Skip to main content
ဂ်ပန္မွာ ကုိယ့္ကိုယ္ကုိယ္ အဆံုးစီရင္မႈက်ဆင္း 
Ads Block

ဂ်ပန္မွာ ကုိယ့္ကိုယ္ကုိယ္ အဆံုးစီရင္မႈက်ဆင္း 

ဂ်ပန္ႏိုင္ငံမွာ၂၀၁၈ ခုႏွစ္ အတြင္း ကိုယ့္ကုိယ္ကိုယ္ အဆုံးစီရင္မႈက်ဆင္းခဲ့ေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ဂ်ပန္နိုင္ငံရဲတပ္ဖြဲ႕ေအဂ်င္စီက ၿပီးခဲ့တဲ့ႏွစ္အတြင္း ဂ်ပန္ႏုိင္ငံမွာ ကိုယ့္ကုိယ္ကိုယ္အဆုံးစီရင္ခဲ့တဲ့သူ ၂၀၅၉၈ ဦး ရွိေၾကာင္းဆုိခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ အတြင္းအဆံုးစီရင္မႈ အေရအတြက္ က ၂၀၁၇ ခုႏွစ္ ကထက္ ၃.၄ ရာခိုင္ႏႈန္း က်ဆင္းခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ၂၀၁၈ ခုႏွစ္အတြင္း အဆုံးစီရင္ၾကတဲ့အထဲမွာ ဂ်ပန္အမ်ိဳးသားေတြေပါင္း ၁၄၀၀၀ ေက်ာ္ရွိၿပီး အမ်ိဳးသမီးေတြထက္ ၂ ဆ ေက်ာ္ ပိုမ်ားခဲ့ေၾကာင္း သိရပါတယ္။

ဂ်ပန္မွာ ကုိယ့္ကိုယ္ကုိယ္ အဆံုးစီရင္မႈက်ဆင္း 

ဂ်ပန္ႏုိင္ငံအတြင္း အဆံုးစီရင္ခဲ့သူေတြမွာ အသက္ ၄၀ အရြယ္ နဲ႔ အသက္ ၅၀ ၾကားအရြယ္ေတြအမ်ားဆံုးျဖစ္ၿပီး အဆံုးစီရင္ခဲ့သူ အားလံုးရဲ႕ ၁၇ ရာခုိင္ႏႈန္းျဖစ္ေၾကာင္း၊ အသက္ ၆၀ အရြယ္ၾကား အဆံုးစီရင္သူက ၁၅ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း သိရပါတယ္။ ဒါအျပင့္ အသက္ ၁၉ ႏွစ္နဲ႔ အသက္ ၁၉ ႏွစ္ေအာက္အရြယ္ေတြလည္း အဆံုးစီရင္မႈရွိခဲ့ၿပီး အဲဒီအရြယ္ေတြရဲ႕ အဆံုးစီရင္မႈက ၿပီးခဲ့တဲ့ႏွစ္ထက္ ျမင့္တက္လာခဲ့ေၾကာင္း သိရပါတယ္။ အဲဒီလိုအဆုံးစီရင္မႈရဲ႕ အမ်ားဆုံးျဖစ္တဲ့ အေၾကာင္းအရင္းက က်န္းမာေရးနဲ႔ ဆက္စပ္တဲ့ကိစၥေတြျဖစ္ေၾကာင္း၊ အဲဒီေနာက္မွာ ေငြေရးေၾကးေရးနဲ႔ မိသားစုအေရးကိစၥေတြ ျဖစ္တယ္လို႔ ဆုိပါတယ္။ ဂ်ပန္ႏုိင္ငံအတြင္း အဆံုးစီရင္မႈ အေရအတြက္ဟာ တစ္ႏွစ္ကို ၃ ေသာင္း ၀န္းက်င္ရွိကာ အဆံုးစီရင္သူဦးေရ ၁၄ ႏွစ္ဆက္တုိက္ျမင့္တက္ခဲ့ေၾကာင္း၊ ၂၀၀၃ ခုႏွစ္မွာ အဆံုးစီရင္သူဟာ တစ္ႏွစ္တည္း ၃၄၄၀၀ ရွိခဲ့ေၾကာင္း သိရပါတယ္။ အစိုးရဲ႕ စီမံခန္႔ခြဲမႈေတြနဲ႔ စီးပြားေရးျပန္ေကာင္းမြန္မႈေတြေၾကာင့္ အဆံုးစီရင္သူ ေလွ်ာ့နည္းလာခဲ့ေၾကာင္း၊ အကူအညီလုိအပ္တဲ့သူေတြကို ဆက္လက္ကူညီေပးသြားမွာျဖစ္ေၾကာင္း ဂ်ပန္သတင္းက ေဖာ္ျပခဲ့ပါတယ္။

- ေကာင္းထက္ (အကုန္သိ သတင္းဌာန)


Unicode version

ဂျပန်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုကျဆင်း 
ဂျပန်နိုင်ငံမှာ၂၀၁၈ ခုနှစ် အတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုကျဆင်းခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲတပ်ဖွဲ့အေဂျင်စီက ပြီးခဲ့တဲ့နှစ်အတွင်း ဂျပန်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တဲ့သူ ၂၀၅၉၈ ဦး ရှိကြောင်းဆိုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အတွင်းအဆုံးစီရင်မှု အရေအတွက် က ၂၀၁၇ ခုနှစ် ကထက် ၃.၄ ရာခိုင်နှုန်း ကျဆင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း အဆုံးစီရင်ကြတဲ့အထဲမှာ ဂျပန်အမျိုးသားတွေပေါင်း ၁၄၀၀၀ ကျော်ရှိပြီး အမျိုးသမီးတွေထက် ၂ ဆ ကျော် ပိုများခဲ့ကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံအတွင်း အဆုံးစီရင်ခဲ့သူတွေမှာ အသက် ၄၀ အရွယ် နဲ့ အသက် ၅၀ ကြားအရွယ်တွေအများဆုံးဖြစ်ပြီး အဆုံးစီရင်ခဲ့သူ အားလုံးရဲ့ ၁၇ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အသက် ၆၀ အရွယ်ကြား အဆုံးစီရင်သူက ၁၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။ ဒါအပြင့် အသက် ၁၉ နှစ်နဲ့ အသက် ၁၉ နှစ်အောက်အရွယ်တွေလည်း အဆုံးစီရင်မှုရှိခဲ့ပြီး အဲဒီအရွယ်တွေရဲ့ အဆုံးစီရင်မှုက ပြီးခဲ့တဲ့နှစ်ထက် မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ အဲဒီလိုအဆုံးစီရင်မှုရဲ့ အများဆုံးဖြစ်တဲ့ အကြောင်းအရင်းက ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ကိစ္စတွေဖြစ်ကြောင်း၊ အဲဒီနောက်မှာ ငွေရေးကြေးရေးနဲ့ မိသားစုအရေးကိစ္စတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံအတွင်း အဆုံးစီရင်မှု အရေအတွက်ဟာ တစ်နှစ်ကို ၃ သောင်း ဝန်းကျင်ရှိကာ အဆုံးစီရင်သူဦးရေ ၁၄ နှစ်ဆက်တိုက်မြင့်တက်ခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ်မှာ အဆုံးစီရင်သူဟာ တစ်နှစ်တည်း ၃၄၄၀၀ ရှိခဲ့ကြောင်း သိရပါတယ်။ အစိုးရဲ့ စီမံခန့်ခွဲမှုတွေနဲ့ စီးပွားရေးပြန်ကောင်းမွန်မှုတွေကြောင့် အဆုံးစီရင်သူ လျှော့နည်းလာခဲ့ကြောင်း၊ အကူအညီလိုအပ်တဲ့သူတွေကို ဆက်လက်ကူညီပေးသွားမှာဖြစ်ကြောင်း ဂျပန်သတင်းက ဖော်ပြခဲ့ပါတယ်။

- ကောင်းထက် (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။