Skip to main content
ပြဲငွားသူေတြရဲ႕ စိတ္ႀကိဳက္ ၀တ္ေပးရတာပါဆိုတဲ့ သင္ဇာ၀င့္ေက်ာ္
Ads Block

ပြဲငွားသူေတြရဲ႕ စိတ္ႀကိဳက္ ၀တ္ေပးရတာပါဆိုတဲ့ သင္ဇာ၀င့္ေက်ာ္

အႏုပညာရွင္ေတြ ဘယ္လိုပင္ ၀တ္စားဆင္ယင္မႈ ဆန္းျပားေနပါေစ ဘယ္ေနရာမွာ ဘယ္လိုအ၀တ္အစား၀တ္ရမယ္ဆိုတာ စဥ္းစားဥာဏ္ရွိသူတိုင္း သိတယ္လို႔ သရုပ္ေဆာင္ သင္ဇာ၀င့္ေက်ာ္က ေျပာလိုက္ၿပီး အခုလို ၀တ္ရတာကလည္း ပြဲငွားေတြရဲ႕ စိတ္ႀကိဳက္ျဖစ္ေအာင္ပါဆိုၿပီး အကုန္သိသတင္းဌာနကို ေျပာလိုက္ပါတယ္။
သူမဟာ ဖက္ရွင္ပိုင္းနဲ႔ ပတ္သက္ၿပီး ခဏခဏ ေ၀ဖန္ခံေနရသလို မထင္မွတ္တဲ့အခ်ိန္မွာ Sexy ဆန္ဆန္ အ၀တ္အစားေတြ ၀တ္ဆင္တတ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ ေစာင့္ၾကည့္ျခင္း ခံေနရသူလည္း ျဖစ္ပါတယ္။ 

ပြဲငွားသူေတြရဲ႕ စိတ္ႀကိဳက္ ၀တ္ေပးရတာပါဆိုတဲ့ သင္ဇာ၀င့္ေက်ာ္

သူမ ၀တ္သလိုသာ ျမန္မာအမ်ဳိးသမီးေတြ လိုက္၀တ္ေနရင္ မိဘေတြရဲ႕ ဆူပူႀကိမ္းေမာင္း ခံရႏိုင္တယ္လို႔လည္း ဆိုပါတယ္။
“ႀကိဳက္သလိုေျပာၾကပါ။ ကိုယ္လည္းအလုပ္ျဖစ္တယ္။ ကိုယ့္ကို ငွားတဲ့သူေတြလည္း အလုပ္ျဖစ္တယ္ဆိုရင္ ဘာပဲျဖစ္ျဖစ္ ေက်နပ္ပါတယ္။ လူတုိင္းက ဦးေႏွာက္ရိွတယ္။ စဥ္စားဆင္ျခင္တတ္တယ္။ ဒီေနရာမွာ ဒါမ်ိဳး၀တ္ရမယ္ဆိုတာ အားလံုးက သိၾကမွာပဲေလ"

ပြဲငွားသူေတြရဲ႕ စိတ္ႀကိဳက္ ၀တ္ေပးရတာပါဆိုတဲ့ သင္ဇာ၀င့္ေက်ာ္

"ကိုယ္က ဒီဒါမ်ိဳး၀တ္လို႔ ေနရာတကာ ဒီလုိမ်ိဳး၀တ္ၾကမယ္ဆိုရင္ သူတုိ႕အေဖ၊အေမေတြက ေျပာၾကမွာပဲေလ။ ကိုယ့္ကုိ sexy ငွားလုိ႔ ကိုယ္အလုပ္ျဖစ္လုိ႔ ကုိယ္က ဒီလုိပံုစံမ်ိဳးေတြ ၀တ္ၿပီးတက္တာ။ အဲဒါကုိ သူမ်ားေတြက သင္ဇာ၀င့္ေက်ာ္လို ၀တ္ၿပီး ေနရာတကာ ေလွ်ာက္သြားေနမယ္ဆိုိရင္ အဲဒါက ၀တ္တဲ့သူနဲ႔ပဲ ဆိုင္မယ္” သင္ဇာ၀င့္ေက်ာ္က အကုန္သိသတင္းဌာနကို ေျပာပါတယ္။

ပြဲငွားသူေတြရဲ႕ စိတ္ႀကိဳက္ ၀တ္ေပးရတာပါဆိုတဲ့ သင္ဇာ၀င့္ေက်ာ္

၂၀၁၈ ခုႏွစ္ မကုန္ခင္အထိ အ၀တ္အစားပိုင္းနဲ႔ ပတ္သက္ၿပီး သည္းခံေပးလို႔ ေျပာဆိုခဲ့တာနဲ႔ အညီ သူမဟာ ၂၀၁၉ ခုႏွစ္ထဲမွာ အရင္ထက္ ထိန္းသိမ္းၿပီး ၀တ္ျဖစ္လာတယ္လို႔လည္း ဆိုပါတယ္။ သင္ဇာ၀င့္ေက်ာ္ဟာ ယခုေနာက္ပိုင္းမွာ ပြဲဖိတ္ၾကားမႈေတြ မ်ားလာတဲ့အတြက္ ပြဲေတြပိုတက္ျဖစ္ေနၿပီး ေဖေဖာ္၀ါရီလထဲမွာ ဇာတ္ကားႀကီးတစ္ကားရုိက္ဖို႔ ရွိတယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

 - မ်ဳိးေကခိုင္(အကုန္သိသတင္းဌာန)

Unicode version

ပွဲငှားသူတွေရဲ့ စိတ်ကြိုက် ဝတ်ပေးရတာပါဆိုတဲ့ သင်ဇာဝင့်ကျော်

အနုပညာရှင်တွေ ဘယ်လိုပင် ဝတ်စားဆင်ယင်မှု ဆန်းပြားနေပါစေ ဘယ်နေရာမှာ ဘယ်လိုအဝတ်အစားဝတ်ရမယ်ဆိုတာ စဉ်းစားဉာဏ်ရှိသူတိုင်း သိတယ်လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က ပြောလိုက်ပြီး အခုလို ဝတ်ရတာကလည်း ပွဲငှားတွေရဲ့ စိတ်ကြိုက်ဖြစ်အောင်ပါဆိုပြီး အကုန်သိသတင်းဌာနကို ပြောလိုက်ပါတယ်။
သူမဟာ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး ခဏခဏ ဝေဖန်ခံနေရသလို မထင်မှတ်တဲ့အချိန်မှာ Sexy ဆန်ဆန် အဝတ်အစားတွေ ဝတ်ဆင်တတ်တာကြောင့် ပရိသတ်တွေရဲ့ စောင့်ကြည့်ခြင်း ခံနေရသူလည်း ဖြစ်ပါတယ်။ 
သူမ ဝတ်သလိုသာ မြန်မာအမျိုးသမီးတွေ လိုက်ဝတ်နေရင် မိဘတွေရဲ့ ဆူပူကြိမ်းမောင်း ခံရနိုင်တယ်လို့လည်း ဆိုပါတယ်။
“ကြိုက်သလိုပြောကြပါ။ ကိုယ်လည်းအလုပ်ဖြစ်တယ်။ ကိုယ့်ကို ငှားတဲ့သူတွေလည်း အလုပ်ဖြစ်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်။ လူတိုင်းက ဦးနှောက်ရှိတယ်။ စဉ်စားဆင်ခြင်တတ်တယ်။ ဒီနေရာမှာ ဒါမျိုးဝတ်ရမယ်ဆိုတာ အားလုံးက သိကြမှာပဲလေ။ ကိုယ်က ဒီဒါမျိုးဝတ်လို့ နေရာတကာ ဒီလိုမျိုးဝတ်ကြမယ်ဆိုရင် သူတို့အဖေ၊အမေတွေက ပြောကြမှာပဲလေ။ ကိုယ့်ကို sexy ငှားလို့ ကိုယ်အလုပ်ဖြစ်လို့ ကိုယ်က ဒီလိုပုံစံမျိုးတွေ ဝတ်ပြီးတက်တာ။ အဲဒါကို သူများတွေက သင်ဇာဝင့်ကျော်လို ဝတ်ပြီး နေရာတကာ လျှောက်သွားနေမယ်ဆိုရင် အဲဒါက ဝတ်တဲ့သူနဲ့ပဲ ဆိုင်မယ်” သင်ဇာဝင့်ကျော်က အကုန်သိသတင်းဌာနကို ပြောပါတယ်။
၂၀၁၈ ခုနှစ် မကုန်ခင်အထိ အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီး သည်းခံပေးလို့ ပြောဆိုခဲ့တာနဲ့ အညီ သူမဟာ ၂၀၁၉ ခုနှစ်ထဲမှာ အရင်ထက် ထိန်းသိမ်းပြီး ဝတ်ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။ သင်ဇာဝင့်ကျော်ဟာ ယခုနောက်ပိုင်းမှာ ပွဲဖိတ်ကြားမှုတွေ များလာတဲ့အတွက် ပွဲတွေပိုတက်ဖြစ်နေပြီး ဖေဖော်ဝါရီလထဲမှာ ဇာတ်ကားကြီးတစ်ကားရိုက်ဖို့ ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

 - မျိုးကေခိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။