Skip to main content
ထုိင္းမွာ အရက္ေသာက္ရင္း အခ်င္းမ်ားၾကရာမွ ျမန္မာအခ်င္းခ်င္း သတ္ျဖတ္မႈျဖစ္ပြား 
Ads Block

ထုိင္းမွာ အရက္ေသာက္ရင္း အခ်င္းမ်ားၾကရာမွ ျမန္မာအခ်င္းခ်င္း သတ္ျဖတ္မႈျဖစ္ပြား 

ထုိင္းႏုိင္ငံ ပတၱယားၿမိဳ႕မွာ တနလၤာေန ့က (ဇန္န၀ါရီ ၂၁) အရက္ေသာက္စားၾကရင္း အခ်င္းမ်ားၾကရာမွ ျမန္မာလုပ္သားတစ္ဦး အသတ္ခံခဲ့ရကာ ေသဆုံးသူရဲ ့ ျမန္မာႏုိင္ငံသား အေပါင္းအေဖာ္ ၃ ဦးကုိ ရဲက ဖမ္းဆီးထားေၾကာင္း သိရပါတယ္။ 
 ေခ်ာင္ဘူရီျပည္နယ္ ဘန္လေမာင္ခရုိင္ရွိ ငွားရမ္းေနထုိင္ၾကရာ အိမ္တစ္လုံးမွာ လူသတ္မႈျဖစ္ပြားခဲ့ေၾကာင္း ရဲထံ ည ၉ နာရီေလာက္မွာ သတင္းေပးတုိင္ၾကားခဲ့တယ္လုိ ့ ဆုိပါတယ္။ အခင္းျဖစ္ေနရာကုိ ရဲေတြ ေရာက္ခ်ိန္မွာ အသက္ ၄၃ ႏွစ္အရြယ္ ဒူဂါပယာဆက္ ဆုိသူကုိ ဦးေခါင္း ဒဏ္ရာမ်ားစြာနဲ ့ လဲက်ေသဆုံးေနတာ ေတြ ့ခဲ့ၾကပါတယ္။ အေလာင္း အနီးမွာ ၀ီစကီပုလင္း ႏွစ္လုံးကုိလည္း ေတြ ့ခဲ့တယ္လုိ ့ ဆုိပါတယ္။ 
မ်က္ျမင္ေတြ ့သူေတြက ရဲကုိ ေျပာျပခဲ့ရာမွာ ေသဆုံးသူအမ်ဳိးသားဟာ အျခား ျမန္မာ အေပါင္းအေဖာ္ ၃ ဦးနဲ ့အတူ အရက္ေသာက္စားေနၾကေၾကာင္း ယင္းေနာက္ ေအာ္ႀကီး ဟစ္က်ယ္ အခ်င္းမ်ားရန္ျဖစ္သံေတြ ၾကားရၿပီးေနာက္ ၄င္းတုိ ့ေတြ ထြက္ေျပးသြားခဲ့ေၾကာင္း ဆုိခဲ့ပါတယ္။ ရဲတပ္ဖြဲ ့ဟာ ေနာက္ပုိင္းမွာ ျမန္မာ အမ်ဳိးသားႏွစ္ဦးနဲ ့ အမ်ဳိးသမီး တစ္ဦးတုိ ့ကုိ ဖမ္းဆီးႏုိင္ခဲ့ၿပီး ၄င္းတုိ ့ကုိ ပတၱယားရဲစခန္းမွာ စစ္ေဆးေမးျမန္းမႈေတြ လုပ္ေနတယ္လုိ ့ သိရပါတယ္။ 
သတ္ျဖတ္မႈ ျဖစ္ခဲ့ျခင္းနဲ ့ပတ္သက္လုိ ့ ၄င္းတုိ ့သုံးဦးဟာ တစ္ေယာက္ကုိ တစ္ေယာက္ အျပစ္ပုံခ်ေနၾကတယ္လုိ ့လည္း ရဲက ေျပာခဲ့ပါတယ္။ 
Ref: The Nation

- ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

ထိုင်းမှာ အရက်သောက်ရင်း အချင်းများကြရာမှ မြန်မာအချင်းချင်း သတ်ဖြတ်မှုဖြစ်ပွား 
ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ တနင်္လာနေ့က (ဇန်နဝါရီ ၂၁) အရက်သောက်စားကြရင်း အချင်းများကြရာမှ မြန်မာလုပ်သားတစ်ဦး အသတ်ခံခဲ့ရကာ သေဆုံးသူရဲ့ မြန်မာနိုင်ငံသား အပေါင်းအဖော် ၃ ဦးကို ရဲက ဖမ်းဆီးထားကြောင်း သိရပါတယ်။ 
 ချောင်ဘူရီပြည်နယ် ဘန်လမောင်ခရိုင်ရှိ ငှားရမ်းနေထိုင်ကြရာ အိမ်တစ်လုံးမှာ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲထံ ည ၉ နာရီလောက်မှာ သတင်းပေးတိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်နေရာကို ရဲတွေ ရောက်ချိန်မှာ အသက် ၄၃ နှစ်အရွယ် ဒူဂါပယာဆက် ဆိုသူကို ဦးခေါင်း ဒဏ်ရာများစွာနဲ့ လဲကျသေဆုံးနေတာ တွေ့ခဲ့ကြပါတယ်။ အလောင်း အနီးမှာ ဝီစကီပုလင်း နှစ်လုံးကိုလည်း တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ 
မျက်မြင်တွေ့သူတွေက ရဲကို ပြောပြခဲ့ရာမှာ သေဆုံးသူအမျိုးသားဟာ အခြား မြန်မာ အပေါင်းအဖော် ၃ ဦးနဲ့အတူ အရက်သောက်စားနေကြကြောင်း ယင်းနောက် အော်ကြီး ဟစ်ကျယ် အချင်းများရန်ဖြစ်သံတွေ ကြားရပြီးနောက် ၎င်းတို့တွေ ထွက်ပြေးသွားခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ နောက်ပိုင်းမှာ မြန်မာ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ကို ပတ္တယားရဲစခန်းမှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ 
သတ်ဖြတ်မှု ဖြစ်ခဲ့ခြင်းနဲ့ပတ်သက်လို့ ၎င်းတို့သုံးဦးဟာ တစ်ယောက်ကို တစ်ယောက် အပြစ်ပုံချနေကြတယ်လို့လည်း ရဲက ပြောခဲ့ပါတယ်။ 
Ref: The Nation
- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။