Skip to main content
G Fatt ရဲ႕ Personal ဖက္ရွင္ ဒီဇိုင္နာက သူပါလို႔ ထုတ္ေျပာလိုက္တဲ့ နန္းဆုရတီစိုး
Ads Block

G Fatt ရဲ႕ Personal ဖက္ရွင္ ဒီဇိုင္နာက သူပါလို႔ ထုတ္ေျပာလိုက္တဲ့ နန္းဆုရတီစိုး

G Fatt နဲ႔ နန္းဆုရတီစိုးတုိ႔ ခ်စ္သူျဖစ္ၿပီးေနာက္ G Fatt ရဲ႕ ဒီဇိုင္းကာလာအေနအထား သိသိသာသာေျပာင္းလဲလာခဲ့တာဟာ Personal ဒီဇုိင္နာ ရွိေနလို႔ပါဆိုၿပီး နန္းဆုရတီစိုးက အကုန္သိသတင္းဌာနကို ေျပာလိုက္ပါတယ္။
သူတို႔ႏွစ္ဦးဟာ အသက္အရြယ္ ကြာဟမႈ ရွိေနေပမဲ့ တစ္ဦးကိုတစ္ဦး နားလည္မႈအျပည့္ရွိၿပီး သီခ်င္းေတြကို အတူတူဖန္တီးေနၾကတာပဲ ျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာ G Fatt ဟာ ပဲေတြပိုမ်ားလာတယ္လို႔လည္း နန္းဆုရတီစိုးက ေျပာပါတယ္။

G Fatt ရဲ႕ Personal ဖက္ရွင္ ဒီဇိုင္နာက သူပါလို႔ ထုတ္ေျပာလိုက္တဲ့ နန္းဆုရတီစိုး

“ သူက ပဲမ်ားခ်င္တဲ့ အခံရွိေတာ့ ေဘးကေန နည္းနည္းေျမွာက္ေပး လိုက္တာနဲ႔ ပဲေတြမ်ားေတာ့တာေပါ့ေနာ္။ သူ႔ထက္စာရင္ ကိုယ္က ဖက္ရွင္နဲ႔ ပတ္သက္ၿပီး ပိုေလ့လာျဖစ္တယ္။ သူ႔ထက္ပိုနားလည္တာေပါ့။ သူဝတ္တဲ့ ဖက္ရွင္ေလးေတြကို ၾကည့္ၿပီး ပြဲနဲ႔ နည္းနည္းလိုက္ဖက္မယ့္ ပံုစံေလးေတြဆိုရင္ အၾကံဥာဏ္ေလးေပးျဖစ္တယ္။ အဝတ္အစားသြားဝယ္ရင္လည္း လိုက္သြားေပးျဖစ္တယ္။ ေရြးေပးျဖစ္တယ္ေပါ။့ အဲဒီေလာက္ပါပဲ။ အဓိက Personal ဖက္ရွင္ဒီဇိုင္နာကေတာ့ ကိုယ္ပဲေပ့ါေနာ္။ အၿမဲတမ္းေတာ့ မဟုတ္ပါဘူး တစ္ခါတေလပါ” ဆိုၿပီး နန္းဆုရတီစိုးက အကုန္သိသတင္းဌာနနဲ႔ ေတြ႕ဆံုခိုက္မွာ ေျပာၾကားသြားခဲ့ပါတယ္။

 - ခေရဖူး(အကုန္သိသတင္းဌာန)

Unicode version

G Fatt ရဲ့ Personal ဖက်ရှင် ဒီဇိုင်နာက သူပါလို့ ထုတ်ပြောလိုက်တဲ့ နန်းဆုရတီစိုး

G Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူဖြစ်ပြီးနောက် G Fatt ရဲ့ ဒီဇိုင်းကာလာအနေအထား သိသိသာသာပြောင်းလဲလာခဲ့တာဟာ Personal ဒီဇိုင်နာ ရှိနေလို့ပါဆိုပြီး နန်းဆုရတီစိုးက အကုန်သိသတင်းဌာနကို ပြောလိုက်ပါတယ်။
သူတို့နှစ်ဦးဟာ အသက်အရွယ် ကွာဟမှု ရှိနေပေမဲ့ တစ်ဦးကိုတစ်ဦး နားလည်မှုအပြည့်ရှိပြီး သီချင်းတွေကို အတူတူဖန်တီးနေကြတာပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ G Fatt ဟာ ပဲတွေပိုများလာတယ်လို့လည်း နန်းဆုရတီစိုးက ပြောပါတယ်။
“ သူက ပဲများချင်တဲ့ အခံရှိတော့ ဘေးကနေ နည်းနည်းမြှောက်ပေး လိုက်တာနဲ့ ပဲတွေများတော့တာပေါ့နော်။ သူ့ထက်စာရင် ကိုယ်က ဖက်ရှင်နဲ့ ပတ်သက်ပြီး ပိုလေ့လာဖြစ်တယ်။ သူ့ထက်ပိုနားလည်တာပေါ့။ သူဝတ်တဲ့ ဖက်ရှင်လေးတွေကို ကြည့်ပြီး ပွဲနဲ့ နည်းနည်းလိုက်ဖက်မယ့် ပုံစံလေးတွေဆိုရင် အကြံဉာဏ်လေးပေးဖြစ်တယ်။ အဝတ်အစားသွားဝယ်ရင်လည်း လိုက်သွားပေးဖြစ်တယ်။ ရွေးပေးဖြစ်တယ်ပေါ။့ အဲဒီလောက်ပါပဲ။ အဓိက Personal ဖက်ရှင်ဒီဇိုင်နာကတော့ ကိုယ်ပဲပေ့ါနော်။ အမြဲတမ်းတော့ မဟုတ်ပါဘူး တစ်ခါတလေပါ” ဆိုပြီး နန်းဆုရတီစိုးက အကုန်သိသတင်းဌာနနဲ့ တွေ့ဆုံခိုက်မှာ ပြောကြားသွားခဲ့ပါတယ်။

 - ခရေဖူး(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။