Skip to main content
Ads Block


လက်ရှိမှာ ဟဲလေးက နယ်ရှိုးပွဲတွေပို ဆိုဖြစ်နေသလို သီချင်းပိုင်းအနေနဲ့တော့ သင်္ကြန်သီချင်းတော့ မဟုတ်ပေမယ့် သင်္ကြန်မှာပျော်လို့ရတဲ့ သီချင်းတစ်ပုဒ်ထွက်ဖို့ရှိသေးတယ်လို့လည်း သိရပါတယ်။


 

Unicode version

ဝေဖန်မှုတွေကြောင့် စမူဆာပုံတွေ ပိုတင်ဖြစ်လာတာပါဆိုတဲ့ အဆိုတော်ဟဲလေး

အဆိုတော်ဟဲလေးက သူရောက်တဲ့ နေရာတိုင်းမှာ အစားအသောက်ပုံတွေကို သူကိုယ်တိုင် အသုံးပြုတဲ့ Facebook စာမျက်နှာပေါ် တင်လေ့ရှိပြီးတော့ အဲဒီထဲကမှ စမူဆာပုံတင်လိုက်ရာကနေ ပရိသတ်ကြားပြောစရာတစ်ခုဖြစ်လာပေမယ့် စမူဆာသည်တွေ ရောင်းကောင်းလာတဲ့အတွက် ဝမ်းသာမိပါတယ်လို့ ပြောလာပါတယ်။
နယ်တွေမှာ သီချင်းဆို ထွက်နေရပြီးတော့ ရောက်တဲ့နယ်တိုင်းမှာ စမူဆာတွေနဲ့ ပတ်သက်ပြီး ပုံတွေတင်ဖြစ်တဲ့အကြောင်းကို ဟဲလေး က အခုလိုပြောပြလာပါတယ်။
“ပုံတွေတင်ရင်းနဲ့ ကိုယ်ရောက်တဲ့နေရာလေးတွေမှာ ကိုယ်စားဖြစ်တဲ့ အစားအစာလေးတွေ တင်လေ့ရှိတယ်။ စမူဆာကြောင့် ပိုပြီးတော့ နည်းနည်းထူးခြားတာပေါ့။ ကိုယ်တင်သလို တစ်ခြားသူငယ်ချင်းတွေ၊ ပရိသတ်တွေကလည်း လိုက်တင်ကြတယ်။ အဲဒီလိုတင်ရင်းတင်ရင်းနဲ့ ပိုပြီးတော့ သိသာသွားစေတာပါ။ ဘယ်လက်ဖက်ရည်ဆိုင်သွားသွား အလွယ်တကူရတဲ့ အစားအစာလည်းဖြစ်တော့ ရောင်းရတဲ့အတွက် ဝမ်းသာပါတယ်” လို့ ပြောပါ တယ်။



ဟဲလေးက နယ်ရှိုးပွဲတွေ သီဆိုဖျော်ဖြေမှုများနေပြီး သူရောက်ရှိတဲ့နေရာတွေမှာ အစားအသောက်ပုံတွေတင်သလို စမူဆာ ပုံ တင်လိုက်ရာမှ  ဝေဖန်မှုတွေရှိလာတဲ့အတွက် ပိုတင်ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ဟဲလေးက နယ်ရှိုးပွဲတွေပို ဆိုဖြစ်နေသလို သီချင်းပိုင်းအနေနဲ့တော့ သြင်္ကန်သီချင်းတော့ မဟုတ်ပေမယ့် သြင်္ကန်မှာပျော်လို့ရတဲ့ သီချင်းတစ်ပုဒ်ထွက်ဖို့ရှိသေးတယ်လို့လည်း သိရပါတယ်။

- မျိုးကေခိုင်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။