Skip to main content
အစြမ္းထက္သည့္ တုိင္းရင္းေဆးမ်ားရွိေသာ္လည္း မူပုိင္ခြင့္ရယူသူနည္းပါးဟု က်န္းမာေရး၀န္ႀကီး ေဒါက္တာျမင့္ေထြးေျပာ
Ads Block

အစြမ္းထက္သည့္ တုိင္းရင္းေဆးမ်ားရွိေသာ္လည္း မူပုိင္ခြင့္ရယူသူနည္းပါးဟု က်န္းမာေရး၀န္ႀကီး ေဒါက္တာျမင့္ေထြးေျပာ

ေရွးယခင္ႏွစ္မ်ားကတည္းက အသံုးျပဳေနသည့္ အစြမ္းထက္ တုိင္းရင္းေဆးမ်ားရွိေသာ္လည္း မူပုိင္ခြင့္ရယူသူနည္းပါးေၾကာင္း က်န္းမာေရးနွင့္ အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးကေျပာၾကားလုိက္သည္။
ဇန္န၀ါရီ ၂၄ရက္က ေနျပည္ေတာ္တြင္ က်င္းပသည့္ ဒုတိယအႀကိမ္ ဘဂၤလား ပင္လယ္ေအာ္ စီးပြားေရးႏွင့္ နည္းပညာဆိုင္ရာ ဘက္စုံပူးေပါင္းေဆာင္႐ြက္ေရး (ဘင္းမ္စတက္) အဖြဲ႔အစည္းဝင္ ႏိုင္ငံမ်ား၏ တိုင္းရင္းေဆးပညာဆိုင္ရာ လုပ္ငန္းေဆာင္႐ြက္မႈ အဖြဲ႕မ်ား အစည္းအေဝး (the second meeting of BIMSTEC Task Force on Traditional Medicine) ဖြင့္ပြဲအခမ္းအနား တြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ တိုင္းရင္းေဆးပညာသည္ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာကတည္းပင္ ရွိခဲ့ၿပီး လြန္စြာအက်ိဳးရွိထိေရာက္ေသာ တိုင္း ရင္းေဆးဝါးမ်ားရွိေသာ္လည္း မူပိုင္ခြင့္ရယူမႈနည္းပါး လ်က္ရွိပါေၾကာင္း၊ ဘင္းမ္စတက္ႏိုင္ငံမ်ားအတြင္း တိုင္းရင္းေဆးဝါး ေဖာ္စပ္ ထုတ္လုပ္မႈဆိုင္ရာ ကိစၥရပ္မ်ား တူညီစြာ ေအာင္ျမင္မႈရရွိေစရန္အတြက္ လမ္းျပေျမပုံႏွင့္ မူေဘာင္မ်ား ခ်မွတ္ေဆာင္႐ြက္သြားၾကရမည္ျဖစ္ပါေၾကာင္း ျပည္ေထာင္စု၀န္ႀကီးက ေျပာၾကားခဲ့သည္။
ထို႔အျပင္ တိုင္းရင္းေဆးပညာဆိုင္ရာ သုေတသန မွတ္ပုံတင္ျခင္းစနစ္ျပဳလုပ္ျခင္းႏွင့္ သုေတသန သတင္းအခ်က္အလက္ စနစ္တို႔ကို မြမ္းမံျပင္ဆင္ျခင္းမ်ား ျပဳလုပ္ျခင္းျဖင့္ အဖြဲ႕ဝင္ႏိုင္ငံမ်ားမွ တိုင္းရင္းေဆးပညာရွင္မ်ား အေနျဖင့္ ႏိုင္ငံတစ္ခုမွ ျပဳလုပ္ထားေသာ သုေတသနရလဒ္မ်ားကို အျခားႏိုင္ငံမွ ပညာရွင္မ်ားကလည္း သိရွိႏိုင္မည္ျဖစ္လည္း ေျပာၾကားခဲ့သည္။
တုိင္းရင္းေဆးပညာ ဦးစီးဌာနကုိ ၁၉၉၈ ခုႏွစ္ ဇန္နဝါရီလ (၂၉) ရက္က အဆင့္ျမင့္ဦးစီးဌာနအျဖစ္ဖြဲ႔စည္းခဲ့ၿပီး ရုံးခ်ဳပ္တြင္ စီမံဘ ႑ာေရး၊ ကုသေရး႒ာနခြဲ၊ ေဆးဝါးႏွင့္ ဘယေဆးဥယ်ာဥ္၊ သုေသတနႏွင့္ဖြံ႔ၿဖိဳးေရး႒ာနမ်ား ဖြဲ႔စည္းခဲ့ၿပီး တုိင္းႏွင့္ျပည္နယ္မ်ားတြင္ ႒ာနခြဲမွဴးရုံး (၁၅) ခု၊ၿမိဳ႕နယ္ဦးစီး႒ာန (၂၁၀) ခု၊ ကုတင္ ၁၀၀ (၃) ရုံ၊ ကုတင္ ၅၀ (၈) ရုံ၊ ၂၅ ကုတင္ (၆) ရုံ၊ ၁၆ ကုတင္(၈)ရုံတုိ႔ ဖြင့္လွစ္ထားေၾကာင္း သိရသည္။
တုိင္းရင္းပညာ ဦးစီး႒ာနတြင္ ခြင့္ျပဳအရာထမ္း(၅၁၈) ဦးရွိၿပီး (၂၄၇) ဦးမွာ အရာရွိမ်ားျဖစ္ၿပီး (၂၄၇) ဦးထဲမွာ (၁၈၈) ဦးမွာ တုိင္း ရင္းေဆးပညာရွင္မ်ားျဖစ္ေၾကာင္းႏွင့္ တုိင္းရင္းေဆး ဆရာဝန္ (၂၃) ဦးခန္႔ထားေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode version

အစွမ်းထက်သည့် တိုင်းရင်းဆေးများရှိသော်လည်း မူပိုင်ခွင့်ရယူသူနည်းပါးဟု ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးပြော

ရှေးယခင်နှစ်များကတည်းက အသုံးပြုနေသည့် အစွမ်းထက် တိုင်းရင်းဆေးများရှိသော်လည်း မူပိုင်ခွင့်ရယူသူနည်းပါးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားလိုက်သည်။
ဇန်နဝါရီ ၂၄ရက်က နေပြည်တော်တွင် ကျင်းပသည့် ဒုတိယအကြိမ် ဘင်္ဂလား ပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး (ဘင်းမ်စတက်) အဖွဲ့အစည်းဝင် နိုင်ငံများ၏ တိုင်းရင်းဆေးပညာဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အဖွဲ့များ အစည်းအဝေး (the second meeting of BIMSTEC Task Force on Traditional Medicine) ဖွင့်ပွဲအခမ်းအနား တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းဆေးပညာသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းပင် ရှိခဲ့ပြီး လွန်စွာအကျိုးရှိထိရောက်သော တိုင်း ရင်းဆေးဝါးများရှိသော်လည်း မူပိုင်ခွင့်ရယူမှုနည်းပါး လျက်ရှိပါကြောင်း၊ ဘင်းမ်စတက်နိုင်ငံများအတွင်း တိုင်းရင်းဆေးဝါး ဖော်စပ် ထုတ်လုပ်မှုဆိုင်ရာ ကိစ္စရပ်များ တူညီစွာ အောင်မြင်မှုရရှိစေရန်အတွက် လမ်းပြမြေပုံနှင့် မူဘောင်များ ချမှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့အပြင် တိုင်းရင်းဆေးပညာဆိုင်ရာ သုတေသန မှတ်ပုံတင်ခြင်းစနစ်ပြုလုပ်ခြင်းနှင့် သုတေသန သတင်းအချက်အလက် စနစ်တို့ကို မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများမှ တိုင်းရင်းဆေးပညာရှင်များ အနေဖြင့် နိုင်ငံတစ်ခုမှ ပြုလုပ်ထားသော သုတေသနရလဒ်များကို အခြားနိုင်ငံမှ ပညာရှင်များကလည်း သိရှိနိုင်မည်ဖြစ်လည်း ပြောကြားခဲ့သည်။
တိုင်းရင်းဆေးပညာ ဦးစီးဌာနကို ၁၉၉၈ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်က အဆင့်မြင့်ဦးစီးဌာနအဖြစ်ဖွဲ့စည်းခဲ့ပြီး ရုံးချုပ်တွင် စီမံဘ ဏ္ဍာရေး၊ ကုသရေးဋ္ဌာနခွဲ၊ ဆေးဝါးနှင့် ဘယဆေးဥယျာဉ်၊ သုသေတနနှင့်ဖွံ့ဖြိုးရေးဋ္ဌာနများ ဖွဲ့စည်းခဲ့ပြီး တိုင်းနှင့်ပြည်နယ်များတွင် ဋ္ဌာနခွဲမှူးရုံး (၁၅) ခု၊မြို့နယ်ဦးစီးဋ္ဌာန (၂၁၀) ခု၊ ကုတင် ၁၀၀ (၃) ရုံ၊ ကုတင် ၅၀ (၈) ရုံ၊ ၂၅ ကုတင် (၆) ရုံ၊ ၁၆ ကုတင်(၈)ရုံတို့ ဖွင့် လှစ်ထားကြောင်း သိရသည်။
တိုင်းရင်းပညာ ဦးစီးဋ္ဌာနတွင် ခွင့်ပြုအရာထမ်း(၅၁၈) ဦးရှိပြီး (၂၄၇) ဦးမှာ အရာရှိများဖြစ်ပြီး (၂၄၇) ဦးထဲမှာ (၁၈၈) ဦးမှာ တိုင်း ရင်းဆေးပညာရှင်များဖြစ်ကြောင်းနှင့် တိုင်းရင်းဆေး ဆရာဝန် (၂၃) ဦးခန့်ထားကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။