Skip to main content
ဗုိလ္ခ်ဳပ္ေအာင္ဆန္းေနရာတြင္ သရုပ္ေဆာင္မည့္ ေက်ာ္ေက်ာ္မ်ဳိး၏ နားရြက္ကို ဗုိလ္ခ်ဳပ္၏နားရြက္ႏွင့္တူေစရန္ ဆီလီကြန္ အသံုးျပဳမည္ဟုဆို
Ads Block

ဗုိလ္ခ်ဳပ္ေအာင္ဆန္းေနရာတြင္ သရုပ္ေဆာင္မည့္ ေက်ာ္ေက်ာ္မ်ဳိး၏ နားရြက္ကို ဗုိလ္ခ်ဳပ္၏နားရြက္ႏွင့္တူေစရန္ ဆီလီကြန္ အသံုးျပဳမည္ဟုဆို

ဗုိလ္ခ်ဳပ္ေအာင္ဆန္းေနရာ သရုပ္ေဆာင္မည့္ ေက်ာ္ေက်ာ္မ်ိဳး၏ နားရြက္ႏွင့္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း၏ နားရြက္မတူေသာေၾကာင့္ ဆီလီကြန္အသုံးျပဳ ရုိက္ကူးမည္ျဖစ္ေၾကာင္း ေအာင္ဆန္းရုပ္ရွင္ လူမႈကြန္ရက္စာမ်က္ႏွာမွ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ဇန္န၀ါရီ ၂၄ ရက္က ေအာင္ဆန္းရုပ္ရွင္ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေအာင္ဆန္းရုပ္ရွင္အဓိက သရုပ္ေဆာင္မ်ားကုိ မိတ္ကပ္ အစမ္းလိမ္းသည့္ သတင္းထုတ္ျပန္ခ်က္တြင္ ယင္းကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
ဗုိလ္ခ်ဳပ္ရုပ္ရွင္အား ၂၀၁၉ ဒီဇင္ဘာတြင္အၿပီး ရုိက္ကူးကာ ၂၀၂၀ တြင္ အမ်ားျပည္သူထံ ရုံတင္ျပမည္ဟု မူလကသက္မွတ္ထား ေသာ္လည္း အရည္အေသြးေကာင္းမြန္ရန္ ရည္ရြယ္၍ အခ်ိန္ကုိ မကန္႔သတ္ေတာ့ေၾကာင္း ဗုိလ္ခ်ဳပ္ရုပ္ရွင္ျဖစ္ေျမာက္ေရး ေကာ္မတီမွ ျပည္ေထာင္စု၀န္ႀကီး သူရဦးေအာင္ကုိက ေျပာၾကားထားသည္။
လက္ရွိတြင္ ဇာတ္ညႊန္းေပါင္း ၁၁၆ ခန္း ေရးသားၿပီးစီးၿပီျဖစ္ေၾကာင္းသိရၿပီး မူလတြင္ ဒါရုိက္တာ မင္းထင္ကုိကုိႀကီးကို တာ၀န္ ေပးထားေသာ္လည္း လက္ရိွတြင္  အကယ္ဒမီလူမင္းအား ဒါရုိက္တာအျဖစ္ တာ၀န္ေပးရုိက္ကူးေစခဲ့ေၾကာင္း သိရသည္။
ေအာင္ဆန္းရုပ္ရွင္အား ရုိက္ကူးရန္ အနည္းဆုံး က်ပ္သိန္းေပါင္း တစ္ေသာင္းေက်ာ္အသုံးျပဳသြားမည္ျဖစ္ၿပီး မေလာက္ပါကလည္း အလွဴခံကာ ထပ္မံျဖည့္ဆည္းေပးမည္ျဖစ္ေၾကာင္း သိရသည္။
ဗုိလ္ခ်ဳပ္ေအာင္ဆန္းေနရာတြင္ အဓိကဇာတ္ေဆာင္အျဖစ္ ေက်ာ္ေက်ာ္မ်ိဳးအား သရုပ္ေဆာင္ေစမည္ျဖစ္ၿပီး ေဒၚခင္ၾကည္ေနရာတြင္ ဇာျခည္က သရုပ္ေဆာင္ေစမည္ျဖစ္သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode version

ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် သရုပ်ဆောင်မည့် ကျော်ကျော်မျိုး၏ နားရွက်ကို ဗိုလ်ချုပ်၏နားရွက်နှင့်တူစေရန် ဆီလီကွန် အသုံးပြုမည်ဟုဆို

ဗိုလ်ချုပ်အောင်ဆန်းနေရာ သရုပ်ဆောင်မည့် ကျော်ကျော်မျိုး၏ နားရွက်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ နားရွက်မတူသောကြောင့် ဆီလီကွန်အသုံးပြု ရိုက်ကူးမည်ဖြစ်ကြောင်း အောင်ဆန်းရုပ်ရှင် လူမှုကွန်ရက်စာမျက်နှာမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဇန်နဝါရီ ၂၄ ရက်က အောင်ဆန်းရုပ်ရှင် လူမှုကွန်ရက်စာမျက်နှာတွင် အောင်ဆန်းရုပ်ရှင်အဓိက သရုပ်ဆောင်များကို မိတ်ကပ် အစမ်းလိမ်းသည့် သတင်းထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဗိုလ်ချုပ်ရုပ်ရှင်အား ၂၀၁၉ ဒီဇင်ဘာတွင်အပြီး ရိုက်ကူးကာ ၂၀၂၀ တွင် အများပြည်သူထံ ရုံတင်ပြမည်ဟု မူလကသက်မှတ်ထား သော်လည်း အရည်အသွေးကောင်းမွန်ရန် ရည်ရွယ်၍ အချိန်ကို မကန့်သတ်တော့ကြောင်း ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားထားသည်။
လက်ရှိတွင် ဇာတ်ညွှန်းပေါင်း ၁၁၆ ခန်း ရေးသားပြီးစီးပြီဖြစ်ကြောင်းသိရပြီး မူလတွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တာဝန် ပေးထားသော်လည်း လက်ရှိတွင်  အကယ်ဒမီလူမင်းအား ဒါရိုက်တာအဖြစ် တာဝန်ပေးရိုက်ကူးစေခဲ့ကြောင်း သိရသည်။
အောင်ဆန်းရုပ်ရှင်အား ရိုက်ကူးရန် အနည်းဆုံး ကျပ်သိန်းပေါင်း တစ်သောင်းကျော်အသုံးပြုသွားမည်ဖြစ်ပြီး မလောက်ပါကလည်း အလှူခံကာ ထပ်မံဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် အဓိကဇာတ်ဆောင်အဖြစ် ကျော်ကျော်မျိုးအား သရုပ်ဆောင်စေမည်ဖြစ်ပြီး ဒေါ်ခင်ကြည်နေရာတွင် ဇာခြည်က သရုပ်ဆောင်စေမည်ဖြစ်သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။