Skip to main content
ကင္းေကာင္
Ads Block

သရဲေလးေကာင္ အဖြဲ႕သားေတြ ေၾကကြဲရသလို အႏုပညာေလာကသားေတြ ၀မ္းနည္းေၾကကြဲေနရတဲ့ ကင္းေကာင္ရဲ႕ေနာက္ဆံုးခရီး 

ရုပ္ရွင္ႏွင့္ ဗီဒီယို သရုပ္ေဆာင္ လူရႊင္ေတာ္ ကင္းေကာင္က ယေန ့နံနက္ ၇ နာရီခန္႔မွာ ဒါရုိက္တာ ေက်ာ္ေဇာလင္းရုိက္ကူးမယ့္ ဇာတ္လမ္းတြဲတစ္ခုအတြက္ ပုပၸါးကိုေရာက္ရွိေနခိုက္ ခြ်ဲၾကပ္ၿပီး ေသဆုံးခဲ့တာပါ။

ဇာတ္လမ္းတြဲရုိက္ကူးဖို႕ မိသားစုတစ္စုလံုး ပုပၸါးကိုလိုက္ပါသြားခဲ့ခ်ိန္မွာ ရုတ္တရက္ကြယ္လြန္သြားခဲ့တဲ့အတြက္ အႏုပညာေလာကမွ ညီအစ္ကိုေမာင္ႏွမမ်ားကလည္း လြန္စြာစိတ္မေကာင္းျဖစ္ေနၾကပါတယ္။ ဟာသသရုပ္ေဆာင္ ကင္းေကာင္နဲ႕လက္တြဲခဲ့သူေတြျဖစ္တဲ့ အရုိင္း၊ဖိုးျဖဴ၊ဌက္ေပ်ာေၾကာ္၊ ဇာဂနာတို ့ကလည္း ၀မ္းနည္း စိတ္မေကာင္းျခင္းမ်ားစြာအျပင္ အမွတ္တရ ပံုရိပ္မ်ား စာမ်ားကိုလည္း ေဖ့စ္ဘုတ္လူမႈကြန္ယက္မွာ တင္လာတာကိုေတြ႕ရပါတယ္။ တကၠသိုလ္ ေက်ာင္းသားဘဝ အၿငိမ့္ကေတာ့ လူျပက္နာမည္ အရွည္ႀကီးကေန ကင္းေကာင္ရယ္လို႕ လူရႊင္ေတာ္တစ္ဦးျဖစ္သူ ဇာဂနာကိုယ္တိုင္ေျပာင္းေပးခဲ့တာလို႕သိရပါတယ္။ “ သူ႔နာမည္ အရင္းက မ်ိဳးျမင့္၊ကြ်န္ေတာ္နဲ႔ေတြ႕ေတာ့ ကင္းေကာင္ လို႔နာမယ္ ေျပာင္းေပးလိုက္တယ္။ လူေကာင္က ထြားတာကိုး ” လုိ ့ဆိုၿပီး ဇာဂနာက သူ ့ေဖ့ဘုတ္စာမ်က္ႏွာကေန ကင္းေကာင္ရယ္လို႕ စတင္ျဖစ္တည္လာပံုကိုေရးသားလာပါတယ္။ ၁၉၈၅ ခုႏွစ္ကေန ျမပုဏၰမာအၿငိမ့္ နဲ႕ စတင္ကျပေဖ်ာ္ေျဖခဲ့တဲ့ လူရႊင္ေတာ္ကင္းေကာင္ ကေတာ့ အႏုပညာေလာကထဲမွာ သရဲေလးေကာင္ရယ္လို႕ သူ႔ရဲ႕ ရဲေဘာ္ရဲဘက္ေတြျဖစ္တဲ့ အရုိင္း၊ဖိုးျဖဴ၊ဌက္ေပ်ာ္ေၾကာ္တို႕နဲ႕ အႏုပညာေလာကထဲမွာ အခိုင္အမာရပ္တည္လာခဲ့တာပါ။ ဟာသ လူရႊင္ေတာ္ ကင္းေကာင္ရဲ႕ ေနာက္ဆံုး ထြက္သက္ အခန္းေလးမွာ သက္ေပ်ာက္ ဆြမ္းကပ္တရားကို မိသားစု၀င္မ်ားနဲ႕ ရွဳတင္အဖြဲ႕သားမ်ားက လွဴဒါန္းေပးခဲ့ၾကတယ္လို႕လည္း ၾကာစိ က သူ ့ေဖ့ဘုတ္စာမ်က္ႏွာ မွာ ေရးသားခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္က စၿပီး က်န္းမာေရး မေကာင္းျဖစ္ခဲ့တာ အစာျပြန္ပိတ္ဆို႔လို႔ ခြဲစိတ္ကုသမႈခံယူခဲ့ရေပမယ့္ အႏုပညာကိုမစြန့္လႊတ္ႏုိင္လို႕ ဇာတ္ကားရုိက္ကူးရင္းနဲ႔ပဲ ကြယ္လြန္ခဲ့တာပါ။

ပုပၸါးမွာ ကြယ္လြန္ခဲ့တဲ့အတြက္ ယခုသူ ့ရဲ႕ရုပ္အေလာင္းကို ရန္ကုန္ကိုျပန္လည္သယ္ယူဖို႕ စီစဥ္ေနၿပီး သရဲေလးေကာင္အဖြဲ႕၀င္မ်ားကလည္း ယခုရုပ္အေလာင္းသယ္ေဆာင္ဖို႕ ရန္ကုန္ကေန ထြက္ခြာသြားၿပီလို႕သိရပါတယ္။

Unicode Version 

ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် လူရွှင်တော် ကင်းကောင်က ယနေ့နံနက် ၇ နာရီခန့်မှာ ဒါရိုက်တာ ကျော်ဇောလင်းရိုက်ကူးမယ့် ဇာတ်လမ်းတွဲတစ်ခုအတွက် ပုပ္ပါးကိုရောက်ရှိနေခိုက် ချွဲကြပ်ပြီး သေဆုံးခဲ့တာပါ။
ဇာတ်လမ်းတွဲရိုက်ကူးဖို့ မိသားစုတစ်စုလုံး ပုပ္ပါးကိုလိုက်ပါသွားခဲ့ချိန်မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့အတွက် အနုပညာလောကမှ ညီအစ်ကိုမောင်နှမများကလည်း လွန်စွာစိတ်မကောင်းဖြစ်နေကြပါတယ်။
ဟာသသရုပ်ဆောင် ကင်းကောင်နဲ့လက်တွဲခဲ့သူတွေဖြစ်တဲ့ အရိုင်း၊ဖိုးဖြူ၊ဌက်ပျောကြော်၊ ဇာဂနာတို့ကလည်း ဝမ်းနည်း စိတ်မကောင်းခြင်းများစွာအပြင် အမှတ်တရ ပုံရိပ်များ စာများကိုလည်း ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ တင်လာတာကိုတွေ့ရပါတယ်။
တက္ကသိုလ် ကျောင်းသားဘဝ အငြိမ့်ကတော့ လူပြက်နာမည် အရှည်ကြီးကနေ ကင်းကောင်ရယ်လို့ လူရွှင်တော်တစ်ဦးဖြစ်သူ ဇာဂနာကိုယ်တိုင်ပြောင်းပေးခဲ့တာလို့သိရပါတယ်။
“သူ့နာမည် အရင်းက မျိုးမြင့်၊ကျွန်တော်နဲ့တွေ့တော့ ကင်းကောင် လို့နာမယ် ပြောင်းပေးလိုက်တယ်။ လူကောင်က ထွားတာကိုး”ဆိုပြီး ဇာဂနာက သူ့ဖေ့ဘုတ်စာမျက်နှာကနေ ကင်းကောင်ရယ်လို့ စတင်ဖြစ်တည်လာပုံကိုရေးသားလာပါတယ်။
၁၉၈၅ ခုနှစ်ကနေ မြပုဏ္ဏမာအငြိမ့် နဲ့ စတင်ကပြဖျော်ဖြေခဲ့တဲ့ လူရွှင်တော်ကင်းကောင် ကတော့ အနုပညာလောကထဲမှာ သရဲလေးကောင်ရယ်လို့ သူ့ရဲ့ ရဲဘော်ရဲဘက်တွေဖြစ်တဲ့ အရိုင်း၊ဖိုးဖြူ၊ဌက်ပျော်ကြော်တို့နဲ့ အနုပညာလောကထဲမှာ အခိုင်အမာရပ်တည်လာခဲ့တာပါ။
ဟာသ လူရွှင်တော် ကင်းကောင်ရဲ့ နောက်ဆုံး ထွက်သက် အခန်းလေးမှာ သက်ပျောက် ဆွမ်းကပ်တရားကို မိသားစုဝင်များနဲ့ ရှုတင်အဖွဲ့သားများက လှူဒါန်းပေးခဲ့ကြတယ်လို့လည်း ကြာစိ က သူ့ဖေ့ဘုတ်စာမျက်နှာ မှာ ရေးသားခဲ့ပါတယ်။
၂၀၁၆ ခုနှစ်က စပြီး ကျန်းမာရေး မကောင်းဖြစ်ခဲ့တာ အစာပြွန်ပိတ်ဆို့လို့ ခွဲစိတ်ကုသမှုခံယူခဲ့ရပေမယ့် အနုပညာကိုမစွန့်လွှတ်နိုင်လို့ ဇာတ်ကားရိုက်ကူးရင်းနဲ့ပဲ ကွယ်လွန်ခဲ့တာပါ။ ပုပါ္ပးမှာ ကွယ်လွန်ခဲ့တဲ့အတွက် ယခုသူ့ရဲ့ရုပ်အလောင်းကို ရန်ကုန်ကိုပြန်လည်သယ်ယူဖို့ စီစဉ်နေပြီး သရဲလေးကောင်အဖွဲ့ဝင်များကလည်း ယခုရုပ်အလောင်းသယ်ဆောင်ဖို့ ရန်ကုန်ကနေ ထွက်ခွာသွားပြီလို့သိရပါတယ်။

   -  ႏြယ္ဏီ(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။