Skip to main content
မူးယစ္ေဆးဝါးမႈျဖင့္ တရားစြဲဆိုခံထားရတဲ့  ဒါ႐ိုက္တာမိုက္တီး ယေန ့နံနက္ ခြဲစိတ္ခန္း၀င္
Ads Block

မူးယစ္ေဆးဝါးမႈျဖင့္ တရားစြဲဆိုခံထားရတဲ့  ဒါ႐ိုက္တာမိုက္တီး ယေန ့နံနက္ ခြဲစိတ္ခန္း၀င္

မူးယစ္ေဆးဝါးမႈျဖင့္ တရားစြဲဆိုခံထားရေသာ ဒါ႐ိုက္တာ မိုက္တီးမွာ တာေမြတရားရံုးမွ ေဆးကုသမႈအာမခံေပးခဲ့သည့္အတြက္ ဇန္န၀ါရီလ ၂၅ ရက္မွာ ေဆး၀ါးကုသမႈခံယူဖို႔ ခြဲစိတ္ခန္း၀င္ေနရၿပီလို႔ ညီမျဖစ္သူ ခ်စ္ခ်စ္ေဇာ္က သူ႔ရဲ႕ Facebook စာမ်က္နွာ ေရးသားလာပါတယ္။
“ကိုမိုက္ ခြဲစိတ္ခန္းထဲ၀င္သြားၿပီ။ ေၾကာက္လိုက္တာ “ ဆိုၿပီး အစ္ကို ျဖစ္သူ ဒါ႐ိုက္တာမိုက္တီး အတြက္ ေရးသားခဲ့တဲ့ Post ေအာက္မွာ ဆုေတာင္းေပးေနၾကတာလည္း ေတြ႔ရပါတယ္။
ဒါရိုက္တာ မိုက္တီးကို အင္းစိန္ေဆးရံုမွာ ခြဲစိတ္ကုသသြားမွာ ျဖစ္တယ္လို႔  ညီမျဖစ္သူ ခ်စ္ခ်စ္ေဇာ္က ၿပီးခဲ့တဲ့ရက္ပိုင္းကတည္း က ေျပာၾကားထားတာပဲ ျဖစ္ပါတယ္။
“ညီမျဖစ္သူ လင္းဇာနည္ေဇာ္ကို ဆက္သြယ္ေမးျမန္းၾကည့္ရာ”အစ္မတို႔ ခုခ်ိန္ထိ ခြဲခန္းေရွ႕မွာေစာင့္ေနတုန္းပါပဲ။ အရမ္း စိတ္ပူ ေနလို႔ ဘုရားစာေတြ ရြတ္ေနရတယ္” လို႔ အကုန္သိသတင္းဌာနရဲ႕ ေမးျမန္းခ်က္ကို ေျဖၾကားခဲ့ပါတယ္။
ဒါ႐ိုက္တာ မိုက္တီးဟာ အူမႀကီးကင္ဆာ ေရာဂါျဖစ္ပြားေနၿပီး ေထာင္ထဲမွာ ေသြး၀မ္းခဏခဏသြားတဲ့အတြက္ ေထာင္ဆရာ ၀န္ႀကီးမ်ားက အင္းစိန္ေဆးရုံကို ေဆးကုသဖို႔ လႊဲေျပာင္းေပးရာက ေရာဂါစတင္သိရွိခဲ့တာလို႔သိရပါတယ္။
ဒါ႐ိုက္တာ မိုက္တီးကို တာေမြၿမိဳ႕နယ္ တရား႐ံုးက ဇန္နဝါရီ ၁၈ ရက္မွာ က်န္းမာေရးအတြက္ အာမခံေပးၿပီး ေဆးကုသမႈ ေပး ေနတဲ့ ဆရာဝန္ႀကီးမ်ားက ေရာဂါအေျခအေနႏွင့္ပတ္သက္ၿပီး တရား႐ံုးမွာ ထြက္ဆိုေပးတယ္လို႔ သိရပါတယ္။
ဒါ႐ိုက္တာမိုက္တီးဟာ ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္က သူ႕ရဲ႕ကား ေပၚမွာ မူးယစ္ေဆးဝါးေတြ ေတြ႕ရွိတဲ့အတြက္ ဖမ္းဆီးခံရၿပီး မူးယစ္ ေဆးဝါးမႈနဲ႔ တာေမြၿမိဳ႕နယ္တရား႐ံုးမွာ တရားရင္ဆုိင္ေန ရတာပဲျဖစ္ပါတယ္။
ဒါ႐ိုက္တာမိုက္တီး၏ အမႈ အတြက္ ႐ံုးခ်ိန္းကို ေဖေဖာ္ဝါရီ ၁ ရက္မွာ ထပ္မံစစ္ေဆးရန္ ခ်ိန္းဆိုထားပါတယ္။

 - ႏြယ္ဏီ(အကုန္သိသတင္းဌာန)

Unicode version

မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆိုခံထားရတဲ့  ဒါရိုက်တာမိုက်တီး ယနေ့နံနက် ခွဲစိတ်ခန်းဝင်

မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆိုခံထားရသော ဒါရိုက်တာ မိုက်တီးမှာ တာမွေတရားရုံးမှ ဆေးကုသမှုအာမခံပေးခဲ့သည့်အတွက် ဇန်နဝါရီလ ၂၅ ရက်မှာ ဆေးဝါးကုသမှုခံယူဖို့ ခွဲစိတ်ခန်းဝင်နေရပြီလို့ ညီမဖြစ်သူ ချစ်ချစ်ဇော်က သူ့ရဲ့ Facebook စာမျက်နှာ ရေးသားလာပါတယ်။
“ကိုမိုက် ခွဲစိတ်ခန်းထဲဝင်သွားပြီ။ ကြောက်လိုက်တာ “ ဆိုပြီး အစ်ကို ဖြစ်သူ ဒါရိုက်တာမိုက်တီး အတွက် ရေးသားခဲ့တဲ့ Post အောက်မှာ ဆုတောင်းပေးနေကြတာလည်း တွေ့ရပါတယ်။
ဒါရိုက်တာ မိုက်တီးကို အင်းစိန်ဆေးရုံမှာ ခွဲစိတ်ကုသသွားမှာ ဖြစ်တယ်လို့  ညီမဖြစ်သူ ချစ်ချစ်ဇော်က ပြီးခဲ့တဲ့ရက်ပိုင်းကတည်း က ပြောကြားထားတာပဲ ဖြစ်ပါတယ်။
“ညီမဖြစ်သူ လင်းဇာနည်ဇော်ကို ဆက်သွယ်မေးမြန်းကြည့်ရာ”အစ်မတို့ ခုချိန်ထိ ခွဲခန်းရှေ့မှာစောင့်နေတုန်းပါပဲ။ အရမ်း စိတ်ပူ နေလို့ ဘုရားစာတွေ ရွတ်နေရတယ်” လို့ အကုန်သိသတင်းဌာနရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။
ဒါရိုက်တာ မိုက်တီးဟာ အူမကြီးကင်ဆာ ရောဂါဖြစ်ပွားနေပြီး ထောင်ထဲမှာ သွေးဝမ်းခဏခဏသွားတဲ့အတွက် ထောင်ဆရာ ဝန်ကြီးများက အင်းစိန်ဆေးရုံကို ဆေးကုသဖို့ လွှဲပြောင်းပေးရာက ရောဂါစတင်သိရှိခဲ့တာလို့သိရပါတယ်။
ဒါရိုက်တာ မိုက်တီးကို တာမွေမြို့နယ် တရားရုံးက ဇန်နဝါရီ ၁၈ ရက်မှာ ကျန်းမာရေးအတွက် အာမခံပေးပြီး ဆေးကုသမှု ပေး နေတဲ့ ဆရာဝန်ကြီးများက ရောဂါအခြေအနေနှင့်ပတ်သက်ပြီး တရားရုံးမှာ ထွက်ဆိုပေးတယ်လို့ သိရပါတယ်။
ဒါရိုက်တာမိုက်တီးဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်က သူ့ရဲ့ကား ပေါ်မှာ မူးယစ်ဆေးဝါးတွေ တွေ့ရှိတဲ့အတွက် ဖမ်းဆီးခံရပြီး မူးယစ် ဆေးဝါးမှုနဲ့ တာမွေမြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေ ရတာပဲဖြစ်ပါတယ်။
ဒါရိုက်တာမိုက်တီး၏ အမှု အတွက် ရုံးချိန်းကို ဖေဖော်ဝါရီ ၁ ရက်မှာ ထပ်မံစစ်ဆေးရန် ချိန်းဆိုထားပါတယ်။

 - နွယ်ဏီ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။