Skip to main content
“ မင္းေက်းဇူးကိုမေမ့ပါဘူးကြာ” ဆိုၿပီး ဦးကင္းေကာင္ေျပာခဲ့ဖူးတာကို ျပန္ေျပာလာတဲ့ ဒိန္းေဒါင္ 
Ads Block

“ မင္းေက်းဇူးကိုမေမ့ပါဘူးကြာ” ဆိုၿပီး ဦးကင္းေကာင္ေျပာခဲ့ဖူးတာကို ျပန္ေျပာလာတဲ့ ဒိန္းေဒါင္ 

ဒိန္းေဒါင္ဟာ က်န္းမာေရးအေျခအေနေၾကာင့္ ေဆးရံုတက္ေနရေပမဲ့ ဟာသသရုပ္ေဆာင္ ကင္းေကာင္ရဲ႕ အသုဘကိုလုိက္ပို႔ေပးခဲ့ၿပီး သူတို႔ၾကားက အမွတ္တရကိုလည္း ေျပာျပလာပါတယ္။ 
႐ုပ္ရွင္နဲ႔ဗီဒီယိုသ႐ုပ္ေဆာင္ လူရႊင္ေတာ္ကင္းေကာင္ရဲ႕အသုဘ အခမ္းအနားကိုေတာ့ ဇန္နဝါရီလ ၂၄ ရက္ ၊ နံနက္ပိုင္းက ေရေဝးသုသာန္မွာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ 

“ မင္းေက်းဇူးကိုမေမ့ပါဘူးကြာ” ဆိုၿပီး ဦးကင္းေကာင္ေျပာခဲ့ဖူးတာကို ျပန္ေျပာလာတဲ့ ဒိန္းေဒါင္ 

 “ အမွတ္ရစရာတစ္ခုကပြဲတစ္ခုမွာေပါ့ဗ်ာ။ ကြ်န္ေတာ့္ကိုယန္းတစ္ေသာင္းေပးတယ္။ ကြ်န္ေတာ့္က ကြ်န္ေတာ့္တစ္ေယာက္ထဲကိုပဲယန္းတစ္ေသာင္းေပးေတာ့ ဟိုမွာဦးကင္းေကာင္နဲ႔ဦးကုသုိလ္တို႔ က်န္ေသးတယ္လို႔ေျပာေတာ့ ဦးကင္းေကာင္ကမင္းကလည္းကြာ ဘာျဖစ္လို႔သြားေျပာရတာလဲကြာ။ အားနာဖို႔ေကာင္းတယ္တဲ့။ အဲဒါနဲ႔ ကြ်န္ေတာ္ကယန္းတစ္ေသာင္းတန္တစ္ရြက္ကို ဘယ္ေလာက္တန္လဲ သိလားလို႔။ အဲဒါက ျမန္မာေငြတစ္သိန္းတန္တယ္လို႔ေျပာေတာ့ ဟုတ္လားတဲ့။ မင္းေက်းဇူးကို ငါမေမ့ပါဘူးကြာတဲ့။ ဦးကင္းေကာင္ကေတာ္ပါတယ္ဗ်ာ” လို႔ လူရႊင္ေတာ္ဒိန္းေဒါင္က ေျပာပါတယ္။

“ မင္းေက်းဇူးကိုမေမ့ပါဘူးကြာ” ဆိုၿပီး ဦးကင္းေကာင္ေျပာခဲ့ဖူးတာကို ျပန္ေျပာလာတဲ့ ဒိန္းေဒါင္ 

ဒိန္းေဒါင္ဟာဆိုရင္လည္း လက္ရွိမွာ အသည္းေရာဂါေၾကာင့္ ေဆးရံုတက္ေနရတာ ၆ ရက္ေလာက္ရွိၿပီ ျဖစ္ၿပီး ဦးကင္းေကာင္ရဲ႕နာေရးကို လုိက္ပို႔ခ်င္တဲ့အတြက္ လက္မွတ္ထိုး ေဆးရံုဆင္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ 
ဦးကင္းေကာင္ဟာ ပုပၺါးကို ရုပ္ရွင္ရိုက္ကူဖို႔ေရာက္ရွိေနစဥ္ ၿပီးခဲ့တဲ့ ဇန္န၀ါရီလ ၂၂ ရက္၊ နံနက္ပိုင္းက ခၽြဲၾကပ္လို႔ ေခ်ာင္းဟန္႔လိုက္တာကေန ရုတ္တရက္ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။ 

 - ခေရဖူး(အကုန္သိသတင္းဌာန)

Unicode version

“ မင်းကျေးဇူးကိုမမေ့ပါဘူးကွာ” ဆိုပြီး ဦးကင်းကောင်ပြောခဲ့ဖူးတာကို ပြန်ပြောလာတဲ့ ဒိန်းဒေါင် 

ဒိန်းဒေါင်ဟာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်နေရပေမဲ့ ဟာသသရုပ်ဆောင် ကင်းကောင်ရဲ့ အသုဘကိုလိုက်ပို့ပေးခဲ့ပြီး သူတို့ကြားက အမှတ်တရကိုလည်း ပြောပြလာပါတယ်။ 
ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် လူရွှင်တော်ကင်းကောင်ရဲ့အသုဘ အခမ်းအနားကိုတော့ ဇန်နဝါရီလ ၂၄ ရက် ၊ နံနက်ပိုင်းက ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 
 “ အမှတ်ရစရာတစ်ခုကပွဲတစ်ခုမှာပေါ့ဗျာ။ ကျွန်တော့်ကိုယန်းတစ်သောင်းပေးတယ်။ ကျွန်တော့်က ကျွန်တော့်တစ်ယောက်ထဲကိုပဲယန်းတစ်သောင်းပေးတော့ ဟိုမှာဦးကင်းကောင်နဲ့ဦးကုသိုလ်တို့ ကျန်သေးတယ်လို့ပြောတော့ ဦးကင်းကောင်ကမင်းကလည်းကွာ ဘာဖြစ်လို့သွားပြောရတာလဲကွာ။ အားနာဖို့ကောင်းတယ်တဲ့။ အဲဒါနဲ့ ကျွန်တော်ကယန်းတစ်သောင်းတန်တစ်ရွက်ကို ဘယ်လောက်တန်လဲ သိလားလို့။ အဲဒါက မြန်မာငွေတစ်သိန်းတန်တယ်လို့ပြောတော့ ဟုတ်လားတဲ့။ မင်းကျေးဇူးကို ငါမမေ့ပါဘူးကွာတဲ့။ ဦးကင်းကောင်ကတော်ပါတယ်ဗျာ” လို့ လူရွှင်တော်ဒိန်းဒေါင်က ပြောပါတယ်။
ဒိန်းဒေါင်ဟာဆိုရင်လည်း လက်ရှိမှာ အသည်းရောဂါကြောင့် ဆေးရုံတက်နေရတာ ၆ ရက်လောက်ရှိပြီ ဖြစ်ပြီး ဦးကင်းကောင်ရဲ့နာရေးကို လိုက်ပို့ချင်တဲ့အတွက် လက်မှတ်ထိုး ဆေးရုံဆင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 
ဦးကင်းကောင်ဟာ ပုပ္ဗါးကို ရုပ်ရှင်ရိုက်ကူဖို့ရောက်ရှိနေစဉ် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်၊ နံနက်ပိုင်းက ချွဲကြပ်လို့ ချောင်းဟန့်လိုက်တာကနေ ရုတ်တရက်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ 

 - ခရေဖူး(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။