Skip to main content
ဦးစိန္ရုိး
Ads Block

ဇနီးသည္ ေသဆံုးသြားတဲ့ေနာက္ အေဖာ္မဲ့စြာပဲ ၀မ္းနည္းပူေဆြးေနရရွာတဲ့ ၀ါရင့္လူရႊင္ေတာ္ သရုပ္ေဆာင္ၾကီး ဦးစိန္ရိုး

၀ါရင့္ လူရႊင္ေတာ္သရုပ္ေဆာင္ ဦးစိန္ရိုးက သူ႔ဇနီးျဖစ္သူ ေသဆံုးသြားတဲ့အတြက္ စိတ္မေကာင္းျဖစ္ကာ ၀မ္းနည္းပူေဆြးေနၿပီးေတာ့ အသက္ႀကီးလာၿပီးဆိုေတာ့လည္း က်န္းမာေရးကလည္း ခ်ိဳ႕ယြင္းလာၿပီလုိ႕ေျပာပါတယ္။

ဇနီးျဖစ္သူဟာဆိုရင္ ဇန္န၀ါရီ ၇ ရက္က ဆံုးပါးသြားခဲ့တာျဖစ္ျပီး ဦးစိန္ရုိးကုိယ္တုိင္ကလည္း ဇနီးျဖစ္သူ ဆုံးပါးသြားျခင္းကို မယံုႏုိင္စြာနဲ ့ပဲ ရက္လည္တဲ့အထိ ဇနီးကြယ္လြန္ခဲ့တဲ့ေနရာေလးကေန မထဘဲ ဇနီးျပန္ႏုိးလာမွာဆုိတဲ့ယုံၾကည္ခ်က္နဲ ့ထုိင္ေစာင့္ေနခဲ့တယ္လုိ ့ဦးစိန္ရုိးရဲ ့မိသားစု၀င္ေတြက ေျပာပါတယ္။ ဇနီးျဖစ္သူေသဆံုးသြားလို႔ အရမ္းစိတ္မေကာင္းျဖစ္ေနေၾကာင္းကိုလည္း အကုန္သိသတင္းဌာနရဲ႕ေမးျမန္းမႈကုိ အခုလိုပဲ ေျပာပါတယ္။ “ ငါ့မိန္းမ အဖြားႀကီး ဆုံးသြားတယ္။ စိတ္မေကာင္းဘူး ” ဆိုၿပီး ၀မ္းနည္းပူေဆြးစြာနဲ႕ ဦးစိန္ရုိးက ေျပာပါတယ္။ ဒီစကားကုိေျပာတဲ့အခ်ိန္မွာလည္း သူ ့စကားေတြဟာ ေလးလုံးမကြဲေတာ့ဘဲ ၀မ္းနည္းမႈေတြေရာ ဘ၀ေနာက္ဆုံးအခ်ိန္ေရာက္လာမႈမွာ အေဖာ္မရွိေတာ့တဲ့အေနအထားျဖစ္ေနတာကုိေရာပါ ထင္းကနဲ ျမင္လုိက္ရပါတယ္။ သားျဖစ္သူကလည္း ဦးစိန္ရိုးရဲ႕ က်န္းမာေရးနဲ ့ ပတ္သက္ၿပီးေတာ့ “ သူကို မ်က္စိခဲြတုန္းက ေဆးစစ္ေတာ့လည္း ဘာေရာဂါမွ မေတြ႕ဘူး။ မ်က္စိက ခဲြထားျပီးၿပီ။ နားကလည္း သိပ္မေကာင္းေတာ့ဘူး။ အခုဆိုရင္လည္း မႏၱေလးသြားခ်င္တယ္။ သူ႕သူငယ္ခ်င္းေတြ က်န္ေသးတယ္တဲ့။ သူစိတ္ထြက္ေပါက္၊ သူလုပ္ခ်င္တာကို အကုန္လုိက္လုပ္ေပးေနတယ္ ” လုိ႔ ေျပာပါတယ္။

အခုဆိုရင္ ၀ါရင့္လူရႊင္ေတာ္ သရုပ္ေဆာင္ ဦးေရႊရိုးက အသက္ႀကီးလာေတာ့ အႏုပညာအလုပ္ေတြကိုေတာ့ မလုပ္ေတာ့ပါဘူး။ ဇနီးျဖစ္သူ ေသဆံုးသြားတဲ့အတြက္ေတာ့ အေတာ္ကို စိတ္မေကာင္းျဖစ္ေနတာပါ။ ဒါေပမယ့္ သားသမီးေတြက သူစိတ္တိုင္းက် လုပ္ေပးေနတယ္လုိ႔လည္း သိရပါတယ္။

Unicode Version 

ဝါရင့် လူရွှင်တော်သရုပ်ဆောင် ဦးစိန်ရိုးက သူ့ဇနီးဖြစ်သူ သေဆုံးသွားတဲ့အတွက် စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းပူဆွေးနေပြီးတော့ အသက်ကြီးလာပြီးဆိုတော့လည်း ကျန်းမာရေးကလည်း ချို့ယွင်းလာပြီလို့ပြောပါတယ်။
ဇနီးဖြစ်သူဟာဆိုရင် ဇန်နဝါရီ ၇ ရက်က ဆုံးပါးသွားခဲ့တာဖြစ်ပြီး ဦးစိန်ရိုးကိုယ်တိုင်ကလည်း ဇနီးဖြစ်သူ ဆုံးပါးသွားခြင်းကို မယုံနိုင်စွာနဲ့ပဲ ရက်လည်တဲ့အထိ ဇနီးကွယ်လွန်ခဲ့တဲ့နေရာလေးကနေ မထဘဲ ဇနီးပြန်နိုးလာမှာဆိုတဲ့ယုံကြည်ချက်နဲ့ထိုင်စောင့်နေခဲ့တယ်လို့ဦးစိန်ရိုးရဲ့မိသားစုဝင်တွေက ပြောပါတယ်။ ဇနီးဖြစ်သူသေဆုံးသွားလို့ အရမ်းစိတ်မကောင်းဖြစ်နေကြောင်းကိုလည်း အကုန်သိသတင်းဌာနရဲ့မေးမြန်းမှုကို အခုလိုပဲ ပြောပါတယ်။ “ ငါ့မိန်းမ အဖွားကြီး ဆုံးသွားတယ်။ စိတ်မကောင်းဘူး ” ဆိုပြီး ဝမ်းနည်းပူဆွေးစွာနဲ့ ဦးစိန်ရိုးက ပြောပါတယ်။ ဒီစကားကိုပြောတဲ့အချိန်မှာလည်း သူ့စကားတွေဟာ လေးလုံးမကွဲတော့ဘဲ ဝမ်းနည်းမှုတွေရော ဘဝနောက်ဆုံးအချိန်ရောက်လာမှုမှာ အဖော်မရှိတော့တဲ့အနေအထားဖြစ်နေတာကိုရောပါ ထင်းကနဲ မြင်လိုက်ရပါတယ်။ သားဖြစ်သူကလည်း ဦးစိန်ရိုးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ “ သူကို မျက်စိခွဲတုန်းက ဆေးစစ်တော့လည်း ဘာရောဂါမှ မတွေ့ဘူး။ မျက်စိက ခွဲထားပြီးပြီ။ နားကလည်း သိပ်မကောင်းတော့ဘူး။ အခုဆိုရင်လည်း မန္တလေးသွားချင်တယ်။ သူ့သူငယ်ချင်းတွေ ကျန်သေးတယ်တဲ့။ သူစိတ်ထွက်ပေါက်၊ သူလုပ်ချင်တာကို အကုန်လိုက်လုပ်ပေးနေတယ် ” လို့ ပြောပါတယ်။
အခုဆိုရင် ဝါရင့်လူရွှင်တော် သရုပ်ဆောင် ဦးရွှေရိုးက အသက်ကြီးလာတော့ အနုပညာအလုပ်တွေကိုတော့ မလုပ်တော့ပါဘူး။ ဇနီးဖြစ်သူ သေဆုံးသွားတဲ့အတွက်တော့ အတော်ကို စိတ်မကောင်းဖြစ်နေတာပါ။ ဒါပေမယ့် သားသမီးတွေက သူစိတ်တိုင်းကျ လုပ်ပေးနေတယ်လို့လည်း သိရပါတယ်။

    -  မ်ဳိးေကခုိင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။