Skip to main content
သရုပ္ေဆာင္ကင္းေကာင္မွာ ခၽြဲၾကပ္သျဖင့္ေခ်ာင္းဟန္႔ရာမွ ရုတ္တရက္ ေသဆံုးသြားျခင္းျဖစ္ဟု ဆို
Ads Block

သရုပ္ေဆာင္ကင္းေကာင္မွာ ခၽြဲၾကပ္သျဖင့္ေခ်ာင္းဟန္႔ရာမွ ရုတ္တရက္ ေသဆံုးသြားျခင္းျဖစ္ဟု ဆို

ဟာသသရုပ္ေဆာင္ကင္းေကာင္သည္ ဖုန္းေျပာေနစဥ္သလိပ္ကပ္လာသျဖင့္ ေခ်ာင္းဟန္႔လိုက္ရာမွ ရုတ္တရက္ေသဆံုးသြားျခင္းျဖစ္ေၾကာင္း ပုပၸားၿမိဳ႕ေစတနာရွင္အခမဲ့နာေရးကူညီမႈအသင္းထံမွ သိရသည္။
၄င္းသည္ ဒါရိုက္တာေက်ာ္ဇာလင္း(အေတြးပံုရိပ္)ရိုက္ကူးမည့္ MRTV-4 ရုပ္သံဇာတ္လမ္းတြဲကို ပုပၸားၿမိဳ႕၌ သြားေရာက္ရိုက္ကူးေနစဥ္ ယေန႔(ဇန္န၀ါရီလ ၂၂ ရက္)၊ နံနက္ ၇ နာရီခန္႔တြင္ ၎တည္းခိုရာ ေနမင္းသားဟိုတယ္အခန္းအတြင္း၌ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။
ဟု ပုပၸားၿမိဳ႕ေစတနာရွင္အခမဲ့နာေရးကူညီမႈအသင္းထံမွ သိရသည္။“ဟိုတယ္အခန္းထဲမွာပဲ ေသဆံုးသြားတာပါ။ ရုိက္ကူးေရးမစေသးပါဘူး။ ဦးကင္းေကာင္မွာ သူ႔သားရယ္၊ သူ႔အမ်ိဳးသမီးလည္းပါလာတယ္ေလ။ အခင္းျဖစ္ပံုကေတာ့ဖုန္း၀င္လာတဲ့အတြက္ ဦးကင္းေကာင္က ဖုန္းေျပာေနရင္းသလိပ္ကပ္လာတဲ့အတြက္ ေခ်ာင္းဟန္႔လိုက္တယ္။အဲဒီအခ်ိန္မွာ သလိပ္ဟက္ၿပီးေတာ့ ဖုန္းလြတ္က်သြားတယ္တဲ့။ ၿပီးေတာ့ဖုန္းကိုေကာက္ေနရင္းလဲက်ၿပီးအသက္ပါသြားတာလို႔ သိရတယ္”
ေသဆံုးသူဦးမ်ိဳးျမင့္(ခ)ကင္းေကာင္၌ ခၽြဲၾကပ္တတ္သည့္လည္ေခ်ာင္းေရာဂါအခံလည္းရွိသည္ဟုသိရၿပီး MRTV-4 ရုပ္သံဇာတ္လမ္းတြဲကို ပုပၸားၿမိဳ႕၌ ၃ လၾကာခန္႔ရိုက္ကူးသြားမည့္အစီအစဥ္ျဖင့္ေရာက္ရွိေနျခင္း ျဖစ္သည္။
လက္ရွိတြင္ ေသဆံုးသူဦးမ်ိဳးျမင့္(ခ)ကင္းေကာင္၏ရုပ္အေလာင္းကို ယေန႔(ဇန္န၀ါရီလ ၂၂ ရက္)၊ နံနက္ ၁၀ နာရီခန္႔တြင္ ပုပၸားၿမိဳ႕မွ ရန္ကုန္ေဆးရံုႀကီးသို႔ သယ္ေဆာင္လာၿပီျဖစ္ေၾကာင္း ေစတနာရွင္အခမဲ့နာေရးကူညီမႈ အသင္းထံမွ သိရသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

 

Unicode version

သရုပ်ဆောင်ကင်းကောင်မှာ ချွဲကြပ်သဖြင့်ချောင်းဟန့်ရာမှ ရုတ်တရက် သေဆုံးသွားခြင်းဖြစ်ဟု ဆို

ဟာသသရုပ်ဆောင်ကင်းကောင်သည် ဖုန်းပြောနေစဉ်သလိပ်ကပ်လာသဖြင့် ချောင်းဟန့်လိုက်ရာမှ ရုတ်တရက်သေဆုံးသွားခြင်းဖြစ်ကြောင်း ပုပ္ပားမြို့စေတနာရှင်အခမဲ့နာရေးကူညီမှုအသင်းထံမှ သိရသည်။
၎င်းသည် ဒါရိုက်တာကျော်ဇာလင်း(အတွေးပုံရိပ်)ရိုက်ကူးမည့် MRTV-4 ရုပ်သံဇာတ်လမ်းတွဲကို ပုပ္ပားမြို့၌ သွားရောက်ရိုက်ကူးနေစဉ် ယနေ့(ဇန်နဝါရီလ ၂၂ ရက်)၊ နံနက် ၇ နာရီခန့်တွင် ၎င်းတည်းခိုရာ နေမင်းသားဟိုတယ်အခန်းအတွင်း၌ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
“ဟိုတယ်အခန်းထဲမှာပဲ သေဆုံးသွားတာပါ။ ရိုက်ကူးရေးမစသေးပါဘူး။ ဦးကင်းကောင်မှာ သူ့သားရယ်၊ သူ့အမျိုးသမီးလည်းပါလာတယ်လေ။ အခင်းဖြစ်ပုံကတော့ဖုန်းဝင်လာတဲ့အတွက် ဦးကင်းကောင်က ဖုန်းပြောနေရင်းသလိပ်ကပ်လာတဲ့အတွက် ချောင်းဟန့်လိုက်တယ်။အဲဒီအချိန်မှာ သလိပ်ဟက်ပြီးတော့ ဖုန်းလွတ်ကျသွားတယ်တဲ့။ ပြီးတော့ဖုန်းကိုကောက်နေရင်းလဲကျပြီးအသက်ပါသွားတာလို့ သိရတယ်” ဟု ပုပ္ပားမြို့စေတနာရှင်အခမဲ့နာရေးကူညီမှုအသင်းထံမှ သိရသည်။
သေဆုံးသူဦးမျိုးမြင့်(ခ)ကင်းကောင်၌ ချွဲကြပ်တတ်သည့်လည်ချောင်းရောဂါအခံလည်းရှိသည်ဟုသိရပြီး MRTV-4 ရုပ်သံဇာတ်လမ်းတွဲကို ပုပ္ပားမြို့၌ ၃ လကြာခန့်ရိုက်ကူးသွားမည့်အစီအစဉ်ဖြင့်ရောက်ရှိနေခြင်း ဖြစ်သည်။
လက်ရှိတွင် သေဆုံးသူဦးမျိုးမြင့်(ခ)ကင်းကောင်၏ရုပ်အလောင်းကို ယနေ့(ဇန်နဝါရီလ ၂၂ ရက်)၊ နံနက် ၁၀ နာရီခန့်တွင် ပုပ္ပားမြို့မှ ရန်ကုန်ဆေးရုံကြီးသို့ သယ်ဆောင်လာပြီဖြစ်ကြောင်း စေတနာရှင်အခမဲ့နာရေးကူညီမှု အသင်းထံမှ သိရသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။