘိုင်းအပလီကေးရှင်းစနစ်ကို ယနေ့မှစတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ရွှေလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် ရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် ပိုမိုတိကျမှန်ကန်စေရန် အဆိုပါ အပလီကေးရှင်း စနစ်ရေးဆွဲထားခြင်းဖြစ်ပြီး ဖုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်ခြင်း၊ အရှုံး၊ အမြတ်စာရင်းကို အချိန်နှင့် တစ်ပြေးညီ စစ်ဆေး ကြည့်ရှုနိုင်ခြင်းကြောင့် ရောင်းမှားဝယ်မှား ဖြစ်မှုများ နည်းပါးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေလုပ်ငန်းရှင်များထံမှ အာမခံထည့်ဝင်ထားသည့် ငွေပမာဏကို ဖော်ပြထားသည့်အတွက် ယင်းအားမခံငွေကို စီမံခန့်ခွဲနိုင်ခြင်း၊ အသုံးပြုသူများ၏ အကောင့်များကို ထိန်းချုပ်နိုင်ကာ အရောင်းအဝယ်ပြုလုပ်ထားသည့် ပမာဏအမှန်ကို သိရှိနိုင်သည့် အတွက် နိုင်ငံတော်မှ အခွန်ငွေ တိကျစွာ ကောက်ခံနိုင်ခြင်းစသည့် အားသာချက်များလည်းရှိကြောင်း သိရသည်။ 
“အပလီကေးရှင်း လုံခြုံမှုရှိဖို့ကတော့ လျှို့ဝှက်စနစ်တွေ အဆင့်ဆင့်လုပ်ပေးထားတယ်။ စနစ်တစ်ခုကို ပြောင်းပြီဆိုရင် လက်တွေ့မှာ အခက်အခဲတော့ရှိတယ်။ ဒါပေမယ့် ဒီစနစ်က နည်းနည်းပို ကောင်းလာမယ်။ အရင်တုန်းကဆိုရင် အရောင်းအဝယ် လုပ်ထားတာကို စာရွက်မှာပဲ ရေးထားတော့ ညနေမှပဲ စာရင်းသိတယ်။ ဒီဆော့ဝဲလ်ထဲမှာက အရောင်းအဝယ် တစ်ခါလုပ်ပြီးတာနဲ့ ချက်ချင်း အရှုံး၊ အမြတ်ကို သိနိုင်မယ်။ ဒီလိုသိရင် လက်ရှိ ကိုင်ထားတဲ့ ရွှေတွေကို ဘယ်လောက်နဲ့ ရောင်းမယ်ဆိုတာ လုပ်လို့ ရပြီ။ မသိရင် တစ်ခုခုဖြစ်သွားရင် အရမ်းရှုံး သွားနိုင်တယ်။ ဒါဆို ထွက်ပြေးသွားတာတို့ ဘာတို့ရှိတယ်။ ဒါဆိုပါသွားတဲ့ ပိုက်ဆံကို အသင်းက စိုက်ပေးရတယ်။ ကြာလာရင် အသင်းကြီးက ထိခိုက်လာမယ်။ အဲဒီလိုမဖြစ်အောင် ဆော့ဝဲလ်မှာ ဖော်ပြထားတဲ့ အာမခံကြေး တင်ထားတဲ့ ငွေပေါ်မူတည်ပြီး ဆော့ရတဲ့အတွက် မြတ်တဲ့လူကို ဒီငွေထဲက ပြန်လျော်ပေးလို့ရတယ်။ ဒါက အားသာချက် ဖြစ်တယ်” ဟု အဆိုပါ ဆော့ဝဲလ်ရေးဆွဲသူ ဦးဇေယျာအောင်က ပြောသည်။ 
အဆိုပါ YGEA မိုဘိုင်းအပလီကေးရှင်းကို ကွန်ပြူတာနှင့် ဖုန်းများတွင် ထည့်သွင်း၍ အင်တာနက်စနစ်ဖြင့် ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၌ အသင်းဝင်ထားသူများနှင့် အသင်းရုံးခန်းတည်ရှိရာ ရန်ကုန်မြို့၊ ရွှေဘုံသာအလယ်လမ်းနေရာတွင် အသုံးပြုနိုင်မည် ဖြစ်သည်။
အသင်းပြင်ပ အခြားနေရာများနှင့် အသင်းခွဲများတွင်ပါ အဆိုပါ မိုဘိုင်းအပလီကေးရှင်းကို အသုံးပြု၍ အရောင်းအဝယ်ပြု လုပ်နိုင်ရန် ဆော့ဝဲလ်ကို ဆက်လက်ရေးဆွဲနေကြောင်း ၎င်းက ဆိုသည်။ 
“ဒီလို မိုဘိုင်းအပလီကေးရှင်းလည်းပေါ်လာပြီဆိုတော့ ၂၀၁၉ ခုနှစ်သည် ရွှေလုပ်ငန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးမယ့်နှစ်လို့ ယူဆလို့ရပါတယ်။ တကယ့်ကို တိုးတက်လာတော့မှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆို သည်။ 
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတွင် အသင်းဝင်ဖြစ်လိုသူများအနေဖြင့် အသင်းဝင်ကြေး ကျပ် ၁၅ သိန်းနှင့် နှစ်စဉ်အသင်းသားကြေး ကျပ် ၁ သိန်းပေး၍ အသင်းဝင်နိုင်ကြောင်း သိရသည်။ 

- သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။