Skip to main content
Ads Block

ေက်ာက္မႈန္႔အိတ္မ်ားတင္ေဆာင္လာသည့္ ၂၂ ဘီးယာဥ္ လမ္းေဘးထိုးက်တိမ္းေမွာက္ကာ ယာဥ္ေမာင္းေသဆုံး

ပဲခူးတိုင္းေဒသႀကီး ေညာင္ေလးပင္ၿမိဳ႕နယ္ အလယ္ရြာေက်းရြာအနီး ရန္ကုန္ - မႏၲေလးကားလမ္း မိုင္တိုင္အမွတ္ ၉၅/၆ ႏွင့္ ၉၅/ ၇ အၾကားတြင္ ဇန္န၀ါရီလ ၁၈ ရက္ နံနက္ ၇ နာရီ အခ်ိန္ခန္႔က ၂၂ ဘီး တြဲယာဥ္တစ္စီး လမ္းေဘးထိုးက် တိမ္းေမွာက္ခဲ့ၿပီး ယာဥ္ေမာင္းသူ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ရန္ကုန္ - မႏၲေလးလမ္းေဟာင္း မိုင္တိုင္အမွတ္ ၉၅/၆ ႏွင့္ ၉၅/၇ အၾကား အလယ္ရြာေက်းရြာအနီးတြင္ ရန္ကုန္ဘက္ မွ မႏၲေလးဘက္သို႔ ယာဥ္ေမာင္း မင္းမင္းထြန္း(၃၄)ႏွစ္ (ဘ) ဦးမာေက်ာ့ ထန္းယဥ္ေတာ ေက်းရြာ၊ ေခ်ာက္ၿမိဳ႕နယ္၊ မေကြးတိုင္း ေဒသႀကီး ေနသူ ေမာင္းႏွင္လာသည့္ ယာဥ္အမွတ္ YGN 5C-8362 ေနာက္တြဲအမွတ္ YGN-TLR 3347 NISSAN DIESEL UD အမ်ိဳးအစား အနက္ေရာင္ (၂၂) ဘီး ေနာက္တြဲယာဥ္သည္ ေက်ာက္မႈန္႔အိတ္မ်ားတင္ေဆာင္ကာ ေမာင္းႏွင္လာစဥ္ လမ္း၏ ဝဲဘက္ ေရေျမာင္းအတြင္းသို႔ အရွိန္မထိန္းႏိုင္ဘဲ ထိုးက်တိမ္းေမွာက္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္းမင္းမင္းထြန္းမွာ ကားေခါင္းအတြင္း ညွပ္မိၿပီး ဒဏ္ရာမ်ားရရိွကာ အခင္းျဖစ္ေနရာတြင္ေသဆုံးခ့ဲေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေညာင္ေလးပင္ၿမိဳ႕မရဲစခန္းမွ သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ၿပီး ယာဥ္ေမာင္း မင္းမင္းထြန္းကို ယာဥ္(ပ) ၂/၂၀၁၉ ရာဇသတ္ႀကီး ပုဒ္၃၀၄(က) အရ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

- ကိုေထြး - ေညာင္ေလးပင္ (အကုန္သိသတင္းဌာန)

 

Unicode version

ကျောက်မှုန့်အိတ်များတင်ဆောင်လာသည့် ၂၂ ဘီးယာဉ် လမ်းဘေးထိုးကျတိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံး

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အလယ်ရွာကျေးရွာအနီး ရန်ကုန် - မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၉၅/၆ နှင့် ၉၅/ ၇ အကြားတွင် ဇန်နဝါရီလ ၁၈ ရက် နံနက် ၇ နာရီ အချိန်ခန့်က ၂၂ ဘီး တွဲယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းသူ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန် - မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၉၅/၆ နှင့် ၉၅/၇ အကြား အလယ်ရွာကျေးရွာအနီးတွင် ရန်ကုန်ဘက် မှ မန္တလေးဘက်သို့ ယာဉ်မောင်း မင်းမင်းထွန်း(၃၄)နှစ် (ဘ) ဦးမာကျော့ ထန်းယဉ်တော ကျေးရွာ၊ ချောက်မြို့နယ်၊ မကွေးတိုင်း ဒေသကြီး နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် YGN 5C-8362 နောက်တွဲအမှတ် YGN-TLR 3347 NISSAN DIESEL UD အမျိုးအစား အနက်ရောင် (၂၂) ဘီး နောက်တွဲယာဉ်သည် ကျောက်မှုန့်အိတ်များတင်ဆောင်ကာ မောင်းနှင်လာစဉ် လမ်း၏ ဝဲဘက် ရေမြောင်းအတွင်းသို့ အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းမင်းမင်းထွန်းမှာ ကားခေါင်းအတွင်း ညှပ်မိပြီး ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ညောင်လေးပင်မြို့မရဲစခန်းမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ယာဉ်မောင်း မင်းမင်းထွန်းကို ယာဉ်(ပ) ၂/၂၀၁၉ ရာဇသတ်ကြီး ပုဒ်၃၀၄(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

- ကိုထွေး - ညောင်လေးပင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။