Skip to main content
ကားမွန္ကိုခ်ိဳးဖ်က္ကာ အတြင္းရွိပစၥည္းမ်ားကို ခိုးယူသူမ်ားအား ရဲတပ္ဖြဲ႕မွ ဖမ္းဆီး
Ads Block

ကားမွန္ကိုခ်ိဳးဖ်က္ကာ အတြင္းရွိပစၥည္းမ်ားကို ခိုးယူသူမ်ားအား ရဲတပ္ဖြဲ႕မွ ဖမ္းဆီး

ရန္ကုန္၊ ဇန္န၀ါရီ ၂၃
အမႈမွာ ၁၆.၁.၂၀၁၉ ရက္ေန႔ ၀၉၁၀ အခ်ိန္ အလုံၿမိဳ႕နယ္၊ ေစာရန္ပုိင္ အေနာက္ရပ္ကြက္၊ ငု၀ါလမ္းေန တရားလို ဦး ------ သည္ အစ္ကိုျဖစ္သူ ဦး ------ မွ အလုံၿမိဳ႕နယ္၊ လြတ္လပ္ေရးရပ္ကြက္ရွိ စားေသာက္ဆိုင္ တစ္ဆိုင္တြင္ စားေသာက္ေနစဥ္ ၎၏ကား အတြင္းမွ ေငြက်ပ္ (၇၅) သိန္းပါ အနက္ေရာင္ လက္ကိုင္အိတ္(၁)လုံး၊ ဘဏ္စာအုပ္ (၂) အုပ္၊ ဘဏ္ကဒ္ (၁) ခု၊ Laptop ကြန္ပ်ဴတာ (၁)လုံးအပါ၀င္ စုစုေပါင္းကာလတန္းဖိုးသိန္း (၈၀) ခန္႔ကို ေရကာမွန္အား ခ်ိဳးဖ်က္ဖြင့္လွစ္ကာ ခိုးယူသြားသျဖင့္ အလုံၿမိဳ႕မရဲစခန္း (ပ)၁၈/၂၀၁၉ ၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၉ျဖင့္ အေရးယူေပးပါရန္ တိုင္တန္းခ့ဲေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးမွ ပါဆုံးပစၥည္းမ်ားကို အေသးစိတ္ေမးျမန္းရန္ ပတ္၀န္းက်င္းအား စုံစမ္းေမးျမန္းမႈျပဳလုပ္ၿပီး ျပစ္မႈက်ဴးလြန္သူအား အျမန္ဆုံးဖမ္းဆီးရမိႏိုင္ေရး ေဆာင္ရြက္သြားရန္ ညႊန္ၾကားခ်က္အရ အေနာက္ ပိုင္းခရိုင္ရဲတပ္ဖြဲ႕မွဴးမွ အနီးကပ္ၾကပ္မတ္ကြပ္ကဲ၍ ခရိုင္မႈခင္းႏွိ္မ္နင္းေရးဌာနစုမွ တပ္ဖြဲ႕၀င္မ်ား၊ အလုံၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕၀င္ မ်ား ပူးေပါင္း၍ အခင္းျဖစ္ပတ္၀န္းက်င္းကို စုံစမ္းေမးျမန္းျခင္း၊ ေရကာမွန္အားခ်ိဳးဖယ္၍ ခုိုးယူခံရေသာကားကို အေသးစိတ္ စစ္ေဆးျခင္းျပဳလုပ္ခ့ဲၿပီး အခင္းျဖစ္ေန႔က မသကၤာဖြယ္လူ (၂) ဦးသည္ ဆင္မင္းအိမ္ယာအေရွ႕မွ အခင္းျဖစ္ကားရွိရာသို႔ သြားေရာက္ဖ်က္ဆီးခိုးယူ၍ ဆင္မင္းအိမ္ယာဘက္သို႔ လမ္းေလွ်ာက္ျပန္လာခ့ဲၿပီး အသင့္အေစာင့္ေနေသာ အမ်ိဳးသားတစ္ဦးႏွင့္ အတူ ယာဥ္အမွတ္ FF/------ အျဖဴေရာင္ Probox အငွားယာဥ္ကို ငွားရမ္းစီးနင္းသြားၿပီး ၾကည့္ျမင္တိုင္ဘက္သို႔ ေမာင္းႏွင္ သြားေၾကာင္း စုံစမ္းသိရွိရသျဖင့္ အဆိုယာဥ္ကို လိုက္လံစုံစမ္းခ့ဲရာ အင္းစိန္ၿမိဳ႕နယ္၊ ရြာမအေနာက္ရပ္ကြက္ေန ကို ----- ေမာင္းႏွင္ေသာ ယာဥ္ျဖစ္ေၾကာင္း စုံစမ္းသိရွိရၿပီး အဆိုပါယာဥ္ေမာင္းအားဆက္လက္ေမးျမန္းရာ ျပစ္မႈက်ဴးလြန္သူ အမ်ိဳးသား (၃) ဦးသည္ ၁၆.၁.၂၀၁၉ ရက္ေန႔ ၀၇၀၀ အခ်ိန္တြင္ ဆင္မင္းအိမ္ယာေရွ႕မွ ကမာရြတ္ၿမိဳ႕နယ္၊ နာနတ္ေတာ ဂုံးတံတားေအာက္ ဗဟိုလမ္းေပၚသို႔ (၃၀၀၀) က်ပ္ျဖင့္ ငွားရမ္း၍ လိုက္ေပးခ့ဲေၾကာင္း သိရွိရၿပီး ဆက္လက္စုံစမ္းရာ ၎တို႔(၃)ဦးသည္ နာနတ္ေတာ ဂုံးတံတားေအာက္ ဗဟိုလမ္းအတိုင္း ရထားသံလမ္းဘက္သို႔ ၀င္ေရာက္သြားၿပီး ခဏအၾကာ ဗဟိုလမ္းေပၚသို႔ ျပန္ထြက္လာကာ ယာဥ္အမွတ္ DD/------- အျဖဴေရာင္ Probox အငွားယာဥ္ျဖင့္ လိႈင္ၿမိဳ႕နယ္ဘက္သို႔ ထြက္သြားေၾကာင္း စုံစမ္း သိရွိရသျဖင့္ အဆိုပါယာဥ္ထပ္မံစုံစမ္းခ့ဲရာ လိႈင္သာယာၿမိဳ႕နယ္၊ အမွတ္(၁၀)ရပ္ကြက္ေန ကို ----- ေမာင္းႏွင္ေသာ ယာဥ္ျဖစ္ေၾကာင္း စုံစမ္းသိရွိရၿပီး အငွားယာဥ္ေမာင္းအား ေမးျမန္းရာ ျပစ္မႈက်ဴးလြန္သူ (၃) ဦးသည္ယေန႔ ၀၈၀၀ အခ်ိန္ ဗဟိုလမ္းမွ လိႈင္သာယာၿမိဳ႕နယ္၊ ပန္းလိႈင္တံတား၊ တြံေတးဘက္အဆင္း ၾကိဳဆိုပါ၏ ဆိုင္ဘုတ္အနီးသို႔ ေငြ(၆၅၀၀)က်ပ္ျဖင့္ ငွားရမ္း၍ လိုက္ပါပို႔ေဆာင္ေပးခ့ဲေၾကာင္း စစ္ေဆးသိရွိခ့ဲရကာ ၎တို႔ဆင္းသည့္ေနရာ အနီးတ၀ိုက္ စုံစမ္းေမးျမန္းရာ ျပစ္က်ဴးလြန္သူမ်ားမွာ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ စက္ဆန္းရပ္ကြက္ေနသူမ်ားျဖစ္သည့္ ရဲမင္းဦး(ခ)ထိပ္ႀကီး ၊ ႏိုင္ရဲလင္း(ခ)မိုးဒီ၊ ခ်စ္ရေအာင္(ခ)ကုိသက္တို႔ျဖစ္ေၾကာင္း စုံစမ္းသိရွိရၿပီး ၎တို႔(၃)ဦးအား ဖမ္းဆီးရမိႏုိင္ေရးအတြက္ အဖြဲ႕ငယ္မ်ား ဖြဲ႕စည္း၍ ေစာင့္ၾကပ္ဖမ္းဆီးခ့ဲရာ ၁၇.၁.၂၀၁၉ ရက္ေန႕ ၂၂၃၀ အခ်ိန္ ႏိုင္ရဲလင္း(ခ)မိုးဒီ(၁၇)ႏွစ္အားလည္းေကာင္း၊၁၈.၁.၂၀၁၉ ရက္ေန႔ ၁၅၃၀ အခ်ိန္တြင္ ခ်စ္ရေအာင္(ခ)ကိုသက္(၁၄)ႏွစ္တို႔အား လည္းေကာင္း ဖမ္းဆီးရမိခ့ဲၿပီး ရဲမင္းဦး(ခ)ထိပ္ႀကီးမွာ ထြက္ေျပးတိမ္းေရွာင္ေနခ့ဲပါသည္။
ဖမ္းဆီးရမိေသာ ျပစ္မႈက်ဴးလြန္သူ (၂)ဦးထံမွ အမႈႏွင့္ပတ္သက္၍ 
သက္ေသခံပစၥည္းမ်ားရွာေဖြသိမ္းဆည္းခ့ဲၿပီး အမႈျဖင့္ အေရးယူႏိုင္ေရးေဆာင္ရြက္လ်က္ရွိကာ ထြက္ေျပးတိမ္းေရွာင္ေနေသာ ရဲမင္းဦး(ခ)
ထိပ္ႀကီးအား အျမန္ဆုံး ဖမ္းဆီး ရမိႏိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
Ref: Yangon Police

- အကုန္သိ သတင္းဌာန

Unicode version

ကားမှန်ကိုချိုးဖျက်ကာ အတွင်းရှိပစ္စည်းများကို ခိုးယူသူများအား ရဲတပ်ဖွဲ့မှ ဖမ်းဆီး
ရန်ကုန်၊ ဇန်နဝါရီ ၂၃
အမှုမှာ ၁၆.၁.၂၀၁၉ ရက်နေ့ ၀၉၁၀ အချိန် အလုံမြို့နယ်၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ ငုဝါလမ်းနေ တရားလို ဦး ------ သည် အစ်ကိုဖြစ်သူ ဦး ------ မှ အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် စားသောက်နေစဉ် ၎င်း၏ကား အတွင်းမှ ငွေကျပ် (၇၅) သိန်းပါ အနက်ရောင် လက်ကိုင်အိတ်(၁)လုံး၊ ဘဏ်စာအုပ် (၂) အုပ်၊ ဘဏ်ကဒ် (၁) ခု၊ Laptop ကွန်ပျူတာ (၁)လုံးအပါဝင် စုစုပေါင်းကာလတန်းဖိုးသိန်း (၈၀) ခန့်ကို ရေကာမှန်အား ချိုးဖျက်ဖွင့်လှစ်ကာ ခိုးယူသွားသဖြင့် အလုံမြို့မရဲစခန်း (ပ)၁၈/၂၀၁၉ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉ဖြင့် အရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ပါဆုံးပစ္စည်းများကို အသေးစိတ်မေးမြန်းရန် ပတ်ဝန်းကျင်းအား စုံစမ်းမေးမြန်းမှုပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ အနောက် ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးမှ အနီးကပ်ကြပ်မတ်ကွပ်ကဲ၍ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အလုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များ ပူးပေါင်း၍ အခင်းဖြစ်ပတ်ဝန်းကျင်းကို စုံစမ်းမေးမြန်းခြင်း၊ ရေကာမှန်အားချိုးဖယ်၍ ခိုးယူခံရသောကားကို အသေးစိတ် စစ်ဆေးခြင်းပြုလုပ်ခဲ့ပြီး အခင်းဖြစ်နေ့က မသင်္ကာဖွယ်လူ (၂) ဦးသည် ဆင်မင်းအိမ်ယာအရှေ့မှ အခင်းဖြစ်ကားရှိရာသို့ သွားရောက်ဖျက်ဆီးခိုးယူ၍ ဆင်မင်းအိမ်ယာဘက်သို့ လမ်းလျှောက်ပြန်လာခဲ့ပြီး အသင့်အစောင့်နေသော အမျိုးသားတစ်ဦးနှင့် အတူ ယာဉ်အမှတ် FF/------ အဖြူရောင် Probox အငှားယာဉ်ကို ငှားရမ်းစီးနင်းသွားပြီး ကြည့်မြင်တိုင်ဘက်သို့ မောင်းနှင် သွားကြောင်း စုံစမ်းသိရှိရသဖြင့် အဆိုယာဉ်ကို လိုက်လံစုံစမ်းခဲ့ရာ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်နေ ကို ----- မောင်းနှင်သော ယာဉ်ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး အဆိုပါယာဉ်မောင်းအားဆက်လက်မေးမြန်းရာ ပြစ်မှုကျူးလွန်သူ အမျိုးသား (၃) ဦးသည် ၁၆.၁.၂၀၁၉ ရက်နေ့ ၀၇၀၀ အချိန်တွင် ဆင်မင်းအိမ်ယာရှေ့မှ ကမာရွတ်မြို့နယ်၊ နာနတ်တော ဂုံးတံတားအောက် ဗဟိုလမ်းပေါ်သို့ (၃၀၀၀) ကျပ်ဖြင့် ငှားရမ်း၍ လိုက်ပေးခဲ့ကြောင်း သိရှိရပြီး ဆက်လက်စုံစမ်းရာ ၎င်းတို့(၃)ဦးသည် နာနတ်တော ဂုံးတံတားအောက် ဗဟိုလမ်းအတိုင်း ရထားသံလမ်းဘက်သို့ ဝင်ရောက်သွားပြီး ခဏအကြာ ဗဟိုလမ်းပေါ်သို့ ပြန်ထွက်လာကာ ယာဉ်အမှတ် DD/------- အဖြူရောင် Probox အငှားယာဉ်ဖြင့် လှိုင်မြို့နယ်ဘက်သို့ ထွက်သွားကြောင်း စုံစမ်း သိရှိရသဖြင့် အဆိုပါယာဉ်ထပ်မံစုံစမ်းခဲ့ရာ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ ကို ----- မောင်းနှင်သော ယာဉ်ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး အငှားယာဉ်မောင်းအား မေးမြန်းရာ ပြစ်မှုကျူးလွန်သူ (၃) ဦးသည်ယနေ့ ၀၈၀၀ အချိန် ဗဟိုလမ်းမှ လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်တံတား၊ တွံတေးဘက်အဆင်း ကြိုဆိုပါ၏ ဆိုင်ဘုတ်အနီးသို့ ငွေ(၆၅၀၀)ကျပ်ဖြင့် ငှားရမ်း၍ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း စစ်ဆေးသိရှိခဲ့ရကာ ၎င်းတို့ဆင်းသည့်နေရာ အနီးတဝိုက် စုံစမ်းမေးမြန်းရာ ပြစ်ကျူးလွန်သူများမှာ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်နေသူများဖြစ်သည့် ရဲမင်းဦး(ခ)ထိပ်ကြီး ၊ နိုင်ရဲလင်း(ခ)မိုးဒီ၊ ချစ်ရအောင်(ခ)ကိုသက်တို့ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ၎င်းတို့(၃)ဦးအား ဖမ်းဆီးရမိနိုင်ရေးအတွက် အဖွဲ့ငယ်များ ဖွဲ့စည်း၍ စောင့်ကြပ်ဖမ်းဆီးခဲ့ရာ ၁၇.၁.၂၀၁၉ ရက်နေ့ ၂၂၃၀ အချိန် နိုင်ရဲလင်း(ခ)မိုးဒီ(၁၇)နှစ်အားလည်းကောင်း၊၁၈.၁.၂၀၁၉ ရက်နေ့ ၁၅၃၀ အချိန်တွင် ချစ်ရအောင်(ခ)ကိုသက်(၁၄)နှစ်တို့အား လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ရဲမင်းဦး(ခ)ထိပ်ကြီးမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပါသည်။
ဖမ်းဆီးရမိသော ပြစ်မှုကျူးလွန်သူ (၂)ဦးထံမှ အမှုနှင့်ပတ်သက်၍ 
သက်သေခံပစ္စည်းများရှာဖွေသိမ်းဆည်းခဲ့ပြီး အမှုဖြင့် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကာ ထွက်ပြေးတိမ်းရှောင်နေသော ရဲမင်းဦး(ခ)
ထိပ်ကြီးအား အမြန်ဆုံး ဖမ်းဆီး ရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Ref: Yangon Police

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။