Skip to main content
အေဒၚထံ အရက္ဖုိးေတာင္းမရသျဖင့္ လူငယ္တစ္ဦး ေနအိမ္ကို မီးျဖင့္႐ႈိ႕ရာမွ ေနအိမ္ (၃)လုံးမီးေလာင္ဆံုးရံႈး 
Ads Block

အေဒၚထံ အရက္ဖုိးေတာင္းမရသျဖင့္ လူငယ္တစ္ဦး ေနအိမ္ကို မီးျဖင့္႐ႈိ႕ရာမွ ေနအိမ္ (၃)လုံးမီးေလာင္ဆံုးရံႈး 

ဧရာဝတီတုိင္းေဒသႀကီး၊ ဖ်ာပုံခ႐ုိင္၊ ဘုိကေလးျမဳိ႕ အမွတ္ (၇)ရပ္ကြက္ ၊(၁၂)လမ္းတြင္ လူငယ္တစ္ဦးမွ အေဒၚျဖစ္သူထံ အရက္ ဖိုးေတာင္းရာ မေပးသျဖင့္ ေနအိမ္ကို မီးရိႈ႕ခဲ့သည့္အတြက္ ေနအိမ္သံုးလံုး မီးေလာင္ကၽြမ္းမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ဇန္နဝါရီ္လ ၂၆ ရက္ နံနက္ (၁၁)နာရီ ၃၀ မိနစ္အခ်ိန္ခန္႔တြင္ အသက္ (၁၈)ႏွစ္အရြယ္ လူငယ္တစ္ဦးက ေဒၚျဖစ္သူ မသင္းသင္း ခုိင္ထံမွ အရက္ဖုိးေတာင္းရာ မရ႐ွိခဲ့သျဖင့္ ၎၏ေနအိမ္အား မီး႐ႈိ႕ခဲ့သည့္အတြက္အနီးပတ္၀န္းက်င္ရိွ ေနအိမ္ (၃) လုံးမီး ေလာင္ကြၽမ္းခဲ့ေၾကာင္း သိရသည္။

အေဒၚထံ အရက္ဖုိးေတာင္းမရသျဖင့္ လူငယ္တစ္ဦး ေနအိမ္ကို မီးျဖင့္႐ႈိ႕ရာမွ ေနအိမ္ (၃)လုံးမီးေလာင္ဆံုးရံႈး 


မီးေလာင္ကၽြမ္းမႈျဖစ္ပြားရာသို႔ ဘုိကေလးျမဳိ႕နယ္ မီးသတ္ဦးဌာနမွ မီးသတ္ယာဥ္ ၂စီး၊ ေရသယ္ယာဥ္ ၂ စီး ၊ ဌာနဆုိင္ရာမ်ား၊ လူမႈေရး အသင္းအဖြဲ႔မ်ား၊ ေဒသခံမ်ားဝုိင္းဝန္းၿငႇိမ္းသက္ခဲ့ရာ မြန္းတည့္ (၁၂)ရီ အခ်ိန္တြင္ မီးၿငိမ္းခဲ့ေၾကာင္းသိရသည္။
အဆိုပါ မီးေလာင္မႈေၾကာင့္ ေနအိမ္ (၃)လုံးမီးေလာင္ကြၽမ္းကာ ဆုံး႐ႈံးမႈတန္ဖုိးမွာ (၈၂)သိန္းခန္႔ ဆုံး႐ႈံးခဲ့ေၾကာင္း ဘုိကေလးၿမိဳ႕ နယ္ မီးသတ္ဦးစီးဌာနမွ သိရသည္။
အဆုိပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေနအိမ္မီး႐ႈိ႕သူ က်န္ေက်ာင္း(ခ)ဟိန္းထက္ေအာင္(ခ)မုိးညႇင္းသူ ဆုိသူအား ဘုိကေလးၿမိဳ႕နယ္ ရဲစခန္းက (ပ)၃၆/၂၀၉၊ ရာဇသတ္ႀကီး ပုဒ္မ ၄၃၆ ျဖင့္ ဒုရဲအုပ္ေက်ာ္စုိးမုိးေအာင္မွ တရားလုိျပဳလုပ္ကာ အမႈဖြင့္ အေရးယူ ေဆာင္ရြက္လ်က္႐ွိေၾကာင္း သိရသည္။

- ေက်ာ္စိုးမိုး - ဖ်ာပံု (အကုန္သိသတင္းဌာန)

Unicode version

အဒေါ်ထံ အရက်ဖိုးတောင်းမရသဖြင့် လူငယ်တစ်ဦး နေအိမ်ကို မီးဖြင့်ရှို့ရာမှ နေအိမ် (၃)လုံးမီးလောင်ဆုံးရှုံး 
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ အမှတ် (၇)ရပ်ကွက် ၊(၁၂)လမ်းတွင် လူငယ်တစ်ဦးမှ အဒေါ်ဖြစ်သူထံ အရက် ဖိုးတောင်းရာ မပေးသဖြင့် နေအိမ်ကို မီးရှို့ခဲ့သည့်အတွက် နေအိမ်သုံးလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ်လ ၂၆ ရက် နံနက် (၁၁)နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အသက် (၁၈)နှစ်အရွယ် လူငယ်တစ်ဦးက ဒေါ်ဖြစ်သူ မသင်းသင်း ခိုင်ထံမှ အရက်ဖိုးတောင်းရာ မရရှိခဲ့သဖြင့် ၎င်း၏နေအိမ်အား မီးရှို့ခဲ့သည့်အတွက်အနီးပတ်ဝန်းကျင်ရှိ နေအိမ် (၃) လုံးမီး လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ ဘိုကလေးမြို့နယ် မီးသတ်ဦးဌာနမှ မီးသတ်ယာဉ် ၂စီး၊ ရေသယ်ယာဉ် ၂ စီး ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံများဝိုင်းဝန်းငြှိမ်းသက်ခဲ့ရာ မွန်းတည့် (၁၂)ရီ အချိန်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ် (၃)လုံးမီးလောင်ကျွမ်းကာ ဆုံးရှုံးမှုတန်ဖိုးမှာ (၈၂)သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း ဘိုကလေးမြို့ နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နေအိမ်မီးရှို့သူ ကျန်ကျောင်း(ခ)ဟိန်းထက်အောင်(ခ)မိုးညှင်းသူ ဆိုသူအား ဘိုကလေးမြို့နယ် ရဲစခန်းက (ပ)၃၆/၂၀၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၃၆ ဖြင့် ဒုရဲအုပ်ကျော်စိုးမိုးအောင်မှ တရားလိုပြုလုပ်ကာ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

- ကျော်စိုးမိုး - ဖျာပုံ (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။