Skip to main content
မိသားစုဘ၀ကိုပိုင္ဆိုင္ခ်င္လို႔ အႏုပညာနဲ႔လဲခဲ့ေပမဲ့ ထင္ထားသလိုျဖစ္မလာဘူးလို႔ ဆိုလာတဲ့ ခုိင္ႏွင္းေ၀ 
Ads Block

မိသားစုဘ၀ကိုပိုင္ဆိုင္ခ်င္လို႔ အႏုပညာနဲ႔လဲခဲ့ေပမဲ့ ထင္ထားသလိုျဖစ္မလာဘူးလို႔ ဆိုလာတဲ့ ခုိင္ႏွင္းေ၀ 

သာယာတဲ့မိသားစုဘ၀ေလးပိုင္ဆိုင္ခ်င္လို႔ အႏုပညာအလုပ္နဲ႔လဲလွယ္ခဲ့ေပမဲ့ လက္ေတြ႕မွာေတာ့ထင္သလို ျဖစ္မလာဘူးလို႔ သရုပ္ေဆာင္ခိုင္ႏွင္းေ၀က ေျပာလာပါတယ္။ 
ရုပ္ရွင္သရုပ္ေဆာင္တစ္ဦးအျဖစ္လူသိမ်ားၿပီး အခုေနာက္ပိုင္းမွာဆိုရင္ ပရဟိတလုပ္ငန္းေတြ၊ အလွဴေတြ အၿမဲလုပ္ျဖစ္ေနသူလုိ႔ ပရိသတ္က လက္ခံထားသူတစ္ဦးျဖစ္တဲ့ ခိုင္ႏွင္းေ၀က အကုန္သိသတင္းဌာနကို အခုလိုေျပာျပသြားတာပါ။ 

မိသားစုဘ၀ကိုပိုင္ဆိုင္ခ်င္လို႔ အႏုပညာနဲ႔လဲခဲ့ေပမဲ့ ထင္ထားသလိုျဖစ္မလာဘူးလို႔ ဆိုလာတဲ့ ခုိင္ႏွင္းေ၀


“ အႏုပညာအလုပ္ေတြ နားျဖစ္ခဲ့တာကေတာ့ အစ္မက အိမ္ေထာင္လည္းက်သြားတယ္။ အစ္မတို႔မွာ အဆင္မေျပတဲ့ကိစၥေတြအမ်ားႀကီးရိွလာတဲ့အတြက္ေၾကာင့္ နားျဖစ္ခဲ့တာပါ။ အဓိကကေတာ့ လူတစ္ေယာက္က ကိုယ္ေလွ်ာက္တဲ့လမ္းမွာမွန္တယ္ထင္လုိ႔ေလွ်ာက္ခဲ့ေပမဲ့ အမွားေတြအမ်ားႀကီး ၾကံဳေတြ႕လာႏိုင္တယ္။ အဲဒီတုန္းကဆိုလည္း အစ္မရယ္၊ မနႏၵာတို႔ရဲ႕ေခတ္ေပါ့ေနာ္။ အဲဒီအခ်ိန္တုန္းကဆိုလည္း ဘာပဲျဖစ္ျဖစ္ ကိုယ္ေအာင္ျမင္ေနတဲ့အခ်ိန္ေပါ့ေနာ္။ အစ္မက ငယ္ငယ္တုန္းကတည္းက Broken Family ဆိုေတာ့ မိသားစုတစ္ခုကို အရမ္းလိုခ်င္တယ္။ ကိုယ့္အေဖနဲ႔အေမနဲ႔မွာ မရခဲ့တဲ့အတြက္ေၾကာင့္ ကိုယ့္ဘ၀မွာ တည္ေဆာက္ခ်င္တယ္ေပါ့။ ဒါေပမယ့္ အဲဒီလုိဘ၀မ်ိဳးနဲ႔ အစ္မအႏုပညာကို အမလဲလွယ္ခဲ့တယ္။ လဲလွယ္ခဲ့ေပမဲ့ ကိုယ္ထင္တာျဖစ္မလာဘူး” လို႔ ခိုင္ႏွင္းေ၀က ေျပာပါတယ္။

မိသားစုဘ၀ကိုပိုင္ဆိုင္ခ်င္လို႔ အႏုပညာနဲ႔လဲခဲ့ေပမဲ့ ထင္ထားသလိုျဖစ္မလာဘူးလို႔ ဆိုလာတဲ့ ခုိင္ႏွင္းေ၀


ဒါေပမဲ့ ဘ၀မွာေမွ်ာ္မွန္းထားသလို ျဖစ္မလာတဲ့အတြက္ေၾကာင့္ အမ်ားအက်ိဳးသယ္ပိုးႏိုင္တဲ့ ပရဟိတလုပ္ငန္း ေတြ ဆက္လုပ္ႏုိင္ခဲ့တဲ့အေၾကာင္း၊ အေမျဖစ္သူကို ေသသည္အထိ ဆက္လက္ျပဳစုေစာင့္ေရွာက္သြားမွာ ျဖစ္ေၾကာင္း သူမက ဆက္ေျပာပါတယ္။ 
ခိုင္ႏွင္းေ၀အေနနဲ႔ အႏုပညာလုပ္ငန္းေတြ ျပန္မလုပ္ႏိုင္ေတာ့ဘူးဆိုရင္ေတာင္ တျခားစီးပြားေရးလုပ္ငန္းနဲ႔ ရိုးရိုးသားသားရွာေဖြစားေသာက္မယ္ဆံုးျဖတ္ထားၿပီး ပရဟိတလုပ္ငန္းေတြလည္း ဆက္လုပ္သြားဦးမယ္လို႔ သိရပါတယ္။

- မ်ိဳးေကခိုင္(အကုန္သိ သတင္းဌာန)

Unicode version

မိသားစုဘဝကိုပိုင်ဆိုင်ချင်လို့ အနုပညာနဲ့လဲခဲ့ပေမဲ့ ထင်ထားသလိုဖြစ်မလာဘူးလို့ ဆိုလာတဲ့ ခိုင်နှင်းေ၀ 
သာယာတဲ့မိသားစုဘဝလေးပိုင်ဆိုင်ချင်လို့ အနုပညာအလုပ်နဲ့လဲလှယ်ခဲ့ပေမဲ့ လက်တွေ့မှာတော့ထင်သလို ဖြစ်မလာဘူးလို့ သရုပ်ဆောင်ခိုင်နှင်းဝေက ပြောလာပါတယ်။ 
ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ်လူသိများပြီး အခုနောက်ပိုင်းမှာဆိုရင် ပရဟိတလုပ်ငန်းတွေ၊ အလှူတွေ အမြဲလုပ်ဖြစ်နေသူလို့ ပရိသတ်က လက်ခံထားသူတစ်ဦးဖြစ်တဲ့ ခိုင်နှင်းဝေက အကုန်သိသတင်းဌာနကို အခုလိုပြောပြသွားတာပါ။ 
“ အနုပညာအလုပ်တွေ နားဖြစ်ခဲ့တာကတော့ အစ်မက အိမ်ထောင်လည်းကျသွားတယ်။ အစ်မတို့မှာ အဆင်မပြေတဲ့ကိစ္စတွေအများကြီးရှိလာတဲ့အတွက်ကြောင့် နားဖြစ်ခဲ့တာပါ။ အဓိကကတော့ လူတစ်ယောက်က ကိုယ်လျှောက်တဲ့လမ်းမှာမှန်တယ်ထင်လို့လျှောက်ခဲ့ပေမဲ့ အမှားတွေအများကြီး ကြုံတွေ့လာနိုင်တယ်။ အဲဒီတုန်းကဆိုလည်း အစ်မရယ်၊ မနန္ဒာတို့ရဲ့ခေတ်ပေါ့နော်။ အဲဒီအချိန်တုန်းကဆိုလည်း ဘာပဲဖြစ်ဖြစ် ကိုယ်အောင်မြင်နေတဲ့အချိန်ပေါ့နော်။ အစ်မက ငယ်ငယ်တုန်းကတည်းက Broken Family ဆိုတော့ မိသားစုတစ်ခုကို အရမ်းလိုချင်တယ်။ ကိုယ့်အဖေနဲ့အမေနဲ့မှာ မရခဲ့တဲ့အတွက်ကြောင့် ကိုယ့်ဘဝမှာ တည်ဆောက်ချင်တယ်ပေါ့။ ဒါပေမယ့် အဲဒီလိုဘဝမျိုးနဲ့ အစ်မအနုပညာကို အမလဲလှယ်ခဲ့တယ်။ လဲလှယ်ခဲ့ပေမဲ့ ကိုယ်ထင်တာဖြစ်မလာဘူး” လို့ ခိုင်နှင်းဝေက ပြောပါတယ်။
ဒါပေမဲ့ ဘဝမှာမျှော်မှန်းထားသလို ဖြစ်မလာတဲ့အတွက်ကြောင့် အများအကျိုးသယ်ပိုးနိုင်တဲ့ ပရဟိတလုပ်ငန်း တွေ ဆက်လုပ်နိုင်ခဲ့တဲ့အကြောင်း၊ အမေဖြစ်သူကို သေသည်အထိ ဆက်လက်ပြုစုစောင့်ရှောက်သွားမှာ ဖြစ်ကြောင်း သူမက ဆက်ပြောပါတယ်။ 
ခိုင်နှင်းဝေအနေနဲ့ အနုပညာလုပ်ငန်းတွေ ပြန်မလုပ်နိုင်တော့ဘူးဆိုရင်တောင် တခြားစီးပွားရေးလုပ်ငန်းနဲ့ ရိုးရိုးသားသားရှာဖွေစားသောက်မယ်ဆုံးဖြတ်ထားပြီး ပရဟိတလုပ်ငန်းတွေလည်း ဆက်လုပ်သွားဦးမယ်လို့ သိရပါတယ်။

- မျိုးကေခိုင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။