Skip to main content
မာဒူရုိရဲ႕ ၿပိဳင္ဘက္ကုိ ဗင္နီဇြဲလား ၾကားျဖတ္သမၼတအျဖစ္ အေမရိကန္က အသိအမွတ္ျပဳခဲ့ၿပီးေနာက္ ကန္နဲ ့သံဆက္ဆံေရး ျဖတ္ေတာက္ေၾကာင္း မာဒူရုိ ေၾကညာ 
Ads Block

မာဒူရုိရဲ႕ ၿပိဳင္ဘက္ကုိ ဗင္နီဇြဲလား ၾကားျဖတ္သမၼတအျဖစ္ အေမရိကန္က အသိအမွတ္ျပဳခဲ့ၿပီးေနာက္ ကန္နဲ ့သံဆက္ဆံေရး ျဖတ္ေတာက္ေၾကာင္း မာဒူရုိ ေၾကညာ 

အေမရိကန္ သမၼတ ေဒၚနယ္ထရန္ ့ဟာ ဗင္နီဇြဲလား အတုိက္အခံေခါင္းေဆာင္ Juan Guaido ကုိ ႏုိင္ငံရဲ ့ ၾကားျဖတ္သမၼတအျဖစ္ အသိအမွတ္ျပဳလုိက္ျခင္းျဖင့္ လက္ရွိသမၼတ နီကုိလပ္မာဒူရုိရဲ ့ ေရြးခ်ယ္ခံအစုိးရကုိ ေဒါသထြက္ေစခဲ့ပါတယ္။ 
“ ဒီေန ့မွာ ဗင္နီဇြဲလား အမ်ဳိးသားလႊတ္ေတာ္ ဥကၠ႒ Juan Guaido ကုိ ဗင္နီဇြဲလားႏုိင္ငံရဲ ့ ၾကားျဖတ္သမၼတအျဖစ္ ကၽြႏု္ပ္ တရား၀င္ အသိအမွတ္ျပဳလုိက္ပါတယ္” လုိ ့ ထရန္ ့က ထုတ္ျပန္ခ်က္မွာ ေျပာဆုိခဲ့ပါတယ္။ ဒါ့အျပင္ မာဒူရုိအစုိးရဟာ တရားမ၀င္ေတာ့ေၾကာင္းနဲ ့ ဗင္နီဇြဲလားျပည္သူေတြအေပၚ ျဖစ္လာမယ့္ ဘယ္လုိၿခိမ္းေျခာက္မႈမ်ဳိးေတြကုိမဆုိ တုိက္ရုိက္တာ၀န္ခံရမွာျဖစ္ေၾကာင္းလည္း ၄င္းက ဆုိခဲ့ပါတယ္။ ဗင္နီဇြဲလားႏုိင္ငံရဲ ့ ဒီမုိကေရစီ ျပန္လည္ရွင္သန္ေရးအတြက္ အေမရိကန္ျပည္ေထာင္စုရဲ ့ စီးပြားေရး၊ သံတမန္ေရး ၾသဇာကုိ အျပည့္အ၀အသုံးခ်သြားမွာျဖစ္ေၾကာင္း ထရန္ ့က ဆက္လက္ေျပာဆုိခဲ့ကာ အေနာက္ကမာၻျခမ္းမွ အစုိးရအဖြဲ ့ေတြအေနနဲ ့ Guaido ကုိ အသိအမွတ္ျပဳၾကဖုိ ့ တုိက္တြန္းေဆာ္ၾသခဲ့ပါတယ္။ 

မာဒူရုိရဲ႕ ၿပိဳင္ဘက္ကုိ ဗင္နီဇြဲလား ၾကားျဖတ္သမၼတအျဖစ္ အေမရိကန္က အသိအမွတ္ျပဳခဲ့ၿပီးေနာက္ ကန္နဲ ့သံဆက္ဆံေရး ျဖတ္ေတာက္ေၾကာင္း မာဒူရုိ ေၾကညာ 


အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး မုိက္ပြန္ပီယုိကလည္း ၾကားျဖတ္သမၼတအျဖစ္ သူ ့ကုိယ္သူ ေၾကညာခဲ့တဲ့ Guaido ရဲ ့ ဆုံးျဖတ္ခ်က္ဟာ ရဲရင့္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္း၊ အသြင္းကူးေျပာင္းအစုိးရဖြဲ ့စည္းေရး၊ လြတ္လပ္မွ်တတဲ့ ေရြးေကာက္ပြဲေတြ က်င္းပေရး ၄င္းရဲ ့ ေဆာင္ရြက္ခ်က္ေတြကုိ အေမရိကန္က ေထာက္ခံသြားမွာျဖစ္ေၾကာင္း တြစ္တာမွာ ေရးသားခဲ့ပါတယ္။ အေမရိကန္ ေထာက္ခံတဲ့ Guaido ဟာ အမ်ဳိးသားလႊတ္ေတာ္ လက္ရွိ ဥကၠ႒ျဖစ္ၿပီး ဗုဒၶဟူးေန ့က လူေထာင္ေပါင္းမ်ားစြာပါ၀င္တဲ့ မာဒူရုိ ရာထူးႏုတ္ထြက္ေပးေရး ေတာင္းဆုိခ်ီတက္မႈအတြင္း သူ ့ကုိယ္သူ သမၼတအျဖစ္ ေၾကညာခဲ့ကာ က်န္းသစၥာဆုိခဲ့ပါတယ္။ 
အေမရိကန္က ယင္းကဲ့သုိ ့ အသိအမွတ္ျပဳခဲ့အၿပီး တစ္ခ်ိန္တည္းမွာပဲ လက္ရွိသမၼတ မာဒူရုိဟာ အေမရိကန္နဲ ့သံတမန္ဆက္ဆံေရးကုိ ျဖတ္ေတာက္လုိက္ေၾကာင္း ေၾကညာခဲ့ၿပီး အေမရိကန္ သံတမန္ေတြ ႏုိင္ငံတြင္းက ထြက္ခြာဖုိ ့ ၇၂ နာရီ အခ်ိန္ေပးခဲ့ပါတယ္။ Guaido ကုိ ၾကားျဖတ္သမၼတအျဖစ္ အေမရိကန္နဲ ့ ေနာက္ပုိင္းမွာ လက္တင္အေမရိက ႏုိင္ငံမ်ားစြာက အသိအမွတ္ျပဳဖုိ ့ ဆုံးျဖတ္လုိက္အၿပီး သိပ္မၾကာခင္မွာပဲ ၿမိဳ ့ေတာ္ ကရာကက္စ္ရွိ သမၼတနန္းေတာ္ လသာေဆာင္မွ မာဒူရုိက စုေ၀းေရာက္ရွိေနတဲ့ ေထာက္ခံသူ လူအုပ္ႀကီးကုိ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။
Ref: RT 

- ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

မာဒူရိုရဲ့ ပြိုင်ဘက်ကို ဗင်နီဇွဲလား ကြားဖြတ်သမ္မတအဖြစ် အမေရိကန်က အသိအမှတ်ပြုခဲ့ပြီးနောက် ကန်နဲ့သံဆက်ဆံရေး ဖြတ်တောက်ကြောင်း မာဒူရို ကြေညာ 
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ဟာ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Juan Guaido ကို နိုင်ငံရဲ့ ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုလိုက်ခြင်းဖြင့် လက်ရှိသမ္မတ နီကိုလပ်မာဒူရိုရဲ့ ရွေးချယ်ခံအစိုးရကို ဒေါသထွက်စေခဲ့ပါတယ်။ 
“ ဒီနေ့မှာ ဗင်နီဇွဲလား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Juan Guaido ကို ဗင်နီဇွဲလားနိုင်ငံရဲ့ ကြားဖြတ်သမ္မတအဖြစ် ကျွနု်ပ် တရားဝင် အသိအမှတ်ပြုလိုက်ပါတယ်” လို့ ထရန့်က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မာဒူရိုအစိုးရဟာ တရားမဝင်တော့ကြောင်းနဲ့ ဗင်နီဇွဲလားပြည်သူတွေအပေါ် ဖြစ်လာမယ့် ဘယ်လိုခြိမ်းခြောက်မှုမျိုးတွေကိုမဆို တိုက်ရိုက်တာဝန်ခံရမှာဖြစ်ကြောင်းလည်း ၎င်းက ဆိုခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့ ဒီမိုကရေစီ ပြန်လည်ရှင်သန်ရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး၊ သံတမန်ရေး သြဇာကို အပြည့်အဝအသုံးချသွားမှာဖြစ်ကြောင်း ထရန့်က ဆက်လက်ပြောဆိုခဲ့ကာ အနောက်ကမ္ဘာခြမ်းမှ အစိုးရအဖွဲ့တွေအနေနဲ့ Guaido ကို အသိအမှတ်ပြုကြဖို့ တိုက်တွန်းဆော်သြခဲ့ပါတယ်။ 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း ကြားဖြတ်သမ္မတအဖြစ် သူ့ကိုယ်သူ ကြေညာခဲ့တဲ့ Guaido ရဲ့ ဆုံးဖြတ်ချက်ဟာ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ အသွင်းကူးပြောင်းအစိုးရဖွဲ့စည်းရေး၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပရေး ၎င်းရဲ့ ဆောင်ရွက်ချက်တွေကို အမေရိကန်က ထောက်ခံသွားမှာဖြစ်ကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။ အမေရိကန် ထောက်ခံတဲ့ Guaido ဟာ အမျိုးသားလွှတ်တော် လက်ရှိ ဥက္ကဋ္ဌဖြစ်ပြီး ဗုဒ္ဓဟူးနေ့က လူထောင်ပေါင်းများစွာပါဝင်တဲ့ မာဒူရို ရာထူးနုတ်ထွက်ပေးရေး တောင်းဆိုချီတက်မှုအတွင်း သူ့ကိုယ်သူ သမ္မတအဖြစ် ကြေညာခဲ့ကာ ကျန်းသစ္စာဆိုခဲ့ပါတယ်။ 
အမေရိကန်က ယင်းကဲ့သို့ အသိအမှတ်ပြုခဲ့အပြီး တစ်ချိန်တည်းမှာပဲ လက်ရှိသမ္မတ မာဒူရိုဟာ အမေရိကန်နဲ့သံတမန်ဆက်ဆံရေးကို ဖြတ်တောက်လိုက်ကြောင်း ကြေညာခဲ့ပြီး အမေရိကန် သံတမန်တွေ နိုင်ငံတွင်းက ထွက်ခွာဖို့ ၇၂ နာရီ အချိန်ပေးခဲ့ပါတယ်။ Guaido ကို ကြားဖြတ်သမ္မတအဖြစ် အမေရိကန်နဲ့ နောက်ပိုင်းမှာ လက်တင်အမေရိက နိုင်ငံများစွာက အသိအမှတ်ပြုဖို့ ဆုံးဖြတ်လိုက်အပြီး သိပ်မကြာခင်မှာပဲ မြို့တော် ကရာကက်စ်ရှိ သမ္မတနန်းတော် လသာဆောင်မှ မာဒူရိုက စုဝေးရောက်ရှိနေတဲ့ ထောက်ခံသူ လူအုပ်ကြီးကို ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
Ref: RT 

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။