Skip to main content
ေမာင္ေမာ့စ္ကို သတိရလို႔ အၿငိမ့္ေတြ လာငွားရင္မရုိက္ေတာ့ဘူးလို႔ ဦးမိုးဒီ ေျပာ
Ads Block

ေမာင္ေမာ့စ္ကို သတိရလို႔ အၿငိမ့္ေတြ လာငွားရင္ မရုိက္ေတာ့ဘူးလို႔ ဦးမိုးဒီ ေျပာ

လူရႊင္ေတာ္ႀကီး ဦးမိုးဒီက ျပက္လံုးထုတ္ရာမွာ အတိုင္အေဖာက္ညီခဲ့တဲ့ ဦးေမာ့(စ္)ကို အရမ္းသတိရတယ္လို႔ ေျပာလိုက္ၿပီး အခုေနာက္ပိုင္း အၿငိမ့္ပြဲေတြ လာငွားရင္ ဦးေမာ့(စ္) လို တြဲလို႕ေကာင္းမယ့္ လူရႊင္ေတာ္မ်ဳိးမရွိေတာ့တာေၾကာင့္ လက္မခံျဖစ္ေတာ့ဘူးလို႔ အကုန္သိသတင္းဌာနကို ေျပာလိုက္ပါတယ္။

ေမာင္ေမာ့စ္ကို သတိရလို႔ အၿငိမ့္ေတြ လာငွားရင္မရုိက္ေတာ့ဘူးလို႔ ဦးမိုးဒီ ေျပာ

“ေမာင္ေမာ့(စ္)ကို အရမ္းသတိရတာပဲ။ အရမ္းသတိရလို႔ အခုအၿငိမ့္ရိုက္ခ်င္လို႔ ေတာ္ေတာ္မ်ားမ်ား လာေျပာတာေတာင္ မရိုက္ေတာ့ဘူး။ ေမာင္ေမာ့(စ္)ကို သတိရလို႔ မရိုက္တာ။ ကၽြန္ေတာ္နဲ႔ သူက ပါးစပ္ဟလိုက္တာနဲ႔ သူဘာလုပ္မယ္ ကုိယ္ဘာလုပ္မယ္ အရမ္းသိတာ။ တစ္ေယာက္နဲ႔တစ္ေယာက္ကလည္း ၾကက္ေခါင္းစိတ္မခံ၊ ဒီလိုလုပ္ခဲ႔တာဆိုေတာ့ အရမ္းအရသာရွိတယ္။ အလုပ္လုပ္ ရတာေကာင္းတယ္။ အဲဒီလိုဘက္မရေတာ့ အခုထိမလုပ္ျဖစ္ဘူး။ အၿငိမ့္ကို မရိုက္ျဖစ္ဘူး”လို႕ ဦးမိုးဒီက အကုန္သိသတင္းဌာနကို ရင္ဖြင့္ပါတယ္။
ဒါေပမဲ့ သူ စိတ္တိုင္းက်တဲ့ လူရႊင္ေတာ္မ်ဳိး ေတြ႕ရင္ေတာ့ အၿငိမ့္ရုိက္ခ်င္ေသးတယ္လို႔ ေျပာပါတယ္။ 
ဟာသသရုပ္ေဆာင္ ေမာ့(စ္)ဟာ အရက္အရမ္းေသာက္မ်ား၍ ေသသြားခဲ့တာျဖစ္ၿပီး ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ အရင္းႀကီး ျဖစ္တဲ့အတြက္ မေသာက္ဖို႕တားခဲ့ေပမယ့္ အရက္က သာ ႏိုင္သြားတယ္လို႔လည္း ဦးမိုးဒီက စိတ္မေကာင္းစြာ ေျပာၾကားခဲ့ပါတယ္။ 

 - သိမ့္ေအးခ်မ္း (အကုန္သိသတင္းဌာန)

Unicode version

မောင်မော့စ်ကို သတိရလို့ အငြိမ့်တွေ လာငှားရင်မရိုက်တော့ဘူးလို့ ဦးမိုးဒီ ပြော

လူရွှင်တော်ကြီး ဦးမိုးဒီက ပြက်လုံးထုတ်ရာမှာ အတိုင်အဖောက်ညီခဲ့တဲ့ ဦးမော့(စ်)ကို အရမ်းသတိရတယ်လို့ ပြောလိုက်ပြီး အခုနောက်ပိုင်း အငြိမ့်ပွဲတွေ လာငှားရင် ဦးမော့(စ်) လို တွဲလို့ကောင်းမယ့် လူရွှင်တော်မျိုးမရှိတော့တာကြောင့် လက်မခံဖြစ်တော့ဘူးလို့ အကုန်သိသတင်းဌာနကို ပြောလိုက်ပါတယ်။
“မောင်မော့(စ်)ကို အရမ်းသတိရတာပဲ။ အရမ်းသတိရလို့ အခုအငြိမ့်ရိုက်ချင်လို့ တော်တော်များများ လာပြောတာတောင် မရိုက်တော့ဘူး။ မောင်မော့(စ်)ကို သတိရလို့ မရိုက်တာ။ ကျွန်တော်နဲ့ သူက ပါးစပ်ဟလိုက်တာနဲ့ သူဘာလုပ်မယ် ကိုယ်ဘာလုပ်မယ် အရမ်းသိတာ။ တစ်ယောက်နဲ့တစ်ယောက်ကလည်း ကြက်ခေါင်းစိတ်မခံ၊ ဒီလိုလုပ်ခဲ့တာဆိုတော့ အရမ်းအရသာရှိတယ်။ အလုပ်လုပ် ရတာကောင်းတယ်။ အဲဒီလိုဘက်မရတော့ အခုထိမလုပ်ဖြစ်ဘူး။ အငြိမ့်ကို မရိုက်ဖြစ်ဘူး”လို့ ဦးမိုးဒီက အကုန်သိသတင်းဌာနကို ရင်ဖွင့်ပါတယ်။
ဒါပေမဲ့ သူ စိတ်တိုင်းကျတဲ့ လူရွှင်တော်မျိုး တွေ့ရင်တော့ အငြိမ့်ရိုက်ချင်သေးတယ်လို့ ပြောပါတယ်။ 
ဟာသသရုပ်ဆောင် မော့(စ်)ဟာ အရက်အရမ်းသောက်များ၍ သေသွားခဲ့တာဖြစ်ပြီး ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် အရင်းကြီး ဖြစ်တဲ့အတွက် မသောက်ဖို့တားခဲ့ပေမယ့် အရက်က သာ နိုင်သွားတယ်လို့လည်း ဦးမိုးဒီက စိတ်မကောင်းစွာ ပြောကြားခဲ့ပါတယ်။ 

 - သိမ့်အေးချမ်း (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။